3 ခုနစ်နှစ်စေ့သောအခါသူသည်ဣသရေလ ပြည်သို့ပြန်လာပြီးလျှင် မင်းကြီးထံသို့သွား ၍မိမိ၏အိမ်နှင့်မြေကိုပြန်လည်ပေးသနား တော်မူရန်လျှောက်ထား၏။- 4 ထိုအချိန်၌မင်းကြီးသည်ဧလိရှဲ၏အစေခံ ဂေဟာဇိနှင့်ဆွေးနွေးဆဲဖြစ်၏။ မင်းကြီးသည် ဧလိရှဲပြခဲ့သည့်နိမိတ်လက္ခဏာများအ ကြောင်းကိုကြားသိလို၏။- 5 သို့ဖြစ်၍ဂေဟာဇိသည်သေသူအား အဘယ်သို့ ဧလိရှဲရှင်ပြန်စေကြောင်းကိုသံတော်ဦးတင် လျက်နေ၏။ ထိုအချိန်၌ရှုနင်မြို့သူသည်ရောက် ရှိလာ၍ မင်းကြီးအားအသနားခံခြင်းဖြစ်၏။ ဂေဟာဇိကမင်းကြီးအား``အရှင်မင်းကြီး၊ ဧလိရှဲအသက်ရှင်ပြန်စေသောသူငယ်နှင့် မိခင်မှာဤသူတို့ပင်ဖြစ်ကြပါ၏'' ဟု လျှောက်၏။- 6 မင်းကြီးကဂေဟာဇိ၏စကားမှန်မမှန် ကိုမေးမြန်းတော်မူသောအခါ အမျိုးသမီး က``မှန်ပါသည်'' ဟုလျှောက်၏။ သို့ဖြစ်၍မင်း ကြီးသည်အမတ်တစ်ယောက်ကိုခေါ်၍``ဤ အမျိုးသမီးအဝေးသို့ရောက်ရှိနေခဲ့သည့် ခုနစ်နှစ်အတွင်း သူ၏လယ်များမှထွက်သည့် အသီးအနှံတန်ဖိုးအပါအဝင်သူပိုင် ဆိုင်ခဲ့သမျှကိုသူ့အားပြန်၍ပေးစေ'' ဟုအမိန့်ပေးတော်မူ၏။
10 ဧလိရှဲက``မင်းကြီးသည်ကွယ်လွန်မည်ဖြစ် ကြောင်း ငါ့အားထာဝရဘုရားဖော်ပြတော် မူပြီ။ သို့ရာတွင်သူသည်ပြန်လည်ကျန်းမာ လာလိမ့်မည်ဟုသူ့အားပြောကြားလော့'' ဟုဆို၏။- 11 ထိုနောက်ဧလိရှဲသည်ဟာဇေလအားအနေ ခက်စေသည့်တိုင်အောင် ထိတ်လန့်သည့်အမူ အရာဖြင့်စိုက်၍ကြည့်ပြီးလျှင်ငိုလေ၏။- 12 ဟာဇေလက``အရှင်၊ အဘယ်ကြောင့်ငိုပါ သနည်း'' ဟုမေး၏။
13 ဟာဇေလက``အကျွန်ုပ်သည်မရေရာသူ တစ်ဦးဖြစ်ပါသည်။ အဘယ်သို့လျှင်ဤ မျှတန်ခိုးကြီးနိုင်ပါမည်နည်း'' ဟုမေး၏။
14 ဟာဇေလသည်ဗင်္ဟာဒဒ်ထံသို့ပြန်ရောက်သော အခါ မင်းကြီးက``ဧလိရှဲအဘယ်သို့အမိန့် ရှိသနည်း'' ဟုမေးတော်မူလျှင်
16-17 ဣသရေလဘုရင်အာဟပ်၏သားတော်ယောရံ ၏နန်းစံငါးနှစ်မြောက်၌ ယောရှဖတ်၏သားတော် ယဟောရံသည်အသက်သုံးဆယ့်နှစ်နှစ်ရှိသော အခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၏။ သူ သည်ယေရုရှလင်မြို့တွင်ရှစ်နှစ်မျှနန်းစံရ၏။- 18 သူ၏မိဖုရားမှာအာဟပ်၏သမီးဖြစ်သဖြင့် မင်းကြီးသည်အာဟပ်မင်းမျိုးတို့ကဲ့သို့ ဣသ ရေလဘုရင်များ၏ဒုစရိုက်လမ်းစဉ်ကို လိုက်လျှောက်လေသည်။ သူသည်ထာဝရဘုရား အားပြစ်မှား၏။- 19 သို့သော်လည်းထာဝရဘုရားသည် ဒါဝိဒ်အား``သင် ၏သားမြေးတို့ကိုထာဝစဉ်အုပ်စိုးစေမည်'' ဟု ပြုခဲ့သည့်ကတိတော်ကိုထောက်၍ ယုဒပြည် ကိုဖျက်ဆီးရန်အလိုတော်မရှိချေ။[c]
