4 မောဘဘုရင်မေရှာသည်သိုးများကိုမွေးမြူကာ နှစ်စဉ်နှစ်တိုင်းဣသရေလဘုရင်အားသိုးငယ် အကောင်တစ်သိန်းကိုလည်းကောင်း၊ သိုးကြီးအ ကောင်တစ်သိန်းမှရရှိသောသိုးမွေးကိုလည်း ကောင်း အခွန်ဘဏ္ဍာအဖြစ်ဆက်သလေ့ရှိ၏။- 5 သို့ရာတွင်ဣသရေလဘုရင်အာဟပ်ကွယ်လွန် သွားသောအခါ မေရှာသည်ဣသရေလပြည် ကိုပုန်ကန်လေ၏။- 6 ယောရံမင်းသည်ချက်ချင်းပင်ရှမာရိမြို့မှ ထွက်၍ စစ်သည်တော်တို့ကိုစုရုံး၏။- 7 ယုဒဘုရင်ယောရှဖတ်ထံသို့သံတမန်စေ လွှတ်၍``မောဘမင်းသည်အကျွန်ုပ်ကိုပုန်ကန် လေပြီ။ သို့ဖြစ်၍သူ့အားတိုက်ခိုက်ရန်အဆွေ တော်သည် အကျွန်ုပ်နှင့်အတူစစ်ပွဲဝင်ပါ မည်လော'' ဟုမေးမြန်း၏။
9 သို့ဖြစ်၍ဣသရေလဘုရင်၊ ယုဒဘုရင်နှင့်ဧဒုံ ဘုရင်တို့သည်ထွက်ခွာသွားကြရာ ခုနစ်ရက်မျှ ကြာသောအခါတပ်သားများအတွက်သော် လည်းကောင်း၊ ဝန်တင်တိရစ္ဆာန်များအတွက်သော် လည်းကောင်းသောက်သုံးရန်ရေကုန်သွားသဖြင့်၊- 10 ယောရံမင်းက``ငါတို့အခက်ကြုံပြီ။ ထာဝရ ဘုရားသည် ငါတို့မင်းသုံးပါးကိုမောဘဘုရင် ၏လက်သို့အပ်တော်မူလေပြီတကား'' ဟုဆို၏။
11 ယောရှဖတ်မင်းက``ထာဝရဘုရားအားမေး လျှောက်ပေးမည့်ပရောဖက်တစ်ပါးမျှ ဤအရပ် တွင်မရှိပါသလော'' ဟုမေး၏။
12 ယောရှဖတ်မင်းက``ထိုသူသည်ပရောဖက်အစစ် အမှန်ဖြစ်ပေသည်'' ဟုဆိုသဖြင့်မင်းသုံးပါး တို့သည်ဧလိရှဲထံသို့သွားကြ၏။
13 ဧလိရှဲကဣသရေလဘုရင်အား``အဘယ် ကြောင့်သင့်အား ငါကူညီရပါမည်နည်း။ သင် ၏ခမည်းတော်၊ မယ်တော်တို့၏အတိုင်ပင်ခံ ပရောဖက်များထံသို့သွား၍တိုင်ပင်ပါလော့'' ဟုဆို၏။
14 ဧလိရှဲက``ငါကိုးကွယ်လျက်နေသောအနန္တ တန်ခိုးရှင်ထာဝရဘုရား အသက်ရှင်တော်မူ သည့်အတိုင်းအကယ်၍ငါသည်ယုဒဘုရင် ယောရှဖတ်၏မျက်နှာတော်ကိုသာမထောက် ခဲ့သော်သင့်အားလှည့်၍ပင်ကြည့်မည်မဟုတ် ပါ။- 15 ယခုငါ့ထံသို့စောင်းသမားတစ်ဦးကို ခေါ်ခဲ့ပါလော့'' ဟုဆို၏။
20 နောက်တစ်နေ့နံနက်ယဇ်ပူဇော်နေကျအချိန်၌ ရေသည်ဧဒုံပြည်ဘက်မှစီးဆင်းလာပြီးလျှင် မြေပြင်ကိုဖုံးလွှမ်းလေ၏။
