6 ထောက်တိုင်များပါသောခန်းမဆောင်မှာအလျား ခုနစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်ငါးပေရှိ၏။ ၎င်း၏မျက်နှာစာမှာတိုင်များနှင့်တကွ အမိုးရှိ၏။
7 အမှုအခင်းများကိုရှောလမုန်စစ်ဆေးစီရင် သည့် တရားစီရင်ရာခန်းမဆောင်ဟုခေါ်သော ရာဇပလ္လင်ခန်းကိုကြမ်းပြင်မှဒိုင်းများအထိ သစ်ကတိုးသားပျဉ်ဖြင့်ခင်းကာထားလေ သည်။
8 တရားစီရင်ရာခန်းမဆောင်၏နောက်၌ တံ တိုင်းတစ်ခုအတွင်းတွင်ရှောလမုန်၏စံနန်း ဆောင်ကို အခြားအဆောက်အအုံများနည်း တူဆောက်လုပ်ထား၏။ မင်းကြီးသည်မိမိ၏ မိဖုရားဖြစ်သူအီဂျစ်ဘုရင်၏သမီး တော်အတွက် စံအိမ်တော်ကိုလည်းမိမိ၏ စံနန်းကဲ့သို့ပင်ဆောက်လုပ်တော်မူလေ သည်။[b]
9 ဤအဆောက်အအုံရှိသမျှကိုအမြစ်မှ တံစက်မြိတ်တိုင်အောင် ကျောက်တုံးများဖြင့် ဆောက်လုပ်ထား၏။ ထိုကျောက်တို့ကိုကျောက် ခွဲစခန်းတွင်အတိုင်းအတာအရ ဆစ်၍ အတွင်းအပြင်တို့ကိုလွှဖြင့်ညှိထား လေသည်။- 10 အမြစ်တည်ဆောက်သည့်ကျောက်များမှာကျောက် ခွဲစခန်းတွင်ဆစ်ထားသည့်ကျောက်တုံးကြီး များဖြစ်၍ အချို့မှာအလျားတစ်ဆယ့်နှစ်ပေ၊ အချို့မှာတစ်ဆယ့်ငါးပေရှိသတည်း။- 11 ကျောက်တုံးကြီးများအပေါ်တွင်ထပ်ဆင့်၍ အတိုင်းအတာအရဆစ်ထားသည့်အခြား ကျောက်များ၊ သစ်ကတိုးယက်မတုံးများ နှင့်တည်ဆောက်ထား၏။- 12 နန်းတော်တံတိုင်း၊ ဗိမာန်တော်တံတိုင်းနှင့်ဗိမာန် တော်မုခ်ဦးဆောင်နံရံတို့ကိုဆစ်ပြီးကျောက် သုံးထပ်လျှင် သစ်ကတိုး၊ ယက်မတုံးတစ်ထပ် ကျဖြင့်တည်ဆောက်ထားသတည်း။
15 ဟိရံသည်အမြင့်နှစ်ဆယ့်ခုနစ်ပေ၊ လုံးပတ် တစ်ဆယ့်ရှစ်ပေရှိသောကြေးဝါတိုင်ကြီး နှစ်လုံးကိုသွန်းလုပ်၍ ဗိမာန်တော်အဝင်ဝ မှာထားရှိ၏။- 16 ထိုတိုင်ကြီးများထိပ်တွင်တပ်ဆင်ရန် အမြင့် ခုနစ်ပေခွဲရှိကြေးဝါတိုင်အုပ်နှစ်ခုကို လည်းပြုလုပ်လေသည်။- 17 တိုင်ထိပ်တိုင်းကိုလည်းကြေးဝါကွန်ရွက်များ ဖြင့်လည်းကောင်း၊- 18 ကြေးဝါသလဲသီးကုံးနှစ်ကုံးဖြင့်လည်း ကောင်းမွမ်းမံထား၏။
19 တိုင်ထိပ်အုပ်များကို အမြင့်ခြောက်ပေရှိသည့် ကြာပွင့်ပုံသဏ္ဌာန်ပြုလုပ်၍၊- 20 ကွန်ရက်ပုံ၏အထက်ရှိထုပ်ကာအပေါ်၌တပ် ဆင်ထားလေသည်။ တိုင်ထိပ်အုပ်တစ်ခုစီ၏ပတ် လည်ရှိသလဲသီးကုံးနှစ်ကုံးတွင် သလဲသီး လုံးရေနှစ်ရာရှိသတည်း။
21 ဟိရံသည်ဤကြေးဝါတိုင်ကြီးနှစ်လုံးကို ဗိမာန်တော်အဝင်ဝရှေ့၌စိုက်ထူထားပြီး လျှင် တောင်ဘက်တိုင်ကိုယာခိန်၊ မြောက်ဘက်တိုင် ကိုဗောဇဟူ၍လည်းကောင်းနာမည်မှည့်၏။- 22 ထိုတိုင်ကြီးတို့တွင်ကြာပွင့်ပုံသဏ္ဌာန်တိုင် ထိပ်အုပ်များရှိလေသည်။ သို့ဖြစ်၍တိုင်ကြီး များသွန်းလုပ်သည့်လုပ်ငန်းမှာပြီးဆုံး သတည်း။
