3 သို့ရာတွင်ဒါဝိဒ်၏အပေါင်းပါတို့က``ဤ ယုဒပြည်တွင်ပင်လျှင်အကျွန်ုပ်တို့ကြောက် လန့်လျက်နေရကြပါ၏။ ဖိလိတ္တိအမျိုးသား တို့ကိုသွားရောက်တိုက်ခိုက်ပါမူ ပို၍ပင်အခြေ အနေဆိုးရွားပါလိမ့်မည်'' ဟုဆိုကြသဖြင့်၊- 4 ဒါဝိဒ်သည်ထာဝရဘုရားအားတစ်ဖန် လျှောက်ထားမေးမြန်းပြန်၏။ ထာဝရဘုရား က``ကိလမြို့သို့သွားရောက်တိုက်ခိုက်လော့။ ငါ သည်သင့်အားဖိလိတ္တိအမျိုးသားတို့အပေါ် တွင်အောင်ပွဲခံစေမည်'' ဟုမိန့်တော်မူ၏။- 5 ထို့ကြောင့်ဒါဝိဒ်နှင့်သူ၏အပေါင်းပါတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိအမျိုးသားတို့ကို တိုက်ခိုက်ကြ၏။ သူတို့သည်လူအမြောက်အမြား ကိုသတ်ဖြတ်၍သိုးနွားများကိုသိမ်းယူကြ၏။ ဤသို့လျှင်ဒါဝိဒ်သည်ကိလမြို့ကိုကယ်တင် လေသည်။
6 အဟိမလက်၏သားအဗျာသာသည်ထွက် ပြေးလွတ်မြာက်ပြီးနောက် ကိလမြို့ရှိဒါဝိဒ် ထံသို့ဝင်ရောက်လာသောအခါ သူသည်မိမိ နှင့်အတူယဇ်ပုရောဟိတ်သင်တိုင်းကိုယူ ဆောင်လာခဲ့၏။
7 ကိလမြို့သို့ဒါဝိဒ်ရောက်ကြောင်းကိုရှောလု ကြားလျှင်``ထာဝရဘုရားသည်ဒါဝိဒ်အား ငါ၏လက်သို့အပ်တော်မူပြီ။ ဒါဝိဒ်သည်မြို့ ရိုးနှင့်မြို့တံခါးအခိုင်အမာရှိသည့်မြို့ထဲ သို့ရောက်ခြင်းအားဖြင့် ထောင်ချောက်တွင်း သို့သက်ဆင်းလေပြီ'' ဟုဆို၏။- 8 ထို့ကြောင့်ရှောလုသည်စစ်သည်တပ်သားများ အားဆင့်ခေါ်ပြီးလျှင် ကိလမြို့သို့ချီတက် ၍ဒါဝိဒ်နှင့်အပေါင်းပါတို့အားဝိုင်းရံရန် အမိန့်ပေးတော်မူ၏။
9 ဒါဝိဒ်သည်မိမိအား ရှောလုတိုက်ခိုက်ရန်ကြံ စည်လျက်နေကြောင်းကြားလျှင် ယဇ်ပုရော ဟိတ်အဗျာသာအား``သင်တိုင်းတော်ကိုယူ ဆောင်ခဲ့လော့'' ဟုဆို၏။- 10 ထိုနောက်ဒါဝိဒ်က``အို ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၊ ရှောလု သည်ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုး ကြောင့်ကိလမြို့သို့လာရောက်၍ မြို့ကိုဖျက် ဆီးပစ်ရန်ကြံစည်လျက်ရှိကြောင်းကြားရ ပါ၏။- 11 ကိလမြို့သားတို့သည်ကျွန်တော်မျိုးအား ရှောလုလက်သို့ပေးအပ်ကြပါမည်လော။ ကျွန် တော်မျိုးကြားရသည့်အတိုင်း ရှောလုသည် အကယ်ပင်လာရောက်ပါမည်လော။ အို ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကျွန်တော်မျိုးအားဗျာ ဒိတ်ပေးသနားတော်မူပါ'' ဟုလျှောက်၏။
12 ဒါဝိဒ်က``ကိလမြို့သားတို့သည်ကျွန်တော် မျိုးနှင့်အပေါင်းပါတို့အားရှောလုလက်သို့ ပေးအပ်ကြမည်လော'' ဟုတစ်ဖန်မေးလျှောက် ပြန်၏။
13 ထို့ကြောင့်ဒါဝိဒ်နှင့်ခြောက်ရာခန့်ရှိသောအပေါင်း ပါတို့သည် ချက်ချင်းပင်ကိလမြို့မှထွက်၍သင့် ရာသို့ဆုတ်ခွာသွားကြ၏။ ကိလမြို့မှဒါဝိဒ် ထွက်ပြေးသွားကြောင်းရှောလုကြားသိသော အခါ မိမိ၏အကြံအစည်ကိုဖျက်သိမ်းလိုက် လေသည်။
