5 ယွာဘသည်ဘုရင့်အိမ်တော်သို့သွား၍``ယနေ့ အရှင်သည်အရှင်၏အသက်ကိုလည်းကောင်း၊ အရှင့်သားသမီး၊ မိဖုရားမောင်းမတို့၏ အသက်ကိုလည်းကောင်းကယ်ဆယ်သော အရှင့်လူတို့အားချီးမြှင့်မည့်အစား ရှုတ်ချတော်မူလေပြီ။- 6 အရှင်သည်မိမိအားချစ်မြတ်နိုးသူတို့ကို ဆန့်ကျင်ဘက်ပြု၍ အရှင့်အားမုန်းသူတို့ကို ထောက်ခံအားပေးတော်မူပြီ။ မိမိ၏တပ်မှူး များနှင့်တပ်သားများအားမည်သို့မျှပမာဏ မပြုကြောင်းထင်ရှားစေတော်မူပြီ။ ယခု အခါ၌အကျွန်ုပ်တို့အားလုံးသေ၍အဗ ရှလုံအသက်ရှင်လျက်နေမည်ဆိုပါမူ အရှင်အားရဝမ်းမြောက်တော်မူမည် ဖြစ်ကြောင်းအကျွန်ုပ်သိမြင်နိုင်ပါ၏။- 7 ယခုအရှင်ကြွတော်မူ၍အရှင်၏လူတို့ အားမေတ္တာစကားကိုမိန့်တော်မူပါ။ ထိုသို့ အရှင်ပြုတော်မမူပါလျှင်နက်ဖြန်နံနက် ၌ထိုသူတို့အနက်တစ်ဦးတစ်ယောက်မျှ အရှင်နှင့်အတူရှိနေတော့မည်မဟုတ် သဖြင့် အရှင့်တစ်သက်တွင်အဆိုးရွား ဆုံးသောဘေးအန္တရာယ်နှင့်တွေ့ကြုံရမည် ဖြစ်ကြောင်းကို အကျွန်ုပ်သည်ထာဝရ ဘုရား၏နာမတော်ကိုတိုင်တည်၍ကျိန် ဆိုပါ၏'' ဟုလျှောက်လေ၏။- 8 ထိုအခါမင်းကြီးသည်ထပြီးလျှင်မြို့ တံခါးအနီးသို့သွား၍ထိုင်တော်မူ၏။ လူ တို့သည်ထိုအရပ်တွင်မင်းကြီးရှိတော်မူ ကြောင်းကြားသောအခါအထံတော်သို့ ချဉ်းကပ်လာကြ၏။
11 ဤသို့ဣသရေလအမျိုးသားတို့ပြောဆို နေကြသည့်သတင်းသည် ဒါဝိဒ်ထံသို့ ရောက်ရှိလာ၏။ ``အဘယ်ကြောင့်သင်တို့ သည်မိမိတို့ဘုရင်အားနန်းတော်သို့ပြန် လည်ခေါ်ဆောင်ရန် ဣသရေလအမျိုး သားတို့ထက်နောက်ကျလျက်နေကြပါ သနည်း။- 12 သင်တို့သည်ငါ၏ဆွေမျိုး၊ ငါ၏သွေးသား များဖြစ်ကြ၏။ ငါ့အားပြန်လည်ခေါ်ဆောင် ရန်အဘယ်ကြောင့်နောက်ကျနေရပါသနည်း'' ဟုမေးမြန်းစေရန်ယဇ်ပုရောဟိတ်ဇာဒုတ် နှင့်အဗျာသာတို့ကိုယုဒခေါင်းဆောင် များထံသို့စေလွှတ်တော်မူ၏။- 13 ထို့ပြင်အာမသအား``သင်သည်ငါ၏ဆွေမျိုး ဖြစ်၏။ ယခုအချိန်မှစ၍သင့်အားယွာဘ ၏နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ငါ ခန့်ထားပြီ။ ယင်းသို့ငါမပြုပါမူဘုရားသခင်သည်ငါ့အားအဆုံးစီရင်တော်မူပါ စေသော'' ဟုပြောကြားရန်လည်းမှာတော်မူ လိုက်၏။- 14 ဒါဝိဒ်၏စကားကြောင့်ယုဒပြည်သူပြည် သားအပေါင်းတို့၏စိတ်ကိုညွှတ်စေသဖြင့် သူတို့က``မင်းကြီးနှင့်မှူးမတ်အပေါင်းတို့ ပြန်ကြွတော်မူပါ'' ဟုလျှောက်စေကြ၏။
