7 ငါမြင်ရသည့်အံ့သြဖွယ်ရူပါရုံများ ကြောင့်ငါ့ကိုယ်ကိုအထင်မကြီးစေရန်ငါ သည်မိမိကိုယ်ခန္ဓာတွင်နာကျင်သော ဝေဒနာကိုခံစားနေရ၏။ ထိုဝေဒနာ သည်စာတန်၏စေတမန်သဖွယ်ငါ့ကို ဒဏ်ခတ်၍ငါ၏မာန်မာနကိုချိုးနှိမ်၏။- 8 ထိုဝေဒနာကိုဖယ်ရှားပေးတော်မူရန်ငါ သည်သခင်ဘုရားထံတော်သို့သုံးကြိမ် တိုင်တိုင်ဆုတောင်းပတ္ထနာပြုခဲ့၏။ သို့ရာ တွင်ကိုယ်တော်က ``ငါ၏ကျေးဇူးတော်ကို သာလျှင်သင်လိုအပ်ပေသည်။ သင်အား နည်းသောအခါငါ့တန်ခိုးသည်အထင် ရှားဆုံးဖြစ်၏'' ဟုဖြေကြားတော်မူ၏။- 9 သို့ဖြစ်၍ငါသည်ခရစ်တော်၏တန်ခိုး တော်တွင်ခိုလှုံနိုင်ရန် ငါ၏အားနည်းချက် များကြောင့်အထူးဝမ်းမြောက်လျက်ဂုဏ် ယူဝါကြွား၏။- 10 ငါသည်အားနည်းသောအခါ၌တန်ခိုးနှင့် ပြည့်စုံလျက်ရှိသဖြင့် ခရစ်တော်၏အတွက် ကြောင့်အားနည်းခြင်း၊ စော်ကားခြင်း၊ ဆင်းရဲ ခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းနှင့်အနှောင့် အယှက်တို့ကိုခံနေရစဉ်ရောင့်ရဲတင်းတိမ် မှုရှိ၏။
14 ငါသည်ယခုသင်တို့ထံသို့တတိယအကြိမ် လာရန်အသင့်ရှိပြီ။ သို့ရာတွင်ငါ၏အတွက် သင်တို့အားတာဝန်ကြီးလေးစေမည်မဟုတ်။ သင်တို့၏ငွေကြေးဥစ္စာများကိုငါအလို မရှိ။ သင်တို့ကိုသာလျှင်ငါအလိုရှိ၏။ သား သမီးများကမိဘများအဖို့စုဆောင်း ရကြသည်မဟုတ်။ မိဘများကသာလျှင် သားသမီးများအဖို့စုဆောင်းရကြသည်။- 15 ငါသည်သင်တို့ကိုကူညီရန်ဝမ်းမြောက်စွာ မိမိ၏ဥစ္စာနှင့်အားအင်ကိုကုန်ခန်းစေမည်။ ငါသည်သင်တို့ကိုဤမျှချစ်လျှင်သင်တို့ ကငါ့ကိုလျော့၍ချစ်ကြမည်လော။
16 ငါသည်သင်တို့အားဝန်မလေးစေခဲ့ကြောင်း ကိုသင်တို့ဝန်ခံကြလိမ့်မည်။ သို့ရာတွင်ငါသည် ပရိယာယ်ဖြင့်သင်တို့အားလိမ်လည်လှည့်စား ခဲ့သည်ဟုတစ်စုံတစ်ယောက်ကစွပ်စွဲလိမ့်မည်။- 17 မည်ကဲ့သို့ငါလှည့်စားခဲ့သနည်း။ သင်တို့ထံ သို့ငါစေလွှတ်သူတစ်ဦးဦးအားဖြင့် ငါ သည်သင်တို့ထံမှအခွင့်ကောင်းယူခဲ့ဖူး သလော။- 18 ငါသည်တိတုအားသင်တို့ထံသို့သွားရန် တောင်းပန်စေလွှတ်ခဲ့၏။ အခြားခရစ်ယာန် ညီအစ်ကိုတစ်ဦးကိုလည်းသူနှင့်အတူ ထည့်လိုက်၏။ တိတုသည်သင်တို့ထံမှ အခွင့်ကောင်းယူခဲ့သည်ဟုဆိုမည်လော။ သူနှင့်ငါသည်သဘောချင်းတူ၍တစ် လမ်းတည်းလိုက်လျှောက်ကျင့်သုံးကြ သူများမဟုတ်လော။
19 ငါတို့သည်ယခုတစ်ချိန်လုံးမိမိတို့ကိုယ် ကိုကွယ်ကာပြောဆိုလျက်နေကြသည်ဟု သင်တို့ထင်ကောင်းထင်ကြလိမ့်မည်။ ငါတို့ သည်ထိုသို့ပြောဆိုနေခြင်းမဟုတ်။ ခရစ် တော်သွန်သင်ပေးသည့်အတိုင်းဘုရား သခင်ရှေ့တော်မှောက်တွင်ပြောဆိုနေခြင်း သာဖြစ်၏။ ချစ်သူတို့၊ ငါတို့ပြုသမျှ သောအမှုအရာတို့သည်သင်တို့၏ အကျိုးအတွက်ဖြစ်ပေသည်။- 20 သင်တို့ထံရောက်သောအခါငါတွေ့မြင် လိုသည့်အခြေအနေမျိုးတွင်သင်တို့ အားမတွေ့ရမည်ကိုလည်းကောင်း၊ သင် တို့သည်လည်းမိမိတို့မြင်လိုသည့်အခြေ အနေတွင်ငါတို့အားမတွေ့ရကြမည် ကိုလည်းကောင်းစိုးရိမ်မိ၏။ ခိုက်ရန်ဖြစ် ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ် ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ တီးတိုး ဂုံးချောခြင်း၊ မောက်မာထောင်လွှားခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းတို့ကိုငါ တွေ့ရမည်ကိုစိုးရိမ်မိ၏။- 21 နောက်တစ်ဖန်သင်တို့ထံသို့လာသောအခါ ငါ၏ဘုရားသခင်သည် ငါ့အားသင်တို့ရှေ့ တွင်အရှက်ရစေတော်မူလိမ့်မည်လောဟူ၍ လည်းကောင်း၊ ယခင်ကအပြစ်ကူးခဲ့ကြ ပြီးနောက်ယခုတိုင်အောင်ပင်နောင်တမရဘဲ အကျင့်ပျက်ပြားလျက်သူတစ်ပါးအိမ်ရာ ကိုပြစ်မှား၍ကာမဂုဏ်လိုက်စားလျက်ရှိ နေကြသူများအတွက် ငါသည်မျက်ရည် ကျရလိမ့်မည်လောဟူ၍လည်းကောင်း စိုးရိမ်မိ၏။
<- ၂ ကော 11၂ ကော 13 ->