2 ဧလိရှဲက``သင်၏အတွက် ငါအဘယ်သို့ပြုရ ပါမည်နည်း။ သင်၏အိမ်တွင်အဘယ်ပစ္စည်းဥစ္စာ ရှိပါသနည်း။ ငါ့အားပြောလော့'' ဟုဆို၏။ မုဆိုးမက``သံလွင်ဆီအိုးကလေးတစ်လုံး မှတစ်ပါး အခြားအဘယ်အရာမျှမရှိပါ'' ဟုဖြေကြား၏။
3 ဧလိရှဲက``သင်၏အိမ်နီးချင်းများထံသို့ သွား၍ အိုးလွတ်ရနိုင်သမျှကိုငှားရမ်းလော့။- 4 ထိုနောက်သင်နှင့်သင်၏သားတို့သည် အိမ်ထဲသို့ ဝင်၍တံခါးကိုပိတ်ပြီးလျှင် ငှားရမ်းထားသည့် အိုးများပြည့်အောင်ဆီကိုလောင်းထည့်ကြလော့။ ဆီပြည့်သည်နှင့်တစ်ပြိုင်နက် တစ်အိုးပြီးတစ် အိုးဖယ်၍ထားကြလော့'' ဟုဆို၏။
5 သို့ဖြစ်၍ထိုမုဆိုးမသည် မိမိ၏သားများကို ခေါ်၍ အိမ်ထဲသို့ဝင်ကာတံခါးကိုပိတ်ပြီးလျှင် သူ၏သားများယူဆောင်လာသောအိုးများ ထဲသို့ဆီလောင်းထည့်လေသည်။- 6 ထိုအိုးများအားလုံးဆီပြည့်သောအခါ မုဆိုးမက``အိုးလွတ်ကျန်သေးသလော'' ဟု သားတို့အားမေး၏။ သားတစ်ယောက်က``မကျန် တော့ပါ'' ဟုဆိုလိုက်သည်နှင့်ဆီထွက်ရပ်လေ၏။- 7 မုဆိုးမသည်ပရောဖက်ဧလိရှဲထံသို့ပြန် လာသောအခါ ပရောဖက်က``ဆီကိုရောင်းချ၍ အကြွေးရှိသမျှကိုဆပ်ပြီးနောက် ကျန်ငွေဖြင့် သင်နှင့်သားများအသက်မွေးကြလော့'' ဟု ပြော၏။
11 တစ်နေ့သ၌ဧလိရှဲသည် ရှုနင်မြို့သို့ပြန်လာ ပြီးလျှင် နားနေရန်မိမိ၏အခန်းသို့သွား၏။- 12 သူသည်မိမိ၏အစေခံဂေဟာဇိအား အိမ်ရှင် အမျိုးသမီးကိုအခေါ်ခိုင်းလေသည်။ ထို အမျိုးသမီးရောက်ရှိလာသောအခါ၊- 13 ဂေဟာဇိအား``ဤအမျိုးသမီးသည် ငါတို့ အားဤမျှဒုက္ခခံ၍လုပ်ကျွေးပြုစုသည့် အတွက် ငါတို့အဘယ်သို့ကျေးဇူးတုံ့ပြန် ရပါမည်နည်း။ သူ့အားမေးကြည့်ပါလော့။ သူသည်မိမိ၏အတွက်ငါ့အားဘုရင့်ထံ တော်သို့သော်လည်းကောင်း၊ တပ်မတော်ဗိုလ်ချုပ် ထံသို့သော်လည်းကောင်း သွားရောက်ပြောကြား ပေးရန်အလိုရှိကောင်းရှိပေလိမ့်မည်'' ဟု ဆို၏။
14 ထိုနောက်ဧလိရှဲသည်ဂေဟာဇိအား``ထိုအမျိုး သမီးကို ငါတို့အဘယ်သို့ကျေးဇူးပြုပါမည် နည်း'' ဟုမေးပြန်၏။
15 ဧလိရှဲက``ထိုအမျိုးသမီးကို ဤနေရာသို့ ခေါ်ခဲ့လော့'' ဟုအမိန့်ရှိသည့်အတိုင်း အမျိုး သမီးသည်လာ၍တံခါးဝတွင်ရပ်လျက်နေ၏။- 16 ထိုအခါဧလိရှဲက``သင်သည်နောင်နှစ်ခါ ဤအချိန်၌သားကိုချီပိုက်ရလိမ့်မည်'' ဟုပြော၏။
17 သို့ရာတွင်နောင်တစ်နှစ်ဤအချိန်လောက်၌ အမျိုး သမီးသည်သားယောကျာ်းကိုဖွားမြင်လေသည်။
18 နှစ်အနည်းငယ်ကြာသောအခါကောက်ရိတ်ချိန် တစ်ခုသောနံနက်ခင်း၌ သူငယ်သည်လယ်ထဲ တွင်ကောက်ရိတ်သမားများနှင့်အတူရှိသည့် ဖခင်ထံသို့သွားရောက်ပြီးနောက်၊- 19 ရုတ်တရက်``ခေါင်းကိုက်သည်၊ ခေါင်းကိုက်သည်၊'' ဟု ဆို၏။
23 ခင်ပွန်းဖြစ်သူက``အဘယ်ကြောင့်ယနေ့သွား လိုပါသနည်း။ ယနေ့သည်ဥပုသ်နေ့မဟုတ်။ လဆန်းပွဲနေ့လည်းမဟုတ်''[b] ဟုဆို၏။