15 အပြန်ခရီးတွင်မင်းကြီးအားမြစ်တစ်ဘက် ကမ်းသို့ပို့ဆောင်ပေးရန် ဂိလဂါလမြို့သို့ လာရောက်ကြသည့်ယုဒပြည်သားတို့ သည်ယော်ဒန်မြစ်မှနေ၍ခရီးဦးကြို ပြုကြလေသည်။- 16 ထိုအချိန်၌ပင်လျှင်ဂေရ၏သား၊ ဗာဟု ရိမ်မြို့သားဗင်္ယာမိန်အနွယ်ဝင်ရှိမိသည် လည်း ဒါဝိဒ်မင်းကိုကြိုဆိုရန်ယော်ဒန်မြစ် သို့အလျင်အမြန်လာရောက်၏။-[a] 17 သူနှင့်အတူဗင်္ယာမိန်အနွယ်ဝင်လူပေါင်း တစ်ထောင်ပါ၏။ ထို့ပြင်ရှောလုမိသားစု ၏အစေခံဇိဘသည်လည်းမိမိ၏သား တစ်ဆယ့်ငါးယောက်၊ အစေခံနှစ်ဆယ်နှင့် အတူလာရောက်လေသည်။ သူတို့သည်မင်း ကြီး၏အလျင်ယော်ဒန်မြစ်သို့ရောက်ရှိ ကြ၏။- 18 သူတို့သည်ဘုရင့်အိမ်တော်သားတို့ကို မြစ်တစ်ဘက်သို့ပို့ဆောင်ပေးရန်နှင့် မင်း ကြီးအလိုရှိရာကိုဆောင်ရွက်ပေးရန် မြစ်ကိုကူးကြ၏။
21 ဇေရုယာ၏သားအဘိရှဲက``ရှိမိအားသေ ဒဏ်ပေးသင့်ပါသည်။ သူသည်ထာဝရဘုရား ဘိသိက်ပေးတော်မူသောဘုရင်ကိုကျိန်ဆဲ သူဖြစ်ပါ၏'' ဟုလျှောက်၏။
22 သို့ရာတွင်ဒါဝိဒ်သည် အဘိရှဲနှင့်သူ၏ အစ်ကိုယွာဘအား``သင်တို့ထင်မြင်ချက် ကိုအဘယ်သူတောင်းခံပါသနည်း။ သင် တို့သည်ငါ့ကိုဒုက္ခပေးလိုကြပါသလော။ ငါသည်ကားယခုအခါဣသရေလဘုရင် ဖြစ်လေပြီ။ ထို့ကြောင့်အဘယ်ဣသရေလ အမျိုးသားကိုမျှမသတ်ရကြ'' ဟု ဆိုပြီးလျှင်၊- 23 ရှိမိအား``သင်သည်သေဒဏ်ခံရမည်မဟုတ် ကြောင်းငါကတိပြု၏'' ဟုမိန့်တော်မူ၏။
26 မေဖိဗောရှက်က``အရှင်မင်းကြီး၊ အရှင်သိ တော်မူသည့်အတိုင်းအကျွန်ုပ်သည်ခြေဆွံ့ သူဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်နှင့်အတူ မြည်းစီး၍လိုက်နိုင်ရန်မြည်းကိုကုန်းနှီး အတင်ခိုင်းသော်လည်းအကျွန်ုပ်၏အစေခံ သည်အကျွန်ုပ်အားလှည့်စားပါ၏။- 27 သူသည်အကျွန်ုပ်အကြောင်းကိုလည်းမင်း ကြီးအားလိမ်လည်လျှောက်ထားပါ၏။ သို့ ရာတွင်အရှင်သည်ထာဝရဘုရား၏ကောင်း ကင်တမန်ကဲ့သို့ဖြစ်သဖြင့် မိမိမှန်ကန် သည်ဟုအရှင်ထင်မြင်တော်မူသည့်အတိုင်း ပြုတော်မူပါ၏။- 28 အကျွန်ုပ်ခမည်းတော်၏အိမ်ထောင်စုသား အပေါင်းတို့သည် အရှင်၏လက်တွင်ကွပ်မျက် ခြင်းကိုခံထိုက်သူများဖြစ်ပါ၏။ သို့သော် လည်းအရှင်သည်အကျွန်ုပ်အားအရှင့်စား တော်ပွဲတွင်စားသောက်ခွင့်ကိုပေးတော်မူ ပါ၏။ အရှင်မင်းကြီးထံမှအဘယ်အရာ ကိုမျှထပ်မံအသနားခံရန်မရှိတော့ ပါ'' ဟုလျှောက်လေ၏။
29 မင်းကြီးက``သင်နောက်ထပ်ပြောဆိုရန်မလို တော့ပြီ။ ရှောလု၏ဥစ္စာပစ္စည်းများကိုသင်နှင့် ဇိဘတစ်ဝက်စီယူကြရန်ငါဆုံးဖြတ်ပြီး ဖြစ်သည်'' ဟုမိန့်တော်မူ၏။
