6-7 ဘုရားသခင်သည်ရှမွေလကိုတစ်ဖန်ခေါ်တော် မူပြန်၏။ သူငယ်သည်ထာဝရဘုရားခေါ်တော် မူမှန်းကိုမသိ။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားသည် သူ့အားအဘယ်အခါကမျှဗျာ ဒိတ်ပေးတော်မမူခဲ့ဘူးသောကြောင့်ဖြစ်၏။ ထို့ ကြောင့်သူသည်ဧလိထံသို့သွားပြီးလျှင်``အရှင် ခေါ်သောကြောင့် လာပါပြီ'' ဟုလျှောက်၏။
8 ထာဝရဘုရားသည်ရှမွေလကိုတတိယ အကြိမ်ခေါ်တော်မူပြန်၏။ သူသည်ထ၍ ဧလိထံသို့သွားပြီးလျှင်``အရှင်ခေါ်သော ကြောင့်ကျွန်တော်လာပါပြီ'' ဟုလျှောက်၏။
10 ထာဝရဘုရားသည်ကြွလာတော်မူ၍ ရှမွေလအနီးတွင်ရပ်တော်မူလျက်``ရှမွေလ၊ ရှမွေလ'' ဟုရှေးနည်းတူခေါ်တော်မူ၏။
11 ထာဝရဘုရားက``တစ်နေ့သောအခါ ဣသရေလအမျိုးသားတို့အားငါပြုမည့် အမှုသည်လွန်စွာကြောက်မက်ဖွယ်ကောင်းသဖြင့် ယင်းအကြောင်းကိုကြားသိရသူလူအပေါင်း တို့သည်ထိတ်လန့်၍သွားကြလိမ့်မည်။- 12 ထိုနေ့ကျရောက်သောအခါ ငါသည်ဧလိ၏ အိမ်ထောင်စုသားတို့အားဒဏ်စီရင်မည်ဟု မိန့်တော်မူခဲ့သည်အတိုင်း အစမှအဆုံး တိုင်အောင်ငါစီရင်မည်။- 13 သူ၏သားတို့သည်ငါ့အားပြစ်မှားပြောဆိုခဲ့ ကြသဖြင့် ငါသည်သူ၏အိမ်ထောင်စုကိုအပြစ် ဒဏ်စီရင်မည်ဖြစ်ကြောင်းဧလိအားပြောကြား ခဲ့ပြီးဖြစ်၏။ သူတို့သည်ဤသို့သောဒုစရိုက် များကိုပြုကျင့်လျက်နေကြောင်းကိုဧလိသိ သော်လည်းသူတို့အားမတားမြစ်။- 14 သို့ဖြစ်၍အဘယ်ယဇ်အဘယ်ပူဇော်သကာမျှ ဤဆိုးရွားသောအပြစ်ကိုဖြေလွတ်အောင်စွမ်း ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ငါသည်ဧလိ အိမ်ထောင်စုအားအလေးအနက်မြွက်ဆို၏'' ဟုမိန့်တော်မူ၏။
15 ရှမွေလသည်မိုးလင်းသည်တိုင်အောင်အိပ် ရာတွင်နေပြီးမှ ဘုရားသခင်၏အိမ်တော် တံခါးများကိုဖွင့်၏။ သူသည်မိမိမြင်ရ သည့်ဗျာဒိတ်ရူပါရုံအကြောင်းကိုဧလိ အားမပြောဝံ့။- 16 ဧလိက``ငါ့သားရှမွေလ'' ဟုခေါ်လျှင်၊
17 ဧလိက``သင့်အားထာဝရဘုရားအဘယ်သို့ မိန့်တော်မူသနည်း။ ငါ့ထံမှအဘယ်အရာကို မျှထိမ်ဝှက်၍မထားနှင့်။ ဘုရားသခင်မိန့် တော်မူသမျှသောအရာတို့ကိုငါ့အား မဖော်ပြပါမူ ကိုယ်တော်သည်သင့်အားပြင်း ထန်စွာဒဏ်ခတ်တော်မူလိမ့်မည်'' ဟုဆို၏။- 18 ထို့ကြောင့်ရှမွေလသည်အဘယ်အရာကိုမျှ ချန်လှပ်၍မထားဘဲ မိန့်တော်မူသမျှကိုပြန် ကြားလျှောက်ထားလေ၏။ ဧလိက``ကိုယ်တော် သည်ထာဝရဘုရားဖြစ်တော်မူ၏။ အလို တော်ရှိသည်အတိုင်းပြုတော်မူပါစေသော'' ဟုဆို၏။
19 ရှမွေလသည်ကြီးပြင်း၍လာ၏။ ထာဝရ ဘုရားသည်သူနှင့်အတူရှိတော်မူ၍ ရှမွေလ ဖော်ပြသမျှသောအမှုအရာတို့ကိုဖြစ် ပျက်စေတော်မူ၏။- 20 သို့ဖြစ်၍ရှမွေလသည်ထာဝရဘုရား၏ ပရောဖက်အမှန်ပင်ဖြစ်ကြောင်းကို တိုင်းပြည် တစ်စွန်းမှတစ်စွန်းတိုင်အောင်ဣသရေလ အမျိုးသားအပေါင်းတို့သိကြ၏။- 21 ရှိလောမြို့သည်ရှမွေလအားထာဝရဘုရား ဗျာဒိတ်ပေးတော်မူရာအရပ်ဖြစ်၏။ ကိုယ်တော် သည်ထိုမြို့တွင်အကြိမ်ကြိမ်ထင်ရှားတော် မူ၏။ ရှမွေလမိန့်ကြားသည့်အခါများ၌ ဣသရေလအမျိုးသားအပေါင်းတို့နာခံ ကြလေသည်။
<- ၁ ရာ 2၁ ရာ 4 ->