8 ဤကားအမိန့်ပေးခြင်းမဟုတ်။ သူတစ်ပါး တို့၏စေတနာထက်သန်ကြပုံကိုသင်တို့ အားပြောရခြင်းမှာသင်တို့၏မေတ္တာအဘယ် မျှစစ်မှန်သည်ကိုသိရှိနိုင်ရန်အတွက်ဖြစ် ၏။- 9 သင်တို့သည်ငါတို့၏အရှင်ယေရှုခရစ် ၏ကျေးဇူးတော်ကိုသိရှိကြ၏။ ကိုယ်တော် သည်ကြွယ်ဝတော်မူသော်လည်းသင်တို့၏ အကျိုးငှာဆင်းရဲခံတော်မူ၏။ ဆင်းရဲ ခံတော်မူရခြင်းမှာသင်တို့ကြွယ်ဝလာ စေရန်အတွက်ဖြစ်သတည်း။
10 ယမန်နှစ်ကသင်တို့အစပြုသည့်အမှုကို ယခုအဆုံးသတ်သင့်ကြသည်ဟုငါထင် မြင်၏။ သင်တို့သည်စေတနာနှင့်ပေးလှူမှု ကိုအစပြုခဲ့ပေသည်။- 11 သို့ဖြစ်၍ထိုအမှုကိုဆက်လက်ဆောင်ရွက် ကာအဆုံးသတ်ကြလော့။ သင်တို့သည်ထို အမှုကိုကြံစည်ရာတွင်စိတ်အားထက်သန် သကဲ့သို့ ဆောင်ရွက်ရာတွင်လည်းစိတ်အား ထက်သန်ကြလော့။ သင်တို့တတ်နိုင်သမျှ ပေးလှူကြလော့။- 12 သင်တို့ပေးလှူလိုသောစေတနာစိတ်ရှိလျှင် ဘုရားသခင်သည်သင်တို့မတတ်နိုင်မှုကို မထောက်ဘဲတတ်နိုင်မှုကိုထောက်၍သင်တို့ ၏အမှုကိုလက်ခံတော်မူလိမ့်မည်။
13-14 သင်တို့အားတာဝန်လေးစေ၍သူတစ်ပါး တို့အားသက်သာစေရန်ငါအကြံပြုနေ သည်မဟုတ်။ ညီတူညီမျှဖြစ်စေရန်အကြံ ပြုခြင်းဖြစ်သည်။ ယခုအခါသင်တို့၏ ချမ်းသာမှုသည်ထိုသူတို့၏ချို့တဲ့မှုကို ဖြည့်ဆည်းပေးသကဲ့သို့ နောင်တစ်နေ့၌ ထိုသူတို့၏ချမ်းသာမှုသည်သင်တို့၏ ချို့တဲ့မှုကိုဖြည့်ဆည်းပေးနိုင်လိမ့်မည်။- 15 ကျမ်းစာတော်က ``များများရသောသူ မပို၊ နည်းနည်းရသောသူမလို'' ဟုဖော်ပြ သကဲ့သို့ပင်ဖြစ်ပေသည်။[b]
20 ဤသို့ရက်ရောစွာပေးလှူကြသောအလှူ ငွေကိုကိုင်တွယ်ရာတွင် ငါတို့သည်သူတစ် ပါးတို့၏အပြစ်တင်ခြင်းနှင့်ကင်းလွတ် စေရန်သတိနှင့်ဆောင်ရွက်လျက်ရှိကြ၏။- 21 သခင်ဘုရား၏ရှေ့တော်၌သာမကလူ တို့၏ရှေ့၌လည်းလျောက်ပတ်မှန်ကန်သည့် အမှုကိုသာပြုရန်ရည်ရွယ်ချက်ရှိကြ၏။[c]
22 သို့ဖြစ်၍ငါတို့သည်ထိုသူနှစ်ယောက်တို့နှင့် အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စေလွှတ်လိုက်ကြသည်။ ထိုသူအားငါတို့အကြိမ် ကြိမ်အကဲခတ်ကြည့်ရာ သူသည်အစဉ်ကူညီ မစတတ်သူဖြစ်ကြောင်းတွေ့ရှိရပေသည်။ သူ သည်သင်တို့အပေါ်တွင်များစွာအယုံအကြည် ရှိသဖြင့် သူ၏စိတ်စေတနာသည်ပို၍ပင် ထက်သန်နေပေသည်။- 23 တိတုနှင့်ပတ်သက်၍ဖော်ပြရမည်ဆိုသော် သူသည်သင်တို့၏အမှုကိစ္စများတွင် ငါနှင့် အတူဝိုင်းဝန်းကူညီသူငါ၏လုပ်ဖော်ကိုင် ဘက်ဖြစ်၏။ သူနှင့်အတူလိုက်ပါလာကြ သောအခြားညီအစ်ကိုများမှာအသင်း တော်တို့၏ကိုယ်စားလှယ်များဖြစ်ကြ၏။- 24 ထိုကြောင့်သင်တို့အကြောင်းငါတို့ဂုဏ်ယူ ဝါကြွားသည့်အတိုင်းမှန်ကန်ကြောင်းထို သူတို့သည်လည်းကောင်း၊ အသင်းတော်များ သည်လည်းကောင်းသိရှိနိုင်ကြစေရန်သူ တို့အားမေတ္တာပြကြလော့။
<- ၂ ကော 7၂ ကော 9 ->