1 ဣသရေလပြည်ဘုရင်ယေဟုမင်း၏နန်း စံခုနစ်နှစ်မြောက်တွင် ယောရှသည်ယုဒပြည် ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်နန်းစံလေသည်။ သူ၏မယ် တော်ကားဗေရရှေဘမြို့သူဇိဗိဖြစ်၏။- 2 သူသည်ယဇ်ပုရောဟိတ်ယောယဒ၏သွန် သင်မှုကိုခံယူရရှိသဖြင့် တစ်သက်လုံး ထာဝရဘုရားနှစ်သက်တော်မူသော အမှုများကိုပြု၏။- 3 သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများ ကိုမူကား မဖျက်မသိမ်းဘဲထားသဖြင့် ပြည်သူတို့သည်ထိုအရပ်များတွင်ယဇ် ပူဇော်၍နံ့သာပေါင်းကိုမီးရှို့ကြသေး၏။
4 ယောရှသည်ယဇ်ပုရောဟိတ်တို့ကိုခေါ်ပြီး လျှင် ဗိမာန်တော်အတွင်း၌ယဇ်ပူဇော်မှုနှင့် ပတ်သက်၍ရရှိသည့်ငွေများ၊ ယဇ်ကောင် များအတွက်ပေးချေငွေများနှင့် စေတနာ အလျောက်ပေးလှူငွေများကိုစုဆောင်း ထားရန်အမိန့်ပေး၏။-✡ထွ၊ ၃၀:၁၁-၁၆။ 5 ယဇ်ပုရောဟိတ်အသီးသီးတို့သည်မိမိ တို့ယဇ်ပူဇော်ပေး၍ရရှိသည့်ငွေများဖြင့် ဗိမာန်တော်မွမ်းမံပြင်ဆင်မှုတွင်လိုအပ် သလိုအသုံးပြုရန်တာဝန်ယူရသည်။
6 သို့ရာတွင်ယောရှ၏နန်းစံနှစ်ဆယ့်သုံးနှစ် မြောက်သို့ရောက်ရှိသည်တိုင်အောင် ဗိမာန်တော် တွင်မည်သည့်မွမ်းမံပြင်ဆင်မှုကိုမျှမပြု ရသေးသဖြင့်၊- 7 ယောရှသည်ယောယဒနှင့်အခြားယဇ်ပုရော ဟိတ်များကိုခေါ်၍``သင်တို့သည်အဘယ် ကြောင့်ဗိမာန်တော်ကိုမပြင်ဘဲနေကြသနည်း။ ယခုအချိန်မှအစပြု၍ သင်တို့သည်မိမိ တို့ရရှိသည့်ငွေကိုသိမ်းဆည်း၍မထားရ ကြ။ ဗိမာန်တော်မွမ်းမံပြင်ဆင်မှုအတွက် ပေးအပ်ရကြမည်'' ဟုဆို၏။- 8 ယဇ်ပုရောဟိတ်တို့သည်လည်းငွေကိုပေး အပ်ရန်နှင့် ဗိမာန်တော်မွမ်းမံပြင်ဆင်မှုကို တာဝန်မယူရန်သဘောတူကြလေသည်။
9 ထိုနောက်ယောယဒသည်သေတ္တာတစ်လုံး ကိုယူ၍အဖုံးတွင်အပေါက်ဖောက်ပြီးလျှင် ဗိမာန်တော်အဝင်လမ်းလက်ယာဘက်ရှိယဇ် ပလ္လင်အနီးတွင်ထား၏။ ဗိမာန်တော်အဝင်ဝ တွင်တာဝန်ကျသောယဇ်ပုရောဟိတ်များ သည် ဝတ်ပြုကိုးကွယ်ရန်လာရောက်သူတို့ ပေးလှူသောငွေတို့ကိုသေတ္တာထဲသို့ထည့် ကြ၏။- 10 အလှူခံသေတ္တာတွင်ငွေများလာသည့်အခါ တိုင်း ဘုရင့်အတွင်းဝန်နှင့်ယဇ်ပုရောဟိတ် မင်းတို့လာ၍ ငွေကိုထုတ်ယူကာအရည် ကြိုပြီးလျှင်ချိန်တွယ်ကြ၏။-6* အရည်ကြိုပြီးလျှင်ချိန်တွယ်ကြ၏။ ငွေကိုအရည်ကြိုပြီးလျှင်ချိန်တွယ် ခြင်းသို့မဟုတ်ငွေကိုရေတွက်၍အိတ်များ တွင်ထည့်ကြ၏။ 11 သူတို့သည်အလေးချိန်အတိအကျကို