8 ယောရှဖတ်သည်မြို့သူမြို့သားအချင်းချင်း တရားတွေ့မှုများနှင့်ထာဝရဘုရား၏ပညတ် တော်ကိုချိုးဖောက်မှုများကိုစီရင်ရန်အတွက် လေဝိအနွယ်ဝင်များနှင့်မြို့မိမြို့ဖများအား တရားသူကြီးများအဖြစ်ခန့်ထားတော်မူ၏။- 9 မင်းကြီးကထိုသူတို့အား``သင်တို့သည်ထာဝရ ဘုရားအားကြောက်ရွံ့ရိုသေသောစိတ်နှင့် မိမိတို့ ၏တာဝန်ဝတ္တရားများကိုဆောင်ရွက်ကြရမည်။ ရိုးသားဖြောင့်မတ်ရကြမည်။ ဘက်မလိုက်ကြရ။- 10 အခြားမြို့များတွင်နေထိုင်သောအမျိုးသား ချင်းတို့သည်လူသတ်မှုကိုဖြစ်စေ၊ တရား ဥပဒေသို့မဟုတ်ပညတ်တော်ကိုလွန်ကူး မှုကိုဖြစ်စေသင်တို့ထံသို့ယူဆောင်လာသည့် အခါတိုင်း သူတို့သည်တရားစီရင်ရာတွင် ထာဝရဘုရားအားမပြစ်မှားမိစေရန်သင် တို့ကသေချာစွာညွှန်ကြားရကြမည်။ ယင်း သို့မပြုပါမူသင်တို့နှင့်သူတို့၏အပေါ်သို့ ထာဝရဘုရား၏အမျက်တော်သက်ရောက် လိမ့်မည်။ သို့ရာတွင်သင်တို့သည်မိမိတို့ တာဝန်ရှိသည်အတိုင်းဆောင်ရွက်ကြလျှင် မူကားအပြစ်လွှတ်ကြလိမ့်မည်။- 11 ဘာသာရေးအမှုအခင်းရှိသမျှတွင်ယဇ်ပုရော ဟိတ်မင်းအာမရိသည်လည်းကောင်း၊ တရားအမှု မှန်သမျှတွင် ဣရှမေလ၏သား၊ ယုဒဘုရင်ခံ ဇေဗဒိသည်လည်းကောင်းနောက်ဆုံးအာဏာပိုင် ဖြစ်စေရမည်။ တရားရုံးများမှချမှတ်သည့် စီရင်ချက်များကိုအရေးယူဆောင်ရွက်ရန်မှာ လေဝိအနွယ်ဝင်တို့၏တာဝန်ဖြစ်၏။ သင်တို့ သည်ဤညွှန်ကြားချက်များကိုရဲရင့်စွာ ဆောင်ရွက်ကြလော့။ ထာဝရဘုရားသည် ဖြောင့်မှန်သူတို့ဘက်၌ရှိတော်မူပါစေသော'' ဟုမိန့်တော်မူ၏။
<- ၂ ရာချုပ် 18၂ ရာချုပ် 20 ->