15 သို့ဖြစ်၍ဣရှဗောရှက်နှင့်ဗင်္ယာမိန်လူမျိုးစုကို ကိုယ်စားပြုသူလူတစ်ဆယ့်နှစ်ယောက်တို့သည် ဒါဝိဒ်၏လူတစ်ဆယ့်နှစ်ယောက်နှင့်စစ်ကစား ကြ၏။- 16 လူတိုင်းပင်မိမိတိုက်ခိုက်ရသူနှင့်အပြန်အလှန် ဦးခေါင်းကိုကိုင်၍ နံဘေးကိုဋ္ဌားနှင့်ထိုးလျက် သူတို့အားလုံးပင်လဲ၍သေကြကုန်၏။ ဤ အကြောင်းကြောင့်ဂိဗောင်နယ်ရှိဤအရပ် ကို``ဋ္ဌားကွင်း'' ဟူ၍ခေါ်ဆိုသမုတ်ကြလေ သည်။
17 ထိုနောက်ပြင်းထန်သောစစ်ပွဲဖြစ်ပွား၍အာဗနာ နှင့်ဣသရေလပြည်သူတို့သည် ဒါဝိဒ်၏လူတို့ လက်တွင်အရေးရှုံးနိမ့်ကြလေသည်။- 18-19 ဇေရုယာ၏သားသုံးယောက်ဖြစ်ကြသောယွာဘ၊ အဘိရှဲနှင့်အာသဟေလတို့သည်တိုက်ပွဲတွင် ပါဝင်ကြ၏။ အာသဟေလသည်ဒရယ်ကဲ့သို့ လျင်မြန်စွာပြေးနိုင်၏။ သူသည်အာဗနာအား တသမတ်တည်းလိုက်လျက်နေ၏။- 20 အာဗနာသည်နောက်သို့လည့်၍ကြည့်ပြီး လျှင်``သင်သည်အာသဟေလလော'' ဟုမေး၏။
21 အာဗနာက``ငါ့ကိုလိုက်မနေနှင့်တော့။ အခြား စစ်သည်တစ်ယောက်ယောက်ကိုလိုက်၍ဖမ်းပြီးမှ သူ့ထံမှရသည့်ပစ္စည်းကိုယူလော့'' ဟုဆို၏။ သို့ ရာတွင်အာသဟေလသည်လိုက်မြဲလိုက်၍ နေ၏။- 22 အာဗနာက``ငါ့ကိုလိုက်မနေနှင့်။ သင့်ကိုငါ မသတ်လိုပါ။ သင့်ကိုသတ်ပြီးလျှင်သင်၏အစ်ကို ယွာဘအားငါအဘယ်သို့မျက်နှာပြနိုင်ပါ မည်နည်း'' ဟုဆို၏။- 23 သို့ရာတွင်အာသဟေလသည်လိုက်မြဲလိုက် သဖြင့် အာဗနာသည်မိမိလှံနှင့်နောက်ပြန်ထိုး လိုက်ရာ လှံသည်အာသဟေလ၏ဝမ်းကိုထုတ် ချင်းဖောက်လေ၏။ အာသဟေလသည်ထိုနေရာ ၌လဲကျသေဆုံးသွား၏။ သူလဲကျရာသို့ ရောက်ရှိလာသူအပေါင်းတို့သည် ရှေ့သို့ဆက် ၍မသွားတော့ဘဲထိုနေရာ၌ပင်ရပ်၍နေ ကြ၏။
24 သို့ရာတွင်ယွာဘနှင့်အဘိရှဲတို့မူကား အာဗနာ ကိုလိုက်လံတိုက်ခိုက်ရန်ထွက်ခွာသွားကြ၏။ သူ တို့သည်နေဝင်ချိန်၌ဂိဗောင်တောကန္တာရသို့ သွားရာလမ်းအနီး၊ ဂိအာမြို့၏အရှေ့ဘက် တွင်ရှိသောအမ္မတောင်ကုန်းသို့ရောက်ကြ၏။- 25 ဗင်္ယာမိန်အနွယ်ဝင်တို့သည်အာဗနာ၏ထံတွင် ပြန်လည်စုရုံးကြပြီးလျှင် တောင်ကုန်းထိပ်တွင် တပ်စွဲနေကြ၏။- 26 အာဗနာကယွာဘအား``ငါတို့သည်အစဉ်အမြဲ ဆက်လက်တိုက်ခိုက်နေရကြပါမည်လော။ နောက်ဆုံး ၌စိတ်နာမှုမှတစ်ပါးအဘယ်အကျိုးမျှရှိမည် မဟုတ်ကြောင်း သင်မသိမမြင်ပါသလော။ ငါတို့ သည်သင်တို့နှင့်တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်သူများဖြစ်ပါ၏။ ငါတို့အားလိုက်လံ တိုက်ခိုက်မှုကိုရပ်စဲကြစေရန် သင်၏လူတို့ အားအမိန့်မပေးဘဲအဘယ်မျှကြာအောင် ဆိုင်းငံ့နေပါဦးမည်နည်း'' ဟုဟစ်အော်၍ ပြော၏။
27 ယွာဘက``အကယ်၍သင်ဤကဲ့သို့မပြောခဲ့ လျှင် ငါ၏လူတို့သည်သင်တို့အားနက်ဖြန်နံ နက်တိုင်အောင် လိုက်လံကြမည်ဖြစ်ကြောင်း အသက်ရှင်တော်မူသောဘုရားသခင်ကို တိုင်တည်၍ငါကျိန်ဆိုပါ၏'' ဟုပြန်ပြော လေ၏။- 28 ထိုနောက်ယွာဘသည်တံပိုးခရာကိုမှုတ် လိုက်ရာသူ၏လူတို့သည် ဣသရေလအမျိုး သားတို့အားလိုက်လံမှုကိုမပြုကြတော့ ချေ။ သို့ဖြစ်၍တိုက်ခိုက်မှုလည်းရပ်စဲသွား လေသည်။
29 အာဗနာနှင့်သူ၏လူတို့သည်တစ်ညလုံး ယော်ဒန်ချိုင့်ဝှမ်းကိုဖြတ်၍သွားကြ၏။ သူတို့ သည်ယော်ဒန်မြစ်ကိုကူး၍ နောက်တစ်နေ့တစ် မနက်လုံးခရီးပြုကြပြီးနောက်မဟာနိမ် မြို့သို့ရောက်ကြ၏။
30 ယွာဘသည်အာဗနာကိုလိုက်လံမှုရပ်စဲစေ ပြီးနောက် မိမိ၏လူအပေါင်းကိုစုရုံးစေ၏။ ထို အခါအာသဟေလအပြင်လူတစ်ဆယ့်ကိုး ယောက်ပျောက်ဆုံးနေသည်ကိုတွေ့ရှိရလေ သည်။- 31 ဒါဝိဒ်၏လူတို့သည်ဗင်္ယာမိန်အနွယ်ဝင် အာဗနာ၏လူပေါင်းသုံးရာခြောက်ဆယ် ကိုသတ်ဖြတ်ခဲ့ကြသတည်း။- 32 ယွာဘတို့လူစုသည်အာသဟေလ၏အလောင်း ကိုယူ၍ ဗက်လင်မြို့ရှိမိသားစုဂူတွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူတို့သည်တစ်ညဥ့်လုံးခရီး ပြုကြရာအရုဏ်တက်ချိန်၌ဟေဗြုန်မြို့သို့ ရောက်ရှိကြ၏။
<- ၂ ရာ 1၂ ရာ 3 ->