23 ဟိရံသည်အနက်ခုနစ်ပေခွဲ၊ အချင်းတစ်ဆယ့် ငါးပေ၊ အဝန်းလေးဆယ့်ငါးပေရှိသောကြေး ဝါရေကန်ဝိုင်းကိုသွန်းလုပ်၏။- 24 ရေကန်၏အပြင်အနားပတ်လည်၌ဘူးသီး တန်းနှစ်တန်းကို ရေကန်ကြီးနှင့်တစ်စပ်တည်း သွန်းလုပ်လေသည်။- 25 ရေကန်ကိုအရပ်တစ်မျက်နှာလျှင်သုံးကောင်ကျ အပြင်သို့မျက်နှာမူလျက်နေသည့်ကြေးဝါ နွားတစ်ဆယ့်နှစ်ကောင်၏ကျောကုန်းပေါ်တွင် တင်ထား၏။- 26 ရေကန်ဘောင်သည်ထုသုံးလက်မရှိ၍အပေါ် အနားမှာ ဖလားအနားကဲ့သို့ကြာပွင့်ချပ် သဏ္ဌာန်ရှိလေသည်။ ထိုရေကန်သည်ဂါလံတစ် သောင်းဝင်သတည်း။
38 ဟိရံသည်လှည်းတစ်စီးလျှင်အင်တုံတစ်လုံး ကျဖြင့် အင်တုံဆယ်လုံးကိုလည်းသွန်းလုပ်၏။ အင်တုံတစ်လုံးလျှင်အချင်းခြောက်ပေရှိ၍ ဂါလံနှစ်ရာဝင်လေသည်။-[c] 39 ဟိရံသည်ဗိမာန်တော်တောင်ဘက်၌လှည်းငါးစီး၊ မြောက်ဘက်၌အခြားလှည်းငါးစီးကိုနေရာချ ထား၍ ရေကန်ကိုမူအရှေ့တောင်ထောင့်၌ထား၏။
40-45 ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ ခွက်ဖလားများ ကိုလည်းပြုလုပ်၏။ သူသည်ထာဝရဘုရား၏ ဗိမာန်တော်အတွက် ရှောလမုန်မင်းစေခိုင်းသမျှ သောအလုပ်တို့ကိုပြီးစီးအောင်ဆောင်ရွက်လေ သည်။ သူပြုလုပ်သောပစ္စည်းများမှာအောက်ပါ အတိုင်းဖြစ်လေသည်။
48 ရှောလမုန်သည်ဗိမာန်တော်အတွက် ရွှေတန်ဆာ များကိုလည်းပြုလုပ်စေတော်မူ၏။ ယင်းတို့မှ ယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊-[d] 49 အလွန်သန့်ရှင်းရာဌာနတော်ရှေ့၌လက်ယာ ဘက်တွင်ထားရှိသည့် မီးတင်ခုံငါးခုနှင့်လက် ဝဲဘက်တွင်ထားရှိသည့်မီးတင်ခုံငါးခု၊ ရွှေ ပန်းပွင့်များ၊ ရွှေမီးခွက်များနှင့်မီးကိုင်တန် ဆာများ၊-[e] 50 ရွှေခွက်များ၊ ရွှေမီးညှပ်များ၊ ရွှေလင်ပန်းများ၊ ရွှေဇွန်းများ၊ ရွှေပြာခံအိုးများနှင့်ဗိမာန် တော်အတွင်းသန့်ရှင်းရာဌာနတံခါးများနှင့် ဗိမာန်တော်အပြင်ခန်းတံခါးများအတွက် ရွှေပတ္တာများဖြစ်လေသည်။
51 ဗိမာန်တော်အတွက်လုပ်ကိုင်ရန် ရှိသမျှသော အလုပ်တို့ကိုလက်စသတ်ပြီးနောက် ရှောလမုန် မင်းသည်ထာဝရဘုရားအားခမည်းတော် ဒါဝိဒ်ဆက်ကပ်ပူဇော်ထားခဲ့သည့် ရွှေ၊ ငွေ၊ နှင့် အခြားပစ္စည်းများကိုဗိမာန်တော်ပစ္စည်းသို လှောင်ရာအခန်းများတွင်သိမ်းဆည်းထား တော်မူ၏။[f]
<- ၃ ရာ 6၃ ရာ 8 ->