28 အမျိုးသမီးက``အရှင်၊ ကျွန်မသည်အရှင့်ထံ တွင်သားဆုကိုတောင်းပါသလော။`အချည်းနှီး ကျွန်မမျှော်လင့်၍မနေပါရစေနှင့်' ဟုအရှင့် အားပြောကြားခဲ့သည်မဟုတ်ပါလော'' ဟု ဆို၏။
29 ဧလိရှဲသည်ဂေဟာဇိ၏ဘက်သို့လှည့်၍``ငါ ၏တောင်ဝှေးကိုယူ၍အလျင်အမြန်သွားလော့။ လမ်းတွင်မည်သူ့ကိုမျှနှုတ်မဆက်နှင့်။ သင့်အား နှုတ်ဆက်သူရှိလျှင်လည်းပြန်၍ဖြေမနေနှင့်။ အိမ်သို့အရောက်သွား၍သူငယ်၏အပေါ်တွင် ငါ၏တောင်ဝှေးကိုတင်ထားလော့'' ဟုစေခိုင်း လေသည်။
30 အမျိုးသမီးကဧလိရှဲအား``အသက်ရှင် တော်မူသောထာဝရဘုရားနှင့်အရှင်၏အပေါ် တွင်ကျွန်မထားရှိသောကျေးဇူးသစ္စာကိုတိုင် တည်၍ အရှင်မပါကကျွန်မသွားမည်မဟုတ် ပါ'' ဟုပြော၏။ သို့ဖြစ်၍ဧလိရှဲသည်ထ၍ သူနှင့်အတူလိုက်သွားလေသည်။- 31 ဂေဟာဇိသည်ရှေ့မှသွားနှင့်ပြီးလျှင်ဧလိရှဲ ၏တောင်ဝှေးကိုကလေး၏အပေါ်တွင်တင်ထား၏။ သို့ရာတွင်သူငယ်ထံမှအသံကိုမကြားရ။ အသက်ရှင်သည့်လက္ခဏာကိုလည်းမတွေ့ရ သဖြင့်ဂေဟာဇိသည်ဧလိရှဲကိုပြန်၍ ကြိုဆိုကာ``သူငယ်မနိုးပါ'' ဟုပြော၏။
32 ဧလိရှဲသည်အိမ်သို့ရောက်သောအခါတစ်ကိုယ် တည်းအခန်းထဲသို့ဝင်၍ ကုတင်ပေါ်တွင်သေနေ သောသူငယ်ကိုတွေ့လေ၏။- 33 သူသည်တံခါးကိုပိတ်ပြီးလျှင်ထာဝရဘုရား အားဆုတောင်းလေ၏။- 34 ထိုနောက်သူငယ်၏အပေါ်တွင်မှောက်လျက်နှုတ်ချင်း၊ မျက်စိချင်း၊ လက်ချင်းထပ်၍ထား၏။ ယင်းသို့ သူငယ်၏အပေါ်တွင်မှောက်၍နေသောအခါ သူငယ်၏ကိုယ်ခန္ဓာသည်နွေးစပြုလာ၏။-[c] 35 ဧလိရှဲသည်ထ၍အခန်းထဲတွင်စင်္ကြံလျှောက် ပြီးနောက် သူငယ်၏အပေါ်တွင်တစ်ဖန်မှောက်၍ နေပြန်၏။ သူငယ်သည်ခုနစ်ကြိမ်ချေဆတ်ပြီး နောက်မျက်စိဖွင့်၏။- 36 ဧလိရှဲသည်ဂေဟာဇိအားသူငယ်၏မိခင်ကို အခေါ်ခိုင်း၏။ အမျိုးသမီးရောက်လာသောအခါ ဧလိရှဲကသူ့အား``ဤမှာသင်၏သား'' ဟုဆို၏။- 37 အမျိုးသမီးသည်ဧလိရှဲ၏ခြေရင်းတွင်ပျပ်ဝပ် ပြီးလျှင် မိမိ၏သားကိုချီ၍ထွက်ခွာသွားလေ သည်။
42 အခြားအခါတစ်ပါး၌လည်းလူတစ်ယောက်သည် ထိုနှစ်ပေါ်မုယောကောက်ဦးနှင့်လုပ်သောမုန့်အလုံး နှစ်ဆယ်ကိုဧလိရှဲအတွက် ဗာလရှလိရှမြို့မှ ယူဆောင်လာ၏။ ဧလိရှဲသည်ပရောဖက်တို့ကို ထိုအစားအစာဖြင့်ဧည့်ခံရန်မိမိ၏အစေခံ အားပြော၏။- 43 သို့ရာတွင်အစေခံက``လူတစ်ရာကိုဤမျှလောက် နှင့်ကျွေးနိုင်ပါမည်လော'' ဟုဆို၏။ ဧလိရှဲက``ထို အစားအစာကို ဤသူတို့ကိုကျွေးလော့။ ထာဝရ ဘုရားက`သူတို့သည်ဝစွာစားရကြသည့်အပြင် စားစရာအချို့ပင်ကျန်ကြွင်းလိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုပြန်ပြောလေသည်။- 44 သို့ဖြစ်၍အစေခံသည်ပရောဖက်တို့အား ထို အစားအစာကိုတည်ခင်းကျွေးမွေးရာထာဝရ ဘုရားဗျာဒိတ်တော်နှင့်အညီ ထိုသူတို့အား လုံးဝစွာစားရကြပြီးနောက်စားစရာ အချို့ပင်ကျန်ကြွင်းသေးသည်။
<- ၄ ရာ 3၄ ရာ 5 ->