30 မေဖိဗောရှက်ကလည်း``အားလုံးသူ့ကိုပင် ပေးတော်မူပါ။ အရှင်မင်းကြီးကောင်းမွန် ချောမောစွာပြန်လည်ရောက်ရှိခြင်းနှင့်ပင် လျှင်အကျွန်ုပ်ကျေနပ်လျက်နေပါ၏'' ဟု လျှောက်၏။
34 သို့ရာတွင်ဗာဇိလဲက``အကျွန်ုပ်သည်ကြာ ကြာအသက်ရှင်ရတော့မည်မဟုတ်ပါ။ အ ဘယ်ကြောင့်အရှင်မင်းကြီးနှင့်ယေရုရှလင် မြို့သို့လိုက်ရပါမည်နည်း။- 35 အကျွန်ုပ်သည်အသက်ရှစ်ဆယ်ရှိပါပြီ။ အဘယ်အမှုတွင်မျှပျော်မွေ့နှစ်သက် ခြင်းမရှိတော့ပါ။ စားသောက်သည့်အစား အစာ၏အရသာကိုလည်းမသိနိုင်တော့ ပါ။ သီချင်းသံကိုလည်းမကြားနိုင်ပါ။ အ ကျွန်ုပ်သည်အရှင်မင်းကြီးအတွက်ဝန်လေး မည်သာဖြစ်ပါ၏။- 36 ဤသို့ကြီးမြတ်သည့်ဆုလာဘ်တော်နှင့်လည်း မထိုက်မတန်ပါ။ သို့သော်အကျွန်ုပ်သည် ယော်ဒန်မြစ်ကိုဖြတ်ကူးပြီးလျှင် အရှင် နှင့်အတူအနည်းငယ်လိုက်ပါမည်။- 37 မိဘတို့၏သင်္ချိုင်းအနီးတွင်သေနိုင်ရန် အကျွန်ုပ်အားအိမ်သို့ပြန်ခွင့်ပြုတော်မူပါ။ ဤသူသည်အကျွန်ုပ်၏သားခိမဟံဖြစ် ပါ၏။ အရှင်မင်းကြီး၊ သူ့အားခေါ်ဆောင် သွားပြီးနောက်သူ့အတွက်အရှင်အလိုတော် ရှိသည့်အတိုင်းပြုတော်မူပါ'' ဟုလျှောက်၏။
38 မင်းကြီးကလည်း``ငါသည်သူ့ကိုခေါ်သွား ပြီးလျှင်သင်အလိုရှိသည့်အတိုင်းသူ့အတွက် ဆောင်ရွက်ပေးမည်။ သင်၏အတွက်သင်တောင်း လျှောက်သည့်အတိုင်းငါပြုမည်'' ဟုပြန်လည် မိန့်ကြားတော်မူ၏။- 39 ထိုနောက်ဒါဝိဒ်နှင့်သူ၏လူအပေါင်းတို့သည် ယော်ဒန်မြစ်ကိုဖြတ်ကူးကြ၏။ မင်းကြီးသည် ဗာဇိလဲအားနမ်းရှုပ်ပြီးလျှင်ကောင်းချီးပေး တော်မူ၏။ ထိုနောက်ဗာဇိလဲသည်မိမိနေရပ် သို့ပြန်လေ၏။
42 ယုဒပြည်သားတို့က``မင်းကြီးသည်ငါတို့ အနွယ်ဝင်ဖြစ်သဖြင့် ငါတို့ထိုသို့ပြုကြ ခြင်းဖြစ်၏။ သို့ဖြစ်၍သင်တို့သည်အဘယ် ကြောင့်အမျက်ထွက်ရကြပါသနည်း။ ငါ တို့သည်မင်းကြီး၏ရိက္ခာတော်ကိုစား၍ ဆုလာဘ်တော်ကိုခံယူပါသလော'' ဟု ပြန်ပြောကြ၏။
43 ဣသရေလပြည်သားအပေါင်းတို့က``ဒါဝိဒ် မင်းသည်သင်တို့ပြောသည့်အတိုင်းသင်တို့ အနွယ်ဝင်ပင်ဖြစ်စေကာမူ ငါတို့သည်သင် တို့ထက်ဆယ်ဆပို၍သူ့အားပိုင်ဆိုင်ခွင့်ရှိ ပါ၏။ သင်တို့သည်အဘယ်ကြောင့်ငါတို့ အားအထင်သေးကြပါသနည်း။ အမှန် စင်စစ်မင်းကြီးအားပြန်လည်ဖိတ်ခေါ်ရန် ဦးစွာပထမပြောဆိုကြသူများကား ငါတို့ပင်ဖြစ်ပါ၏'' ဟုဆို၏။