7 ဣသရေလဘုရင်သည်ထိုစာကိုရသောအခါ အဝတ်တော်ကိုဆုတ်လျက်``ငါသည်ဤသူ၏ ရောဂါကိုပျောက်ကင်းစေလိမ့်မည်ဟုအဘယ် သို့ရှုရိမင်းမျှော်လင့်နိုင်ပါသနည်း။ ငါသည် အသက်ကိုပေးပိုင်နုတ်ပိုင်သောတန်ခိုးနှင့်ပြည့် စုံသည့်ဘုရားဖြစ်ပါသလော။ သူသည်ငါ့အား ရန်ရှာသည်မှာထင်ရှားပါသည်တကား'' ဟု ဆို၏။
8 ပရောဖက်ဧလိရှဲသည်ဤအဖြစ်အပျက်ကို ကြားသိသောအခါ``အဘယ်ကြောင့်အရှင်သည် ဤမျှစိတ်အနှောက်အယှက်ဖြစ်တော်မူရပါ သနည်း။ ဣသရေလပြည်တွင်ပရောဖက်ရှိ ကြောင်းသိစေရန် သူ့အားငါ့ထံသို့လွှတ် လိုက်ပါလော့'' ဟုမင်းကြီးအားမှာလိုက်လေ သည်။
9 သို့ဖြစ်၍နေမန်သည်မြင်းများကသည့်ရထား ကိုစီး၍ ဧလိရှဲ၏အိမ်အဝင်ဝသို့လာရောက် ရပ်တန့်၏။- 10 ဧလိရှဲကသူ့အား``သင်သည်ယောဒန်မြစ်တွင် ခုနစ်ကြိမ်တိုင်တိုင်ရေချိုးပါလျှင် သင်၏ရောဂါ လုံးဝပျောက်ကင်းသွားပါလိမ့်မည်'' ဟုအစေခံ ကိုလွှတ်၍ပြောကြားစေ၏။- 11 သို့ရာတွင်နေမန်သည်ပြင်းစွာအမျက်ထွက် လျက်``သူသည်ယုတ်စွအဆုံးငါ့ထံသို့ထွက်လာ ပြီးလျှင် မိမိ၏ဘုရားသခင်ထာဝရဘုရား ထံသို့ဆုတောင်းကာ ရောဂါရှိသည့်နေရာတွင် တောင်ဝှေးကိုဝှေ့ရမ်းခြင်းအားဖြင့် ငါ၏ရောဂါ ကိုပျောက်ကင်းစေလိမ့်မည်ဟုငါထင်မှတ်၏။- 12 ထို့ပြင်ဒမာသက်မြို့ရှိအာဗနမြစ်နှင့်ဖာဖာ မြစ်တို့သည် ဣသရေလမြစ်ရှိသမျှထက်ပို၍ ကောင်းသဖြင့် ထိုမြစ်တို့တွင်ရေချိုး၍ရောဂါ ကိုပျောက်ကင်းနိုင်သည်မဟုတ်လော'' ဟုဆို၍ ပြန်လေသည်။
13 သူ၏အစေခံတို့သည် သူ့ထံသို့ချဉ်းကပ်၍``အရှင်၊ အကယ်၍ပရောဖက်ကအရှင့်အားခက်ခဲသည့် အမှုတစ်စုံတစ်ခုကိုပြုလုပ်ခိုင်းပါက အရှင် နာခံမည်မဟုတ်ပါလော။ `ရေချိုး၍ရောဂါပျောက် ကင်းလော့' ဟုခိုင်းသည်ကိုပို၍နာခံသင့်သည် မဟုတ်ပါလော'' ဟုလျှောက်ထားကြ၏။- 14 သို့ဖြစ်၍နေမန်သည်ယော်ဒန်မြစ်သို့ဆင်းပြီး လျှင် ဧလိရှဲညွှန်ကြားခဲ့သည့်အတိုင်း ခုနစ်ကြိမ် တိုင်တိုင်မိမိကိုယ်ကိုရေတွင်နှစ်လိုက်သောအခါ ရောဂါလုံးဝပျောက်ကင်းသွားလေသည်။ သူ၏ အသားအရေသည်ကလေးသူငယ်၏အသား