1 ကျွန်ဖြစ်သူတို့သည်မိမိတို့၏သခင်များ အားရိုသေလေးစားထိုက်သူများဟုခံယူ ရကြမည်။ သို့မှသာလျှင်မည်သူမျှဘုရား သခင်၏နာမတော်နှင့် ငါတို့တရားတော် ကိုကဲ့ရဲ့ပြောဆိုလိမ့်မည်မဟုတ်။- 2 သခင်များသည်ယုံကြည်သူများဖြစ်လျှင် သူတို့သည်ညီအစ်ကိုများပင်ဖြစ်ကြသည် ဟုဆိုကာမလေးမခန့်မပြုရ။ မိမိတို့ ၏အစေခံမှုကြောင့်အကျိုးခံစားရသူ တို့မှာ မိမိတို့ချစ်မြတ်နိုးသောယုံကြည် သူများဖြစ်သောကြောင့် သူတို့၏အစေ ကိုပို၍ခံရကြပေမည်။
6 ငါတို့သည်ရှိသမျှဖြင့်တင်းတိမ်ရောင့်ရဲ တတ်ကြပါမူ ဘာသာရေးမှကြီးမားသော အမြတ်အစွန်းကိုအမှန်ပင်ရရှိနိုင်ကြ ပေသည်။- 7 လောကထဲသို့လာစဉ်အခါကငါတို့သည် အဘယ်အရာကိုမျှယူဆောင်၍မလာခဲ့ ကြ။ လောကမှထွက်ခွာသွားကြသောအခါ ၌လည်းအဘယ်အရာကိုမျှယူ၍မသွား နိုင်။- 8 သို့ဖြစ်၍ငါတို့တွင်စားစရာဝတ်စရာရှိ လျှင်ရောင့်ရဲကြကုန်အံ့။- 9 ချမ်းသာကြွယ်ဝလိုသူတို့သည်အပြစ်သွေး ဆောင်ခြင်းကိုခံရကြ၏။ သူတို့သည်မိုက်မဲ ၍အကျိုးယုတ်စေတတ်သည့်စွဲလမ်းတပ်မက် မှုတို့ဖြင့်ကျော့မိကြ၏။ ထိုစွဲလမ်းတပ်မက်မှု များသည်သူတို့အားပျက်စီးဆုံးရှုံးစေ တတ်၏။- 10 အဘယ်ကြောင့်ဆိုသော်ငွေကိုစွဲလမ်းတပ် မက်ခြင်းသည်မကောင်းမှုအမျိုးမျိုးတို့၏ မူလအခြေအမြစ်ဖြစ်သောကြောင့်တည်း။ အချို့သောသူတို့သည်ငွေကိုခုံမင်လှ သဖြင့် ယုံကြည်ခြင်းတရားလမ်းမှလွဲ သွား၍ ပူဆွေးလျက်ဝမ်းနည်းပက်လက် ဖြစ်ရကြ၏။
17 လောကီစည်းစိမ်ဥစ္စာကြွယ်ဝသူတို့အား မာန်မာနမထားကြရန်သတိပေးလော့။ သူတို့သည်မတည်မြဲသည့်စည်းစိမ်ချမ်း သာကိုမမျှော်ကိုးဘဲ၊ ငါတို့ခံစားနိုင်စေ ရန်ခပ်သိမ်းသောအရာတို့ကိုရက်ရောစွာ ပေးတော်မူသောဘုရားသခင်အားမျှော် ကိုးရကြမည်။- 18 သူတစ်ပါးတို့အားကျေးဇူးပြုတတ်ကြ စေရန်လည်းကောင်း၊ အကျင့်ကောင်းများနှင့် ကြွယ်ဝပြည့်စုံ၍ရက်ရောစွာဝေငှပေး ကမ်းတတ်ကြစေရန်လည်းကောင်းသူတို့ အားဆုံးမသွန်သင်လော့။- 19 ဤနည်းအားဖြင့်သူတို့သည်အနာဂတ် အတွက်ခိုင်ခံ့သည့်အုတ်မြစ်တည်းဟူသော ဘဏ္ဍာကိုစုဆောင်းရာရောက်၍ စစ်မှန်သော အသက်ကိုရရှိကြလိမ့်မည်။
20 တိမောသေ၊ သင့်အားပေးအပ်ထားသည့်အရာ ကိုစောင့်ထိန်းလော့။ သိမ်ဖျင်းသောစကားနှင့် အကျိုးမဲ့သောစကားကိုလည်းကောင်း၊ လူ အချို့တို့မှားယွင်းစွာ ခေါ်ဆိုသည့်``အသိပညာ'' အကြောင်းနှင့်ပတ်သက်၍အငြင်းပွားမှု တို့ကိုလည်းကောင်းရှောင်ရှားလော့။- 21 လူအချို့တို့သည်အသိပညာကိုရရှိပြီ ဟုဆိုကာယုံကြည်ခြင်းတရားလမ်းမှလွဲ သွားကြပြီ။