1 ဘုရားသခင်၏ရှေ့တော်မှောက်၌လည်းကောင်း သေသူရှင်သူတို့ကိုတရားစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်မှောက်၌လည်း ကောင်း ကိုယ်တော်သည်အုပ်စိုးရန်ဘုရင်အဖြစ် ကြွလာမည်ဖြစ်၍သင့်အားငါသစ္စာပေး၏။- 2 (အချိန်အခါသင့်သည်ဖြစ်စေ၊ မသင့်သည် ဖြစ်စေ) တရားတော်ကိုဟောပြောကြေညာ လော့။ ကြားနာသူတို့အားနားလည်သဘော ပေါက်စေလော့။ ဆုံးမလော့။ အားပေးတိုက်တွန်း လော့။ စိတ်ရှည်စွာသွန်သင်လော့။- 3 လူတို့သည်မှန်ကန်သည့်သြဝါဒကိုနားမ ထောင်ဘဲကိုယ့်အလိုဆန္ဒများကိုလိုက်၍ မိမိ တို့ကြားနာလိုသည့်စကားများပြောဆိုမည့် ဆရာသမားများကိုရှာဖွေကြမည့်အချိန် ကာလရောက်လိမ့်မည်။- 4 သူတို့သည်သမ္မာတရားကိုနားမထောင်ဘဲဒဏ္ဍာ ရီစကားများကိုသာနားထောင်ကြလိမ့်မည်။- 5 သင်မူကားအဘယ်အမှုမျိုးနှင့်ကြုံတွေ့ရ သည်မဆိုသမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခခံ လော့။ သတင်းကောင်းကိုကြေညာသည့်အလုပ် ကိုဆောင်ရွက်လော့။ ဘုရားသခင်၏အစေခံ အနေဖြင့်သင်၏တာဝန်ရှိသမျှကိုထမ်း ဆောင်လော့။
6 ငါသည်မိမိအသက်ကိုပူဇော်ရမည့်အချိန် ကျရောက်လာပြီ။ ဤလောကမှထွက်ခွာရမည့် အချိန်နီးကပ်လာပြီ။- 7 ငါသည်ပြေးပွဲတွင်အစွမ်းကုန်ကြိုးစားခဲ့ပြီ။ တာအဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်း တရားကိုစောင့်ထိန်းခဲ့ပြီ။- 8 ယခုအခါ၌ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံသူအားပေးအပ်သည့်အောင်ဆုသည် ငါ့အတွက်အသင့်ရှိနေပြီ။ ဖြောင့်မတ်စွာ တရားစီရင်တော်မူသောတရားသူကြီး တည်းဟူသောသခင်ဘုရားသည် ထိုဆုကို တရားစီရင်တော်မူရာနေ့၌ငါ့အားပေး အပ်တော်မူလိမ့်မည်။ ငါ့ကိုသာမကဤ လောကသို့နောက်တစ်ဖန်ကိုယ်တော်ပေါ် ထွန်းတော်မူမည်ကိုတောင့်တစောင့်မျှော်သူ အပေါင်းတို့အားလည်းပေးတော်မူလိမ့်မည်။
14 ကြေးပန်းထိမ်ဆရာအာလေဇန္ဒြုသည်ငါ့အား များစွာမကောင်းကျိုးပေးခဲ့၏။ သူပြုသည့်အမှု အတွက်သခင်ဘုရားသည်သူ့အားအပြစ်ဒဏ် စီရင်တော်မူလိမ့်မည်။-[e] 15 သင်ကိုယ်တိုင်သူ့ကိုသတိပြုလော့။ သူသည်ငါတို့ ဟောပြောသောတရားတော်ကိုပြင်းပြင်းထန်ထန် ဆန့်ကျင်ပြောဆိုသူဖြစ်သည်။
16 ငါ၏အမှုကိုပထမအကြိမ်စစ်ဆေးရာတွင် ငါ့ ကိုထောက်ခံရန်အဘယ်သူမျှမလာကြ။ လူတိုင်း ပင်ငါ့ကိုစွန့်ပစ်သွားကြ၏။ ထိုသူတို့ဤသို့ပြု ကြသည်ကိုသခင်ဘုရားသည်သူတို့၏အပြစ် ကိုမှတ်တော်မမူပါစေနှင့်။- 17 သခင်ဘုရားသည်ငါနှင့်အတူရှိတော်မူ၍ငါ့ကို ခွန်အားပေးတော်မူသဖြင့် ငါသည်လူမျိုးခြား အပေါင်းတို့အားတရားတော်ကိုအကုန်အစင် ဟောပြောနိုင်၏။ ကိုယ်တော်ကယ်တော်မူသဖြင့် ငါသည်သေဒဏ်ခံရခြင်းမှကင်းလွတ်ခွင့်ကို လည်းရရှိ၏။- 18 သခင်ဘုရားသည်ငါ့အားဘေးအန္တရာယ် အပေါင်းတို့မှကယ်နုတ်တော်မူ၍မိမိ၏ ကောင်းကင်နိုင်ငံတော်သို့လုံခြုံစွာပို့ဆောင် တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာအဆက် ဆက်ဘုန်းအသရေထွန်းတောက်တော်မူပါ စေသတည်း။ အာမင်။
22 သခင်ဘုရားသည်သင်နှင့်အတူရှိတော်မူ ပါစေသော။ သင်တို့အပေါင်းသည်ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရကြပါစေသော။ တိမောသေသြဝါဒစာဒုတိယစောင်ပြီး၏။
<- ၂ တိ 3