5 အဗရှလုံက``ယခုဟုရှဲကိုခေါ်ခဲ့ကြ။ သူ ၏အကြံကိုလည်းနားထောင်ကြစို့'' ဟု ဆို၏။- 6 ဟုရှဲရောက်လာသောအခါအဗရှလုံ က``အဟိသောဖေလပေးသောအကြံမှာ ဤသို့ဖြစ်၏။ ထိုအကြံအတိုင်းငါတို့ လိုက်သင့်ပါသလော။ မလိုက်သင့်ပါမူငါ တို့အဘယ်သို့ပြုရမည်ကိုပြောပါ လော့'' ဟုဆို၏။
7 ဟုရှဲက``ယခုတစ်ကြိမ်အရှင့်အား အဟိ သောဖေလပေးသည့်အကြံမှာမသင့် လျော်ပါ။- 8 အရှင်၏ခမည်းတော်ဒါဝိဒ်နှင့်သူ၏လူတို့ သည်စစ်ရည်ဝသူများဖြစ်သည်ကိုလည်း ကောင်း၊ သူတို့သည်သားငယ်ပျောက်သည့်ဝက် ဝံမကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်ကို လည်းကောင်းအရှင်သိတော်မူပါ၏။ အရှင့် ခမည်းတော်သည်အတွေ့အကြုံများသည့် စစ်သည်တော်တစ်ဦးဖြစ်သဖြင့် ညဥ့်အခါ မိမိ၏လူတို့နှင့်အတူအိပ်စက်တော်မမူ တတ်ပါ။- 9 ယခုပင်လျှင်သူသည်ဂူတစ်ခုခု၌ဖြစ် စေ၊ အခြားတစ်နေရာရာ၌ဖြစ်စေပုန်း အောင်းလျက်နေပါလိမ့်မည်။ ဒါဝိဒ်က စတင်တိုက်ခိုက်သည်နှင့်တစ်ပြိုင်နက် အရှင်၏လူအချို့တို့ကျဆုံးကြပါ လိမ့်မည်။ ထိုသတင်းကိုကြားသောသူ တို့က အရှင်၏လူတို့အရေးရှုံးနိမ့်ကြ ပြီဟုပြောဆိုကြပါလိမ့်မည်။- 10 ထိုအခါခြင်္သေ့ကဲ့သို့ကြောက်စိတ်ကင်း၍ ရဲစွမ်းသတ္တိအရှိဆုံးသောသူများပင်လျှင် ထိတ်လန့်သွားကြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်အရှင့်ခမည်းတော်သည်သူရဲကောင်း ကြီးတစ်ယောက်ဖြစ်၍ သူ၏စစ်သည်တော် တို့သည်လည်းစစ်ရည်ဝသူများဖြစ်သည် ကို ဣသရေလအမျိုးသားတစ်ရပ်လုံးသိ ကြသောကြောင့်ဖြစ်ပါ၏။- 11 အရှင့်အားအကျွန်ုပ်အကြံပေးလိုသည်မှာ သမုဒ္ဒရာသဲလုံးနှင့်အမျှများပြားသော ဣသရေလအမျိုးသားအပေါင်းကိုနိုင်ငံ တစ်စွန်းမှတစ်စွန်းတိုင်ခေါ်ယူစေရန်ဖြစ် ပါ၏။ ထိုနောက်သူတို့အားအရှင်ကိုယ်တိုင် ခေါင်းဆောင်၍စစ်ပွဲသို့ဝင်တော်မူပါ။- 12 ဒါဝိဒ်ရှိရာအရပ်ကိုမတွေ့တွေ့အောင် ရှာ၍ အကျွန်ုပ်တို့သည်သူ့အားရုတ်တရက် အမှတ်မထင်ဝင်ရောက်တိုက်ခိုက်ကြပါ မည်။ သူမှစ၍သူ၏လူတစ်စုံတစ်ယောက် မျှမသေဘဲကျန်ရစ်လိမ့်မည်မဟုတ်ပါ။- 13 အကယ်၍သူသည်မြို့တစ်မြို့အတွင်း သို့ဆုတ်ခွာသွားလျှင် အကျွန်ုပ်တို့၏လူ များသည်ကြိုးများကိုယူဆောင်ကာတောင် ကုန်းပေါ်တွင်ကျောက်တစ်လုံးမျှမကျန်ဘဲ ထိုမြို့ကိုချိုင့်ဝှမ်းအောက်သို့ဆွဲချကြ ပါမည်'' ဟုလျှောက်၏။
14 အဗရှလုံနှင့်ဣသရေလအမျိုးသား အပေါင်းတို့က``ဟုရှဲ၏အကြံသည်အဟိ သောဖေလ၏အကြံထက်ကောင်း၏'' ဟု ဆိုကြ၏။ အဗရှလုံ၌ဘေးရောက်စေခြင်း ငှာ ထာဝရဘုရားသည်အဟိသောဖေလ ပေးသောအကြံကောင်းကိုပျက်စေရန် စီရင်တော်မူသတည်း။
