3 ဒါဝိဒ်သည်ယေရုရှလင်မြို့တွင်ရှိသောမိမိ ၏နန်းတော်သို့ရောက်သောအခါ နန်းတော်စောင့် အဖြစ်ထားခဲ့သည့်မောင်းမဆယ်ယောက်ကို ထိန်းသိမ်းလိုက်ပြီးလျှင်အစောင့်နှင့်ထား၏။ သူတို့အတွက်လိုအပ်သောပစ္စည်းအသုံး အဆောင်များကိုပေးတော်မူသော်လည်းမင်း ကြီးသည်သူတို့နှင့်ကိုယ်လက်နှီးနှောမှုကို ပြုတော်မမူ။ သူတို့သည်တစ်သက်လုံး အချုပ်ခံရကာမုဆိုးမများကဲ့သို့ နေထိုင်ရကြ၏။[b]
4 မင်းကြီးသည်အာမသအား``သင်သည်ယုဒ ပြည်သူတို့အားခေါ်ယူစုရုံးစေပြီးလျှင် သန် ဘက်ခါထိုသူတို့နှင့်အတူဤအရပ်သို့ပြန် လာရမည်'' ဟုမိန့်တော်မူ၏။- 5 အာမသသည်ယုဒပြည်သူတို့ကိုခေါ်ယူ ရန်ထွက်ခွာသွားသော်လည်း မင်းကြီးချိန်းဆို သည့်အချိန်၌ပြန်လည်၍ရောက်မလာချေ။- 6 ထို့ကြောင့်မင်းကြီးသည်အဘိရှဲအား``ရှေဘ သည်အဗရှလုံထက်ပင်ပို၍ငါတို့အား ဒုက္ခပေးလိမ့်မည်။ ငါ၏လူတို့ကိုခေါ်၍သူ့ နောက်သို့လိုက်လော့။ သို့မဟုတ်လျှင်သူသည် မြို့ရိုးအခိုင်အမာရှိသည့်မြို့များကိုသိမ်း ယူကာငါတို့လက်မှလွတ်မြောက်သွားလိမ့် မည်'' ဟုမိန့်တော်မူ၏။- 7 သို့ဖြစ်၍ယွာဘ၏လူများ၊ ကိုယ်ရံတော်တပ် သားများနှင့်အခြားတပ်သားအပေါင်းတို့ သည် အဘိရှဲနှင့်အတူရှေဘကိုလိုက်လံ ရှာဖွေရန်ယေရုရှလင်မြို့မှထွက်ခွာကြ လေသည်။- 8 ဂိဗောင်မြို့ရှိကျောက်တုံးကြီးသို့ရောက် သောအခါ သူတို့သည်အာမသနှင့်တွေ့ ဆုံမိကြ၏။ ယွာဘသည်စစ်ပွဲဝင်ရန် အဝတ်တန်ဆာများကိုဝတ်ဆင်ကာ ဋ္ဌား ကိုဋ္ဌားအိမ်တွင်ထည့်၍ခါးပတ်တွင်ချိတ် ထား၏။ သူသည်ရှေ့သို့တိုးလိုက်ရာဋ္ဌား အိမ်မှလျှောကျလာ၏။- 9 ယွာဘသည်အာမသအား``မိတ်ဆွေ၊ ကျန်း မာပါ၏လော'' ဟုဆိုပြီးလျှင်နမ်းရှုပ်ဟန် ပြု၍ညာလက်ဖြင့်အာမသ၏မုတ်ဆိတ် ကိုဆွဲကိုင်ကာ၊- 10 အာမသသတိလစ်နေစဉ်သူ၏ဝမ်းကို လက်ဝဲလက်တွင်ကိုင်ထားသောဋ္ဌားနှင့်ထိုး လိုက်ရာ အူများမြေပေါ်သို့ကျ၍ချက်ချင်း ပင်အာမသသေဆုံးလေ၏။ ထို့ကြောင့် ယွာဘသည်သူ့အားနောက်တစ်ချက်ထပ် ၍ထိုးရန်မလိုတော့ချေ။
14 ရှေဘသည်ဣသရေလအနွယ်ရှိသမျှထံ သို့ လှည့်လည်ပြီးလျှင်အာဗေလဗက်မာခ မြို့သို့ရောက်ရှိလာ၏။ ထိုအခါဗိခရိ[c] သားချင်းစုရှိသမျှတို့သည် သူ့နောက်သို့ လိုက်၍မြို့ထဲသို့ဝင်ကြ၏။- 15 ယွာဘ၏လူတို့သည်လည်းရောက်ရှိလာကြ လျက်မြို့ထဲတွင် ရှေဘခိုနေကြောင်းကြား၍ မြို့ကိုဝိုင်းရံထားကြလေသည်။ သူတို့သည် မြို့အပြင်တံတိုင်းကိုကပ်၍ မြေကတုတ် များဖို့ကာမြို့ရိုးပြိုကျစေရန်တံတိုင်း အောက်မြေကိုတူးကြ၏။- 16 ထိုမြို့ထဲတွင်အသိအလိမ္မာရှိသူအမျိုး သမီးတစ်ယောက်ရှိ၏။ သူက``သင်တို့နား ထောင်ကြလော့။ နားထောင်ကြလော့။ ငါသည် ယွာဘနှင့်စကားပြောလိုသည်။ သူ့အား ဤနေရာသို့ခေါ်ခဲ့ကြလော့'' ဟုမြို့ရိုး ပေါ်မှဟစ်အော်၏။- 17 ယွာဘရောက်ရှိလာသောအခါအမျိုး သမီးက``သင်သည်ယွာဘပေလော'' ဟု မေး၏။
18 အမျိုးသမီးက``အကြောင်းပြီးစေလိုသော် အာဗေလမြို့သို့သွားလော့' ဟုရှေးဆိုရိုး စကားရှိပါ၏။ လူတို့သည်ဤအတိုင်း လည်းပြုခဲ့ကြ၏။- 19 ကျွန်မတို့၏မြို့သည်ကြီးမြတ်သည့်မြို့၊ ဣသရေလပြည်တွင်ငြိမ်းချမ်းမှုကိုအလို လားဆုံး၊ သစ္စာအရှိဆုံးမြို့တစ်မြို့ဖြစ်ပါ၏။ အရှင်သည်ဤမြို့ကိုဖျက်ဆီးရန်အဘယ် ကြောင့်ကြိုးစားနေပါသနည်း။ ဘုရားသခင် ပိုင်တော်မူသောအရာကိုအရှင်ပျက်စီးစေ လိုတော်မူပါသလော'' ဟုမေး၏။
20 ယွာဘက``ထိုသို့မဟုတ်ပါ။ ငါသည်အဘယ် အခါ၌မျှ သင်တို့၏မြို့ကိုဖျက်ဆီးမည် မဟုတ်ပါ။- 21 ဖျက်ဆီးရန်ငါတို့မှာအကြံအစည်လည်း မရှိပါ။ ဧဖရိမ်တောင်ကုန်းဒေသမှဗိခရိ ၏သားရှေဘဆိုသူသည် ဒါဝိဒ်မင်းအား ပုန်ကန်မှုကိုစတင်ပြုလုပ်ခဲ့ပါ၏။ ထိုသူ တစ်ဦးတည်းကိုငါ့အားပေးအပ်ပါမူငါ သည်ဤမြို့မှထွက်ခွာသွားပါအံ့'' ဟု ပြန်ပြောလေ၏။