20 ယဟောရံနန်းစံနေချိန်၌ဧဒုံပြည်သည် ယုဒ ပြည်ကိုပုန်ကန်၍လွတ်လပ်သောနိုင်ငံဖြစ်လာ လေသည်။-[d] 21 သို့ဖြစ်၍ယဟောရံသည်မိမိ၏စစ်ရထား အလုံးအရင်းနှင့် ဇာဣရမြို့သို့ချီတက်တော် မူရာထိုအရပ်တွင် ဧဒုံတပ်မတော်၏ဝိုင်းရံ ခြင်းကိုခံရလေသည်။ မင်းကြီးနှင့်စစ်ရထား မှူးတို့သည် ယင်းသို့ဝိုင်းရံမှုကိုချိုးဖောက်လွတ် မြောက်သွားကြ၏။ သူ၏စစ်သည်တော်တို့သည် မိမိတို့နေရပ်သို့ကစဥ့်ကရဲထွက်ပြေး ကြကုန်၏။- 22 ထိုအခါမှအစပြု၍ယခုတိုင်ဧဒုံပြည် သည် ယုဒသြဇာခံမဟုတ်တော့ဘဲလွတ်လပ် သောနိုင်ငံဖြစ်လာလေသည်။ ထိုအချိန်ကာလ ၌လိဗနမြို့သည်လည်းပုန်ကန်လေ၏။
23 ယဟောရံလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာရှိသမျှတို့ကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။- 24 ယဟောရံကွယ်လွန်သောအခါသူ့ကိုဒါဝိဒ် မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက် သားတော်အာခဇိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
25 အာဟပ်၏သားတော်၊ ဣသရေလဘုရင်ယောရံ ၏နန်းစံတစ်ဆယ့်နှစ်နှစ်မြောက်၌ ယုဒပြည် ဘုရင်အဖြစ်ယဟောရံ၏သားအသက်နှစ် ဆယ့်နှစ်နှစ်ရှိအာခဇိနန်းတက်၏။- 26 သူသည်ယေရုရှလင်မြို့တွင်တစ်နှစ်မျှအုပ် စိုးရ၏။ သူ၏မယ်တော်မှာဣသရေလဘုရင် သြမရိ၏မြေးအာသလိဖြစ်၏။- 27 အာခဇိသည်အာဟပ်မင်းနှင့်အိမ်ထောင်ရေး အရဆွေမျိုးတော်စပ်သဖြင့် အာဟပ်မင်းအိမ် ထောင်စုနည်းတူထာဝရဘုရားအားပြစ်မှား လေသည်။
28 ဣသရေလဘုရင်ယောရံနှင့်ရှုရိဘုရင် ဟာဇေလတို့စစ်ဖြစ်ကြသောအခါ အာခဇိ ကယောရံ၏ဘက်မှဝင်၍တိုက်ခိုက်လေသည်။ ဂိလဒ်ပြည်ရာမုတ်မြို့တွင် တိုက်ပွဲဖြစ်ပွားရာ ယောရံသည်ဒဏ်ရာများရရှိသဖြင့်၊- 29 အနာကိုကုသရန်ယေဇရေလမြို့သို့ပြန် လေ၏။ အာခဇိသည်လည်းသူ့ကိုကြည့်ရှုရန် ထိုမြို့သို့သွားလေ၏။
<- ၄ ရာ 7၄ ရာ 9 ->