19 ဇိဖအရပ်မှလူအချို့တို့သည်ရှောလုရှိ ရာဂိဗာမြို့သို့သွား၍``ဒါဝိဒ်သည်အကျွန်ုပ် တို့၏နယ်အတွင်းယုဒတောကန္တာရတောင် ပိုင်း၊ ဟခိလတောင်ထိပ်ပေါ်ရှိဟောရေရှ အရပ်တွင်ပုန်းအောင်းနေပါသည်။-[b] 20 အရှင်မင်းကြီး၊ ကိုယ်တော်သည်သူ့အားအလွန် ပင်ဖမ်းဆီးရမိလိုကြောင်းကိုအကျွန်ုပ်တို့ သိကြပါ၏။ သို့ဖြစ်၍အကျွန်ုပ်တို့၏နယ် သို့ကြွတော်မူပါ။ သူ့အားဖမ်းမိရန်အကျွန်ုပ် တို့တာဝန်ယူပါမည်'' ဟုလျှောက်ထားကြ၏။
21 ရှောလုက``ဤသို့ငါ့အပေါ်တွင်ကရုဏာ ထားကြသည့်အတွက် သင်တို့အားထာဝရ ဘုရားကောင်းချီးပေးတော်မူပါစေသော။- 22 သင်တို့သည်သွား၍တစ်ဖန်သေချာအောင် ပြုကြလော့။ သူသည်အဘယ်အရပ်တွင်ရှိ သည်ကိုလည်းကောင်း၊ ထိုအရပ်တွင်သူ့အား အဘယ်သူတွေ့ရှိခဲ့သည်ကိုလည်းကောင်း အသေအချာစုံစမ်းကြလော့။ သူသည် အလွန်ပါးနပ်လိမ္မာသည်ဟုငါကြားသိ ရသည်။- 23 သူပုန်းအောင်းနေသည့်အရပ်များကိုတိကျ သေချာစွာမှတ်သားပြီးမှ ငါ့ထံသို့ချက် ချင်းသတင်းပေးပို့လော့။ ထိုအခါသင်တို့ နှင့်အတူငါလိုက်၍ရှာဖွေမည်။ ဒါဝိဒ်သည် ယုဒပြည်တွင်ရှိနေသေးလျှင် ငါသည်ယုဒ ပြည်တစ်လျှောက်လုံးကိုပင်လိုက်လံရှာဖွေ ရစေကာမူသူ့ကိုမိအောင်ဖမ်းမည်'' ဟု မိန့်တော်မူ၏။
24 သို့ဖြစ်၍ထိုသူတို့သည်ရှောလု၏အလျင် ဇိဖအရပ်သို့ပြန်လည်ထွက်ခွာလာခဲ့ကြ ၏။ ဒါဝိဒ်နှင့်အပေါင်းပါတို့သည်ယေရှိမုန် မြို့တောင်ဘက်၊ အာရဗာချိုင့်ဝှမ်းရှိမောန တောကန္တာရတွင်ရှိနေကြ၏။- 25 ရှောလုနှင့်စစ်သည်တပ်သားတို့သည်ဒါဝိဒ် ကိုရှာရန်ထွက်လာကြ၏။ သို့ရာတွင်ထို အကြောင်းကိုဒါဝိဒ်ကြားသိရလျှင် မောန တောကန္တာရရှိကျောက်တောင်သို့သွားရောက် ပုန်းအောင်းလေသည်။ ဤအကြောင်းကို ကြားသောအခါ ရှောလုသည်ဒါဝိဒ်ရှိ ရာသို့လိုက်၍ရှာတော်မူ၏။- 26 ရှောလုနှင့်တပ်သားများကတောင်တစ်ဘက် တွင်ရှိ၍ ဒါဝိဒ်နှင့်အပေါင်းပါတို့ကအခြား တစ်ဘက်တွင်ရှိကြ၏။ ရှောလုနှင့်တပ်သား တို့သည်ဒါဝိဒ်တို့လူစုအားဖမ်းမိခါနီး ပြီဖြစ်၍ ဒါဝိဒ်တို့လူစုသည်လွတ်မြောက် ရန်ကြိုးစားနေစဉ်၊- 27 ခြေလျင်တော်သည်ရှောလုထံသို့ရောက်ရှိ လာ၍``ဖိလိတ္တိအမျိုးသားတို့သည်အကျွန်ုပ် တို့၏ပြည်ကိုချင်းနင်းဝင်ရောက်လျက်နေ ပါပြီ။ ချက်ချင်းပြန်၍ကြွတော်မူပါ'' ဟုမင်းကြီးအားလျှောက်ထားသဖြင့်၊- 28 ရှောလုသည်ဒါဝိဒ်ကိုဆက်၍လိုက်လံဖမ်း ဆီးမှုမပြုတော့ဘဲ ဖိလိတ္တိအမျိုးသား တို့အားတိုက်ခိုက်ရန်ချီသွားတော်မူ၏။ ထို အရပ်တွင်သူတို့နှစ်စုအားခွဲခြားထား သည်ကိုအကြောင်းပြု၍ ထိုအရပ်ကို``ခွဲ ခြားထားသောတောင်'' ဟုခေါ်ဝေါ်သမုတ် ကြသတည်း။- 29 ဒါဝိဒ်သည်ထိုနေရာမှထွက်ခွာ၍ အင်္ဂေဒိ ဒေသသို့သွားရောက်ပုန်းအောင်းလျက်နေ လေသည်။
<- ၁ ရာ 22၁ ရာ 24 ->