5 နောက်တစ်နေ့၌ယုဒခေါင်းဆောင်များ၊ အကြီး အကဲများနှင့်ကျမ်းတတ်ဆရာများသည် ယေရုရှလင်မြို့တွင်စုဝေးကြပြီးလျှင်၊- 6 ယဇ်ပုရောဟိတ်မင်းအန္နတ်နှင့်တကွသူ၏ အိမ်ထောင်စုသားများဖြစ်သည့်ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြေုအစရှိသောသူ အပေါင်းတို့နှင့်တွေ့ဆုံတိုင်ပင်ကြ၏။- 7 ထိုသူတို့သည်မိမိတို့ရှေ့တွင်တမန်တော် နှစ်ပါးကိုရပ်စေ၍``သင်တို့သည်မည်သည့် တန်ခိုး၊ မည်သည့်နာမအားဖြင့်ဤအမှု ကိုပြုသနည်း'' ဟုမေးမြန်းကြ၏။
8 ထိုအခါပေတရုသည် သန့်ရှင်းသောဝိညာဉ် တော်ဖြင့်ပြည့်ဝလျက်``လူတို့၏ခေါင်းဆောင် တို့နှင့်အကြီးအကဲတို့၊- 9 ခြေမစွမ်းမသန်သူတစ်ယောက်ကိုကောင်း ကျိုးပြုသည့်အကြောင်း၊ သူစွမ်းသန်လာပုံ အကြောင်းနှင့်ပတ်သက်၍ ယနေ့ငါတို့အစစ် ခံရကြ၏။- 10 နာဇရက်မြို့သားယေရှုခရစ်၏နာမတော် တန်ခိုးအားဖြင့် ထိုသူသည်ခြေစွမ်းသန်လာ ၍ ယခုသင်တို့ရှေ့တွင်ရပ်လျက်နေသည်ကို သင်တို့နှင့်အတူဣသရေလအမျိုးသား အပေါင်းတို့သိမှတ်ကြလော့။ ထိုအရှင် ကားသင်တို့လက်ဝါးကပ်တိုင်ပေါ်မှာတင် ၍သတ်ပြီးနောက် ဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောသူဖြစ်သတည်း။
13 ပေတရုနှင့်ယောဟန်တို့သည်ပညာမတတ် သူ၊ လူသာမန်များသာဖြစ်လျက်နှင့်မည်မျှ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင် တို့တွေ့မြင်ကြသောအခါများစွာအံ့သြ ကြ၏။ ထိုသူနှစ်ဦးတို့သည် သခင်ယေရှု၏ အပေါင်းအဖော်များဖြစ်ခဲ့သည်ကိုလည်း သတိပြုမိကြ၏။- 14 သို့ရာတွင်အနာရောဂါပျောက်ကင်းသွားသူ သည် တမန်တော်တို့နှင့်ရပ်လျက်နေသည်ကို မြင်သဖြင့် သူတို့သည်မည်သို့မျှငြင်းဆို ရန်မတတ်နိုင်ကြ။- 15 သို့ဖြစ်၍တမန်တော်တို့ကိုတရားလွှတ် တော်ထဲမှခေတ္တထွက်ခွာသွားစေပြီးလျှင် ဤသို့တိုင်ပင်ကြ၏။- 16 ``ဤသူတို့အားအသို့ပြုအံ့နည်း။ သူတို့အား ဖြင့်ထူးခြားသောနိမိတ်လက္ခဏာတစ်ရပ်ဖြစ် ပေါ်ခဲ့သည်ကို ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့ကောင်းစွာသိကြ၏။ ငါတို့ငြင်း ဆို၍လည်းမရနိုင်။- 17 သို့သော်လူတို့အထဲတွင်ဤသတင်းပို၍ ပျံ့မသွားစေရန် ထိုသူနှစ်ဦးအားယေရှု၏ နာမကိုအမှီပြု၍ နောက်တစ်ဖန်မည်သူကို မျှမဟောမပြောရန်ကျပ်တည်းစွာသတိ ပေးကြကုန်အံ့။''
