1 သို့ဖြစ်၍ငါတို့သည်ဘုရားသခင်၏လုပ် ဖော်ဆောင်ဘက်များအနေဖြင့်သင်တို့အား တောင်းပန်လိုသည်ကား သင်တို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုခံယူရရှိသူများ ဖြစ်သည့်အားလျော်စွာ ထိုကျေးဇူးတော်ကို အကျိုးမဲ့မဖြစ်စေကြနှင့်။- 2 ဘုရားသခင်က၊
3 ငါတို့၏အလုပ်နှင့်ပတ်သက်၍အဘယ်သူမျှ အပြစ်မရှာနိုင်စေရန်ငါတို့သည်သူတစ်ပါး တို့ရှေ့၌အနှောင့်အယှက်တစ်စုံတစ်ခုကိုမျှ မပြု။- 4 ယင်းသို့ပြုမည့်အစားဆင်းရဲဒုက္ခများ၊ ခဲယဉ်း ကျပ်တည်းမှုများ၊ အခက်အခဲများကိုစိတ်ရှည် စွာသည်းခံလျက်ကိစ္စအဝဝတွင်ငါတို့သည် ဘုရားသခင်၏အစေခံများဖြစ်ကြောင်းကို ပေါ်လွင်စေကြ၏။- 5 ငါတို့သည်အရိုက်ခံခဲ့ရ၏။ ထောင်ကျခဲ့ ကြ၏။ လူတို့ရုန်းရင်းဆန်ခတ်ပြုလုပ်ခြင်း တို့ကိုခံကြရ၏။ ငါတို့မှာအလုပ်မှနား ခွင့်မရှိ။ အိပ်ရသည်စားရသည်ဟူ၍ပင်မရှိ။-[b] 6 စိတ်နှလုံးသန့်ရှင်းစင်ကြယ်ခြင်း၊ ပညာသတိ ရှိခြင်း၊ သည်းခံခြင်း၊ ကြင်နာသနားခြင်းတို့ ဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်လည်းကောင်း၊ စစ်မှန်သောမေတ္တာအား ဖြင့်လည်းကောင်း၊- 7 သမ္မာတရားတော်ကိုဟောပြောကြေညာခြင်း အားဖြင့်လည်းကောင်း၊ ဘုရားသခင်၏တန်ခိုး တော်ကိုဟောပြောကြေညာခြင်းအားဖြင့် လည်းကောင်း ငါတို့သည်ဘုရားသခင်၏ အစေခံများဖြစ်ကြောင်းကိုပေါ်လွင်စေ ကြ၏။ ထိုးစစ်ဆင်သောအခါနှင့်ခုခံ ကာကွယ်သောအခါ၌ ငါတို့သည်ဖြောင့် မတ်ခြင်းတရားတည်းဟူသောလက်နက် ကိုအသုံးပြုကြ၏။- 8 ငါတို့သည်ချီးမြှောက်ခြင်းနှင့်ရှုတ်ချခြင်း ကိုခံရကြ၏။ ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်းကို ခံရကြ၏။ လူလိမ်များဟုလူတို့သတ်မှတ် ကြသော်လည်းငါတို့သည်သစ္စာစကားကို ပြောဆိုကြ၏။- 9 လူသိနည်းသူများပင်ဖြစ်သော်လည်းကျော် စောထင်ရှားကြ၏။ သူသေများကဲ့သို့ဖြစ် သော်လည်းအသက်ရှင်လျက်ရှိကြ၏။ အပြစ် ဒဏ်ပေးခြင်းခံရသော်လည်းအသတ်မခံ ရကြ။- 10 ဝမ်းနည်းရသော်လည်းအစဉ်ဝမ်းမြောက်ကြ ၏။ သူဆင်းရဲများကဲ့သို့ဖြစ်သော်လည်းလူ အမြောက်အမြားကိုချမ်းသာကြွယ်ဝစေ ကြ၏။ ပစ္စည်းဥစ္စာတစ်စုံတစ်ခုကိုမျှမပိုင် သူများကဲ့သို့ဖြစ်သော်လည်းအလုံးစုံတို့ ကိုပိုင်ကြ၏။
11 ကောရိန္သုမြို့ရှိချစ်ဆွေတို့၊ ငါတို့သည်သင်တို့ အားပွင့်လင်းစွာပြောဆိုခဲ့ပြီ။ ငါတို့၏စိတ် နှလုံးတံခါးကိုသင်တို့အဖို့ကျယ်စွာဖွင့် ထားပြီ။- 12 စိတ်နှလုံးတံခါးကိုပိတ်၍ထားသူများ ကားငါတို့မဟုတ်။ သင်တို့ကသာမိမိတို့ စိတ်နှလုံးတံခါးကိုငါတို့အဖို့ပိတ်ထား ကြ၏။ ယခုငါသည်သင်တို့အားငါ၏သား သမီးများသဖွယ်ပြောဆိုနေ၏။- 13 သို့ဖြစ်၍ငါတို့အားတုံ့ပြန်သောအနေဖြင့် သင်တို့၏စိတ်နှလုံးတံခါးကိုကျယ်စွာဖွင့် ကြလော့။
17 သို့ဖြစ်၍ထာဝရဘုရားက၊