21 ဘုရင်သုံးပါးတို့စစ်ချီလာကြကြောင်းမောဘ ပြည်သားတို့သိရှိလာကြသောအခါ သူတို့သည် လက်နက်ကိုင်ဆောင်နိုင်သူအကြီးဆုံးမှအငယ် ဆုံးတိုင်အောင် ရှိသမျှသောလူတို့ကိုစုရုံးစေ ၍ နယ်စပ်တွင်နေရာယူစေကြ၏။- 22 နောက်တစ်နေ့နံနက်သူတို့အိပ်ယာမှနိုးထချိန်၌ နေသည်ရေပေါ်တွင်အရောင်ဟပ်သဖြင့် ရေကို သွေးကဲ့သို့နီမြန်းသောအသွင်ကိုဆောင်စေ၏။- 23 မောဘပြည်သားတို့က``သွေးတွေပါတကား။ ရန်သူ့ တပ်မတော်သုံးခုသည်အချင်းချင်းတိုက်ခိုက်သတ် ဖြတ်ကြလေပြီ။ ငါတို့သွား၍သူတို့၏တပ်စခန်း ကိုလုယက်ကြကုန်အံ့'' ဟုကြွေးကြော်ကြ၏။
24 သို့ရာတွင်ထိုတပ်စခန်းသို့သူတို့ရောက်ရှိလာ ကြသောအခါ ဣသရေလအမျိုးသားတို့က သူတို့အားတိုက်ခိုက်နှင်ထုတ်ကြလေသည်။ ဣသရေလအမျိုးသားတို့သည်မောဘပြည် သားတို့အား ဆက်လက်လိုက်လံသတ်ဖြတ်ပြီး လျှင်သူတို့၏မြို့များကိုဖျက်ဆီးကြ၏။- 25 မြေကောင်းမြေသန့်ကိုတွေ့ရှိသည့်အခါတိုင်း ဣသရေလအမျိုးသားတို့သည်ကိုယ်စီကိုယ်ငှ ကျောက်ခဲတစ်လုံးစီပစ်ချကြသဖြင့် နောက်ဆုံး ၌ထိုမြေတို့ကိုကျောက်ခဲများဖြင့်ဖုံးအုပ်စေ ကြ၏။ စမ်းရေတွင်းရှိသမျှကိုလည်းပိတ်ဆို့၍ သစ်သီးပင်များကိုလည်းခုတ်လှဲကြ၏။ နောက် ဆုံး၌ကိရဟရက်မြို့တော်သာလျှင်ကျန်တော့ သဖြင့် လောက်လွှဲတပ်သားတို့သည်ထိုမြို့ကို ဝိုင်းရံတိုက်ခိုက်ကြ၏။
26 မောဘဘုရင်သည်မိမိရှုံးနိမ့်လျက်ရှိကြောင်း ကိုသိသောအခါ ဋ္ဌားကိုင်စစ်သူရဲခုနစ်ရာကို ခေါ်၍ရန်သူ၏တပ်ကိုထိုးဖောက်ပြီးလျှင် ရှုရိ ဘုရင်ထံသို့ထွက်ပြေးရန်အားထုတ်လေသည်။ သို့ရာတွင်မအောင်မြင်ချေ။- 27 ထို့ကြောင့်သူသည်မိမိ၏အရိုက်အရာဆက်ခံ မည့်သားဦးကိုမြို့ရိုးပေါ်တွင် မောဘဘုရားအား ယဇ်ပူဇော်လေ၏။ ထိုအခါဣသရေလအမျိုး သားတို့သည်ကြောက်လန့်၍ မောဘအမျိုးသား တို့၏ဘုရားတစ်ခုခုပြုလုပ်မည်ကိုကြောက် သောကြောင့်လည်းကောင်း၊ သို့မဟုတ်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား တစ်ခုခုပြုလုပ်မည်ကိုကြောက်ကြသဖြင့် လည်းကောင်း ထိုမြို့မှဆုတ်ခွာ၍မိမိတို့ပြည် သို့ပြန်ကြကုန်၏။
<- ၄ ရာ 2၄ ရာ 4 ->