17 ဇာဒုတ်၏သားယောနသန်နှင့်အဗျာသာ ၏သားအဟိမတ်တို့သည်လူမြင်မည်စိုး ၍ မြို့ထဲမဝင်ဝံ့ဘဲအင်္ရောဂေလရွာတွင် စောင့်နေကြ၏။ ဒါဝိဒ်ထံသို့သူတို့ယူ ဆောင်ရန်သတင်းကိုအစေခံမကလေး တစ်ယောက်ကလာရောက်ပေးပို့သည့်အတိုင်း သူတို့သည်ဒါဝိဒ်ထံသို့သွား၍လျှောက် ကြ၏။- 18 သို့ရာတွင်ယခုတစ်ကြိမ်၌လူကလေး တစ်ယောက်သည် သူတို့ကိုမြင်သဖြင့်အဗ ရှလုံအားလျှောက်ထားလေ၏။ ထို့ကြောင့် ယောနသန်နှင့်အဟိမတ်တို့သည်ဗာဟု ရိမ်မြို့ရှိအိမ်တစ်အိမ်သို့အဆောတလျင် သွားပြီးလျှင် ထိုအိမ်အနီးရှိရေတွင်းထဲ သို့ဆင်း၍ပုန်းကြ၏။- 19 အိမ်ရှင်မသည်ရေတွင်းကိုဖုံးအုပ်ပြီးလျှင် မည်သူမျှမရိပ်မိစေရန်အဖုံးပေါ်တွင် ဆန်လှန်း၍ထားလေသည်။- 20 အဗရှလုံ၏အမှုထမ်းတို့သည်ထိုအိမ် သို့လာရောက်၍ထိုအမျိုးသမီးအား``အဟိ မတ်နှင့်ယောနသန်အဘယ်မှာနည်း'' ဟု မေး၏။
23 အဟိသောဖေလသည်မိမိပေးသည့် အကြံကိုမလိုက်ကြကြောင်းသိရှိသော အခါ မြည်းကိုကုန်းနှီးတင်၍မိမိနေရင်း မြို့သို့ပြန်လေ၏။ သူသည်မိမိ၏အမှု ကိစ္စအဝဝကိုစီစဉ်ဆောင်ရွက်ပြီးနောက် ကြိုးဆွဲချ၍သေလေ၏။ သူ့အလောင်းကို သက်ဆိုင်ရာဆွေမျိုးစုသင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။
24 အဗရှလုံနှင့် ဣသရေလအမျိုးသားတို့ သည်ယော်ဒန်မြစ်တစ်ဘက်ကမ်းသို့ကူးမိ ကြသောအခါ ဒါဝိဒ်သည်မဟာနိမ်မြို့ သို့ရောက်ရှိနေလေပြီ။- 25 (အဗရှလုံသည်အာမသအားယွာဘ၏ နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့် ထား၏။ အာမသကားဣရှမေလအမျိုး သားယေသာ၏သားဖြစ်၏။ သူ၏မိခင်မှာ နာဟတ်၏သမီး၊ ယွာဘ၏မိခင်ဇေရုယာ ၏ညီမအဘိဂဲလဖြစ်သတည်း။-) 26 အဗရှလုံနှင့်နောက်ပါအပေါင်းတို့သည် ဂိလဒ်ပြည်တွင်တပ်စခန်းချကြ၏။
27 မဟာနိမ်မြို့သို့ဒါဝိဒ်ရောက်ရှိလာသော အခါအမ္မုန်ပြည်၊ ရဗ္ဗာမြို့သားနာဟတ်၏ သားရှောဘိ၊ လောဒေဗာမြို့သားအမျေလ ၏သားမာခိရနှင့်ဂိလဒ်ပြည်ရောဂေလိမ် မြို့သားဗာဇိလဲတို့သည်သူ၏ထံလာ ရောက်တွေ့ဆုံကြ၏။- 28-29 တောကန္တာရ၌ဒါဝိဒ်နှင့်နောက်ပါတို့သည် အစာရေစာငတ်မွတ်လျက်၊ နွမ်းနယ်လျက် နေကြမည်ကိုသူတို့သိသောကြောင့် ခွက် ဖလားများ၊ မြေအိုးများ၊ အိပ်ရာများ၊ ဂျုံ ဆန်၊ မုယောဆန်၊ မုန့်ညက်၊ ပေါက်ပေါက်၊ ပဲတောင့်၊ ပဲကြား၊ ပျားရည်၊ ဒိန်ခဲ၊ မလိုင်နှင့်သိုးများ ကိုယူဆောင်လာကြ၏။
<- ၂ ရာ 16၂ ရာ 18 ->