မှတ်သားထားပြီးလျှင် ငွေကိုဗိမာန်တော် ပြင်ဆင်မှုလုပ်ငန်းကြီးကြပ်သူတို့၏လက် သို့ပေးအပ်ကြ၏။ ကြီးကြပ်သူတို့သည် ထိုငွေကိုလက်သမား၊- 12 ပန်းရံသမားနှင့်ကျောက်ဆစ်သမားတို့၏ လုပ်ခများအတွက်လည်းကောင်း၊ မွမ်းမံပြင် ဆင်ရာတွင်လိုအပ်သောသစ်သား၊ ကျောက် ဝယ်ယူရန်နှင့်အခြားလိုအပ်သည့်စရိတ် များအတွက်လည်းကောင်းအသုံးပြုကြ၏။- 13 ငွေခွက်၊ ငွေဖလား၊ ငွေတံပိုးခရာနှင့်ငွေ မီးညှပ်များပြုလုပ်ရန်အတွက်သော်လည်း ကောင်း ထိုငွေကိုလုံးဝအသုံးမပြုကြ။- 14 အလုပ်သမားခများပေးရန်နှင့်မွမ်းမံ ပြင်ဆင်မှုဆိုင်ရာပစ္စည်းများဝယ်ယူရန် အတွက်သာ ထိုငွေကိုအသုံးပြုကြ၏။- 15 လုပ်ငန်းကြီးကြပ်သူတို့သည်လုံးဝယုံ ကြည်စိတ်ချရသူများဖြစ်သဖြင့် သူတို့ အားငွေစာရင်းအင်းများကိုတင်ပြခိုင်း ရန်မလိုချေ။-✡၄ရာ၊ ၂၂:၇။ 16 ဒုစရိုက်ဖြေရာပူဇော်သကာနှင့်အပြစ်ဖြေ ရာပူဇော်သကာတို့မှရရှိသည့်ငွေကိုမူ အလှူခံသေတ္တာထဲသို့မထည့်ဘဲယဇ်ပုရော ဟိတ်တို့ယူရကြ၏။ ✡ဝတ်၊ ၇:၇။
17 ထိုကာလ၌ရှုရိဘုရင်ဟာဇေလသည် ဂါသ မြို့ကိုတိုက်ခိုက်သိမ်းယူလေသည်။ ထိုနောက် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် လာသည့်ကာလ၊- 18 ယုဒဘုရင်ယောရှသည်မိမိ၏အလျင် အုပ်စိုးခဲ့ကြသောယောရှဖတ်မင်း၊ ယဟောရံ မင်းနှင့်အာခဇိမင်းတို့ထာဝရဘုရားအား ဆက်ကပ်လှူဒါန်းခဲ့သည့်ပူဇော်သကာများနှင့် မိမိကိုယ်တိုင်ပေးလှူထားသည့်ပူဇော်သကာ များကိုလည်းကောင်း၊ ဗိမာန်တော်နှင့်နန်းတော် ဘဏ္ဍာတိုက်များတွင်ရှိသမျှသောရွှေကိုလည်း ကောင်းယူ၍ လက်ဆောင်ပဏ္ဏာအဖြစ်ဟာဇေလ မင်းထံပေးပို့လိုက်၏။ ထိုအခါဟာဇေလ သည်မိမိ၏တပ်မတော်ကို ယေရုရှလင်မြို့ မှရုပ်သိမ်းသွားလေ၏။
19 ယောရှမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာအလုံးစုံတို့ကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။
20-21 ယောရှမင်း၏မှူးမတ်တို့သည်သူ့အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြ၏။ ထိုသူတို့အနက်ရှိမတ် ၏သားယောဇကာနှင့်ရှောမေရ၏သားယဟော ဇဗပ်တို့သည် ယေရုရှလင်မြို့အရှေ့ပိုင်းသိလ ရွာသွားရာလမ်းရှိဖို့မြေပေါ်တွင်တည်ဆောက် ထားသောစံနန်း၌သူ့အားလုပ်ကြံကြ၏။ သူ့ အားဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာမဇိသည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
<- ၄ ရာ 11၄ ရာ 13 ->