အရေကဲ့သို့တောင့်တင်းစိုပြေလာ၏။- 15 သူသည်မိမိ၏နောက်လိုက်နောက်ပါအပေါင်းနှင့် အတူ ဧလိရှဲထံသို့ပြန်သွားပြီးလျှင်'' ဣသရေလ အမျိုးသားတို့၏ဘုရားမှတစ်ပါး အခြားဘုရား မရှိကြောင်းကိုယခုအကျွန်ုပ်သိပါပြီ။ သို့ဖြစ်၍ အရှင်၊ အကျွန်ုပ်ပေးလှူသောလက်ဆောင်ကိုလက်ခံ တော်မူပါ'' ဟုပြော၏။
16 ဧလိရှဲက``ငါသည်လက်ဆောင်ကိုလက်ခံမည် မဟုတ်ကြောင်း ငါကိုးကွယ်သည့်အသက်ရှင်တော် မူသောထာဝရဘုရားကိုတိုင်တည်ပြော၏'' ဟု ဆို၏။
19 ထိုအခါဧလိရှဲက``အေးချမ်းစွာသွားပါလော့'' ဟုဆိုသဖြင့် နေမန်သည်ထွက်ခွာသွားလေ၏။
22 ဂေဟာဇိက``မရှိပါ။ သို့ရာတွင်ကျွန်တော်၏သခင် က ယခုပင်ဧဖရိမ်တောင်ကုန်းဒေသမှပရောဖက် နှစ်ပါးရောက်ရှိလာသဖြင့် သူတို့အတွက်ငွေသား သုံးထောင်နှင့်ဝတ်စုံနှစ်စုံကိုအရှင့်ထံမှတောင်းခံ ရန် ကျွန်တော်အားစေလွှတ်လိုက်ပါသည်'' ဟုဖြေ၏။
23 နေမန်က``ကျေးဇူးပြု၍ငွေသားခြောက်ထောင်ယူ ပါလော့'' ဟုတိုက်တွန်းပြီးလျှင်ထိုငွေကိုအိတ်နှစ် လုံးတွင်ထည့်၍ ဝတ်စုံနှစ်စုံနှင့်အတူမိမိ၏ အစေခံနှစ်ယောက်အားပေးအပ်ကာဂေဟာဇိ ရှေ့မှထမ်းယူသွားစေ၏။- 24 သူတို့သည်ဧလိရှဲနေထိုင်ရာတောင်ကုန်းသို့ရောက် သောအခါ ဂေဟာဇိသည်အိတ်နှစ်လုံးကိုယူ၍အိမ် ထဲသို့သယ်ဆောင်သွားလေသည်။ ထိုနောက်နေမန်၏ အစေခံများအားပြန်၍လွှတ်လိုက်၏။- 25 သူသည်အိမ်ထဲသို့ပြန်၍ဝင်လာသောအခါဧလိ ရှဲက``အဘယ်သို့သွားနေပါသနည်း'' ဟုမေး၏။
26 သို့ရာတွင်ဧလိရှဲက``သင်နှင့်တွေ့ဆုံရန်ထိုသူ ရထားပေါ်မှဆင်းရာအရပ်သို့ ငါ၏စိတ်ဝိညာဉ် သည်ရောက်ရှိခဲ့သည်မဟုတ်လော။ ဤအချိန်သည် ငွေ၊ အထည်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုး၊ နွား၊ အစေခံများကိုခံယူရန်အချိန်မဟုတ်။- 27 ယခုနေမန်၏ရောဂါသည်သင့်အပေါ်သို့သက် ရောက်၍ သင်နှင့်သင့်သားမြေးတို့၌ထာဝစဉ်စွဲ ကပ်နေလိမ့်မည်'' ဟုဆို၏။ ဂေဟာဇိထွက်သွား ချိန်၌ထိုရောဂါစွဲကပ်သဖြင့် သူ၏ကိုယ်သည် မိုးပွင့်ကဲ့သို့ဖြူလျက်နေ၏။
<- ၄ ရာ 4၄ ရာ 6 ->