5 ဒါဝိဒ်သည်အာခိတ်အား``အရှင်သည်အကျွန်ုပ် အပေါ်မိတ်ဆွေကဲ့သို့သဘောထားပါလျှင် အကျွန်ုပ်အားမြို့ကလေးတစ်မြို့တွင်နေထိုင် ခွင့်ပြုတော်မူပါ။ ဤမြို့တော်ကြီးတွင်အရှင် နှင့်အတူအကျွန်ုပ်နေထိုင်ရန်မလိုပါ'' ဟု လျှောက်၏။- 6 သို့ဖြစ်၍အာခိတ်သည်ဒါဝိဒ်အားဇိကလတ် မြို့ကိုပေးတော်မူ၏။ ဤအကြောင်းကြောင့် ဇိကလတ်မြို့သည် ယနေ့တိုင်အောင်ယုဒ ရှင်ဘုရင်တို့၏ပိုင်နက်ဖြစ်လေသည်။- 7 ဖိလိတ္တိပြည်တွင်ဒါဝိဒ်နေထိုင်ခဲ့သည်မှာ တစ်ဆယ့်ခြောက်လတိုင်တိုင်ဖြစ်သတည်း။
8 ထိုကာလအတောအတွင်း၌ဒါဝိဒ်တို့လူစု သည်ဂေရှုရိအမျိုးသား၊ ဂေရဇိအမျိုးသား နှင့်အာမလက်အမျိုးသားတို့၏နယ်မြေများ ကို အီဂျစ်ပြည်အနီးရှုရမြို့တိုင်အောင်သွား ရောက်တိုက်ခိုက်လေ့ရှိ၏။ ထိုအမျိုးသားတို့ သည်ယင်း၏နယ်မြေများတွင်နှစ်ပေါင်းများ စွာနေထိုင်ခဲ့ကြသူများဖြစ်၏။- 9 ဒါဝိဒ်သည်သူတို့အားယောကျာ်းမိန်းမတစ် ယောက်မကျန်သတ်ဖြတ်လျက် သိုး၊ နွား၊ မြည်း၊ ကုလားအုတ်နှင့်အင်္ကျီအဝတ်အစားများ ကိုသိမ်းယူ၍အာခိတ်ထံသို့ပြန်လာလေ့ ရှိ၏။- 10 အာခိတ်ကလည်းသူ့အား``ယခုအကြိမ်သင် သည်အဘယ်အရပ်သို့သွားရောက်တိုက်ခိုက်ခဲ့ ပါသနည်း'' ဟုမေးမြန်းလေ့ရှိ၏။ ထိုအခါ ဒါဝိဒ်ကယုဒပြည်တောင်ပိုင်းယေရမေလ အနွယ်ဝင်တို့နယ်မြေ၊ ကေနိအမျိုးသားတို့ ၏နယ်မြေစသည်တို့ကိုသွားရောက်ခဲ့ကြောင်း လျှောက်ထားလေ့ရှိ၏။- 11 ဒါဝိဒ်သည်မိမိပြုခဲ့သမျှတို့ကိုအဘယ် သူမျှဂါသမြို့သို့သတင်းမပို့နိုင်စေရန် ယောကျာ်း၊ မိန်းမရှိသမျှတို့ကိုသတ်ဖြတ် လေသည်။ သူသည်ဖိလိတ္တိပြည်တွင်နေထိုင် ခဲ့သည့်ကာလပတ်လုံးဤနည်းအတိုင်း ပြုခဲ့သတည်း။- 12 သို့ရာတွင်အာခိတ်သည်ဒါဝိဒ်၏စကားကို ယုံကြည်သဖြင့်``ဤလူသည်မိမိဣသရေလ အမျိုးသားတို့၏မုန်းတီးမှုကိုလွန်စွာခံရ ပြီဖြစ်၍တစ်သက်လုံးငါ၏အစေကိုခံရ ပေအံ့'' ဟုတွေးတောလျက်နေ၏။
<- ၁ ရာ 26၁ ရာ 28 ->