18 ထိုနောက်တမန်တော်တို့ကိုပြန်လည်ခေါ်ယူ ကာ သခင်ယေရှု၏နာမတော်ကိုအမှီပြု၍ နောက်တစ်ဖန်ဟောပြောသွန်သင်ခြင်းလုံးဝ မပြုရန်အမိန့်ပေးကြ၏။- 19 သို့ရာတွင်ပေတရုနှင့်ယောဟန်တို့က``ငါ တို့သည်ဘုရားသခင်၏စကားကိုနား ထောင်ရမည်လော။ သို့မဟုတ်သင်တို့၏စကား ကိုနားထောင်ရမည်လော။ ဘုရားသခင်၏ ရှေ့တော်တွင်အဘယ်သူ၏စကားကိုနား ထောင်သင့်ကြောင်း သင်တို့ကိုယ်တိုင်ပင်အဆုံး အဖြတ်ပေးကြလော့။- 20 ငါတို့မူကားမိမိတို့ကြားရမြင်ရသည့် အမှုအရာများအကြောင်းကိုမဟောမ ပြောဘဲမနေနိုင်ပါ'' ဟုပြန်ပြောကြ၏။- 21 ထိုအခါတရားလွှတ်တော်အဖွဲ့ဝင်တို့သည် သူတို့ကိုထပ်မံကျပ်တည်းစွာသတိပေးပြီး နောက်ထွက်ခွာသွားစေကြ၏။ လူအပေါင်း တို့သည်ဖြစ်ပျက်ခဲ့သည့်အမှုအရာကြောင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ချီးကူးလျက်နေကြသဖြင့် တရားလွှတ် တော်အဖွဲ့ဝင်တို့သည်တမန်တော်တို့ကို မည်သို့မျှအပြစ်ဒဏ်မစီရင်နိုင်ကြ။- 22 အံ့သြဖွယ်ကောင်းအောင်ရောဂါပျောက်ကင်း သွားသူကား အသက်လေးဆယ်ကျော်ရှိ သတည်း။
27 ထိုနည်းတူစွာဟေရုဒ်မင်းနှင့်ပုန္တိပိလတ် မင်းတို့သည် လူမျိုးခြားများ၊ ဣသရေလ အမျိုးသားများနှင့်တကွ ကိုယ်တော်၏သန့်ရှင်း မြင့်မြတ်သောအစေခံဖြစ်သူ၊ မေရှိယအဖြစ် ကိုယ်တော်ဘိသိက်ပေးသူ သခင်ယေရှုကို ဆန့်ကျင်ဘက်ပြုရန်ဤမြို့ထဲတွင်စုဝေး ခဲ့ကြပါ၏။-[d] 28 ယင်းသို့ထိုသူတို့စုဝေးကြခြင်းမှာကိုယ်တော် ရှင်၏တန်ခိုးတော်နှင့် အလိုတော်အရခွဲခန့် ပြဋ္ဌာန်းထားတော်မူသမျှသောအရာတို့ကို ဖြစ်ပျက်လာစေရန်ပင်ဖြစ်၏။- 29 အို ထာဝရဘုရား၊ ယခုအခါထိုသူတို့၏ ခြိမ်းခြောက်ခြင်းကိုရှုမှတ်တော်မူပါ။ ကိုယ်တော် ရှင်၏အစေခံတို့အားအရှင့်တရားတော်ကို ရဲရင့်စွာဟောပြောနိုင်ခွင့်ကိုပေးသနားတော် မူပါ။- 30 လူတို့၏အနာရောဂါများကိုပျောက်ကင်း စေရန် ကိုယ်တော်ရှင်၏လက်တော်ကိုဆန့်တော် မူပါ။ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော အစေခံသခင်ယေရှု၏နာမတော်အားဖြင့် နိမိတ်လက္ခဏာနှင့်အံ့သြဖွယ်ရာများကို ပြုတော်မူပါ။''
31 ထိုသို့ဆုတောင်းကြပြီးသောအခါ၌ သူတို့ စုဝေးရာအရပ်သည်တုန်လှုပ်လေ၏။ သူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်ဝ လျက် ဘုရားသခင်၏တရားတော်ကိုရဲရင့် စွာဟောပြောကြ၏။
36 ယောသပ်ဟုနာမည်တွင်သောလူတစ်ယောက် ရှိ၏။ သူ့အားတမန်တော်တို့ကဗာနဗဟူ၍ မှည့်ခေါ်ကြ၏။ (ဗာနဗ၏အနက်ကားအား ပေးကူညီသူဟူ၏။) သူသည်ကုပရုပြည် သား၊ လေဝိအနွယ်ဝင်ဖြစ်၏။- 37 သူသည်မိမိပိုင်သောလယ်ကိုရောင်း၍ငွေ ကိုယူလာပြီးလျှင် တမန်တော်တို့အား ပေးအပ်လေသည်။
<- တမန်တော်ဝတ္ထု 3တမန်တော်ဝတ္ထု 5 ->