2 နာဟတ်က``ဣသရေလအမျိုးသားတစ် ရပ်လုံးအသရေပျက်စေရန် သင်တို့၏ညာ မျက်စိရှိသမျှကိုဖောက်ပစ်ခွင့်ပေးမှသာ ငါသည်သင်တို့နှင့်မဟာမိတ်စာချုပ်ချုပ် ဆိုနိုင်မည်'' ဟုဆို၏။
3 ယာဗက်မြို့သားခေါင်းဆောင်များက``ဣသရေလ ပြည်တစ်လျှောက်လုံးသို့တမန်များစေလွှတ်၍ သတင်းပေးပို့နိုင်ရန်အကျွန်ုပ်တို့အားခုနစ် ရက်မျှအခွင့်ပေးပါ။ အကယ်၍အကျွန်ုပ်တို့ အားကူမမည့်သူမရှိပါကအရှင့်ထံတွင် အညံ့ခံပါမည်'' ဟုလျှောက်ကြ၏။
4 စေတမန်တို့သည်ရှောလုနေထိုင်ရာဂိဗာ မြို့သို့ရောက်ရှိလာလျက် ထိုသတင်းကိုပြော ကြားကြသောအခါ လူတို့သည်စိတ်ပျက် အားလျော့လျက်ငိုကြွေးကြကုန်၏။- 5 ထိုအချိန်၌ရှောလုသည်မိမိ၏နွားများ နှင့်အတူ လယ်တောမှပြန်လည်ရောက်ရှိလာ ကာ``အကြောင်းကားအဘယ်သို့နည်း။ လူ အပေါင်းတို့သည်အဘယ်ကြောင့်ငိုကြွေး နေကြပါသနည်း'' ဟုမေး၏။ လူတို့သည် ယာဗက်မြို့မှစေတမန်တို့ယူဆောင်လာ သောသတင်းကိုသူ့အားပြောကြားကြ၏။- 6 ထိုသတင်းကိုရှောလုကြားရချိန်၌ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ ၏အပေါ်သို့သက်ရောက်တော်မူသဖြင့် သူသည်ပြင်းစွာအမျက်ထွက်ကာ၊- 7 နွားနှစ်ကောင်ကိုယူ၍အပိုင်းပိုင်းခုတ်ဖြတ် လျက် စေတမန်တို့အားဣသရေလပြည် တစ်လျှောက်လုံးသို့ယူဆောင်သွားစေပြီး လျှင်``စစ်ပွဲဝင်ရန်ရှောလုနှင့်ရှမွေလတို့ နောက်သို့မလိုက်သူမှန်သမျှ၏နွားများ သည် ဤနည်းအတိုင်းခုတ်ဖြတ်ခြင်းကို ခံရကြလိမ့်မည်'' ဟုသတိပေးစေ၏။
11 နောက်တစ်နေ့နံနက်၌ရှောလုသည်မိမိ ၏လူတို့ကိုသုံးတပ်ခွဲပြီးလျှင် အရုဏ် တက်ချိန်၌ ရန်သူတပ်စခန်းကိုအတင်း ဝင်၍တိုက်ခိုက်ရာမွန်းတည့်ချိန်ရောက်သော် အမ္မုန်အမျိုးသားတို့ကျဆုံးကြကုန်၏။ မသေဘဲကြွင်းကျန်နေသူတို့သည်လည်း တကွဲတပြားကိုယ်လွတ်ရုန်း၍ထွက်ပြေး ကြလေသည်။
12 ထိုအခါဣသရေလအမျိုးသားတို့က ရှမွေလအား``ရှောလုသည်အကျွန်ုပ်တို့၏ ဘုရင်မဖြစ်ထိုက်ဟုဆိုသောသူတို့အဘယ် မှာရှိပါသနည်း။ သူတို့ကိုအကျွန်ုပ်တို့လက် သို့ပေးအပ်ပါ။ သူတို့အားအကျွန်ုပ်တို့ အဆုံးစီရင်ကြပါမည်'' ဟုလျှောက်ကြ၏။
13 သို့ရာတွင်ရှောလုက``ဤနေ့သည်ဣသရေလ အမျိုးသားတို့အား ထာဝရဘုရားကယ်ဆယ် တော်မူသောနေ့ဖြစ်၏။ ယနေ့အဘယ်သူကို မျှမသတ်ရ'' ဟုဆို၏။- 14 ရှမွေလကလည်း``ငါတို့အပေါင်းသည်ဂိလ ဂါလမြို့သို့သွား၍ရှောလုအား ငါတို့ ဘုရင်အဖြစ်ဖြင့်ထပ်မံကြွေးကြော်တင် မြှောက်ကြကုန်အံ့'' ဟုဆို၏။- 15 သို့ဖြစ်၍သူတို့အားလုံးပင်ဂိလဂါလ မြို့သို့သွားပြီးလျှင် သန့်ရှင်းရာဌာနတော် တွင်ရှောလုအားဘုရင်အဖြစ်ကြွေးကြော် တင်မြှောက်ကြလေသည်။ သူတို့သည်မိတ် သဟာယယဇ်ကိုပူဇော်ကြ၏။ ရှောလုနှင့် ဣသရေလအမျိုးသားတစ်ရပ်လုံးသည် လည်းပျော်ပွဲရွှင်ပွဲကိုဆင်နွှဲကြ၏။
<- ၁ ရာ 10၁ ရာ 12 ->