3 ထိုသူတို့က``သင်တို့သည်ဣသရေလအမျိုး သားတို့ ကိုးကွယ်သောဘုရားသခင်၏ပဋိ ညာဉ်သေတ္တာတော်ကိုပြန်ပို့မည်ဆိုလျှင်ပူ ဇော်သကာမပါ၍မဖြစ်။ သင်တို့၏အပြစ် ဖြေရာပူဇော်သကာကိုပါပေးလှူရကြ မည်။ ယင်းသို့ပြုလျှင်သင်တို့သည်အနာ ရောဂါပျောက်ကင်းကြလိမ့်မည်။ ကိုယ်တော် သည်သင်တို့အား အဘယ်ကြောင့်ဒဏ်ခတ် လျက်နေတော်မူကြောင်းကိုလည်းသိရှိ ရကြလိမ့်မည်'' ဟုဆိုကြ၏။
4 ဖိလိတ္တိခေါင်းဆောင်များက``ငါတို့သည် အဘယ်ပူဇော်သကာကိုပေးလှူရပါမည် နည်း'' ဟုမေးကြလျှင်
10 သူတို့သည်ယဇ်ပုရောဟိတ်တို့စေခိုင်းသည့် အတိုင်း နွားမနှစ်ကောင်ကိုလှည်းတွင်တပ်၍ နွားငယ်ကလေးများကိုခြံတွင်လှောင်ထား ကြ၏။- 11 ပဋိညာဉ်သေတ္တာတော်ကိုရွှေကြွက်ရုပ်နှင့် ရွှေအနာစိမ်းရုပ်တုပုံများ ပါရှိသည့်သေတ္တာ နှင့်အတူလှည်းပေါ်သို့တင်ကြ၏။- 12 နွားမတို့သည်ဗက်ရှေမက်လမ်းအတိုင်း စတင်ထွက်ခွာပြီး ဝဲယာမကွေ့ဘဲတည့် မတ်စွာတစ်လမ်းလုံးအော်မြည်လျက် ဗက် ရှေမက်မြို့ရှိရာသို့သွားကြလေသည်။ ဖိ လိတ္တိဘုရင်ငါးပါးတို့သည်ဗက်ရှေမက် မြို့နယ်စပ်အနီးအထိလိုက်ပါသွားကြ ၏။
13 ဗက်ရှေမက်မြို့သားတို့သည်ချိုင့်ဝှမ်းထဲတွင် ဂျုံစပါးများကိုရိတ်သိမ်းလျက်နေစဉ်ရုတ် တရက်မျှော်ကြည့်လိုက်သောအခါ ပဋိညာဉ် သေတ္တာတော်ကိုတွေ့မြင်ကြသဖြင့်အတိုင်း ထက်အလွန်ဝမ်းမြောက်ကြ၏။- 14 လှည်းသည်ဗက်ရှေမက်မြို့သားယောရှု၏ လယ်သို့ရောက်သောအခါ ကျောက်တုံးကြီး အနီးတွင်ရပ်တန့်လေသည်။ လူတို့သည်လှည်း ကိုခုတ်ဖြတ်၍နွားမတို့ကိုသတ်ပြီးလျှင် မီးရှို့ရာယဇ်အဖြစ်ဖြင့်ထာဝရဘုရား အားပူဇော်ကြ၏။- 15 လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်နှင့် ရွှေရုပ်များပါ ရှိသည့်သေတ္တာကိုချီပင့်ပြီးလျှင်ကျောက်တုံး ကြီးပေါ်တွင်တင်ထားကြ၏။ ထိုနောက်ဗက် ရှေမက်မြို့သားတို့သည်ထာဝရဘုရား အားမီးရှို့ရာယဇ်နှင့်အခြားပူဇော် သကာများကိုတင်လှူကြ၏။- 16 ဖိလိတ္တိဘုရင်ငါးပါးတို့သည်ဤအခြင်း အရာကိုကြည့်ရှုကြပြီးနောက် ထိုနေ့၌ပင် ဧကြုန်မြို့သို့ပြန်သွားကြ၏။
17 ဖိလိတ္တိအမျိုးသားတို့သည်ရွှေအနာစိမ်း ရုပ်ငါးခုကိုမြို့တစ်မြို့လျှင် တစ်ခုနှုန်းဖြင့် အာဇုတ်မြို့၊ ဂါဇမြို့၊ အာရှကေလုန်မြို့၊ ဂါသ မြို့နှင့်ဧကြုန်မြို့တို့ကိုရည်စူး၍မိမိတို့ အတွက် အပြစ်ဖြေရာပူဇော်သကာအဖြစ် ဖြင့်ထာဝရဘုရားထံပေးပို့ကြ၏။- 18 သူတို့သည်ကြွက်ရုပ်များကိုလည်းဖိလိတ္တိ ဘုရင်များ အစိုးရသည့်ခံတပ်မြို့များနှင့် ကျေးရွာများအတွက် တစ်မြို့လျှင်တစ်ခု ကျစီဆက်သပေးပို့ကြ၏။ ဗက်ရှေမက် မြို့သားယောရှု၏လယ်၌ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်တင်ရာကျောက်တုံး ကြီးသည် ထိုစဉ်အခါကဖြစ်ပျက်ခဲ့သည့် အမှု၌အသိသက်သေအဖြစ်ဖြင့်ယနေ့ တိုင်အောင်တည်ရှိနေလေသည်။
19 ဗက်ရှေမက်မြို့သားခုနစ်ဆယ်တို့သည် ပဋိ ညာဉ်သေတ္တာတော်ထဲသို့ကြည့်မိသဖြင့် ထာဝရဘုရားသည် သူတို့အားသေဒဏ် ခတ်တော်မူ၏။ မြို့သားတို့သည်မိမိတို့ အထဲမှလူမြောက်မြားစွာကို ထာဝရ ဘုရားသေဒဏ်ခတ်တော်မူသောကြောင့် ငိုကြွေးမြည်တမ်းကြ၏။