7 ယင်းသို့ထွက်ခွာသွားစဉ်သြဗဒိသည် ဧလိယ နှင့်ရုတ်တရက်တွေ့ဆုံမိလေသည်။ သူသည် ဧလိယကိုမှတ်မိသဖြင့်ဦးညွှတ်ပျပ်ဝပ် ၍``အရှင်သည်အကျွန်ုပ်သခင်ဧလိယပါ လော'' ဟုမေး၏။
8 ဧလိယကလည်း``ဟုတ်ပါသည်။ သင်သည်သင် ၏အရှင်ဘုရင်မင်းမြတ်ထံသို့သွား၍ ဤအရပ် တွင်ငါရှိကြောင်းလျှောက်ထားလော့'' ဟုဆို၏။
9 သြဗဒိက``အကျွန်ုပ်သည်အဘယ်အမှုကိုပြု မိသည့်အတွက် အရှင်သည်အကျွန်ုပ်အားအာဟပ် မင်း၏လက်တွင်အသတ်ခံရစေရန် ဤသို့ခိုင်း စေတော်မူလိုပါသနည်း။- 10 မင်းကြီးသည်အရှင့်အားကမ္ဘာပေါ်ရှိနိုင်ငံတကာ တွင်ရှာဖွေစေကြောင်းကို အသက်ရှင်တော်မူသော ထာဝရဘုရားတည်းဟူသောအရှင်၏ဘုရားသခင်ကိုတိုင်တည်၍အကျွန်ုပ်ကျိန်ဆိုပါ၏။ ဤ မည်သောနိုင်ငံတွင်ဧလိယမရှိပါဟုဆိုသော မင်းအား မင်းကြီးကအကယ်ပင်ရှာ၍မတွေ့ ကြောင်းကိုသစ္စာဆိုစေပါ၏။- 11 ယခုအရှင်သည်အကျွန်ုပ်အားအာဟပ်မင်း ထံသို့သွား၍ ဤအရပ်တွင်အရှင်ရှိနေ ကြောင်းလျှောက်ထားစေပါ၏။- 12 အကယ်၍ထာဝရဘုရား၏ဝိညာဉ်တော် သည်အကျွန်ုပ်ထွက်ခွာသွားသည်နှင့်တစ်ပြိုင် နက် အရှင့်အားအကျွန်ုပ်မသိသည့်အရပ်သို့ ခေါ်ဆောင်သွားခဲ့သော် အကျွန်ုပ်အဘယ်သို့ ပြုရပါမည်နည်း။ ဤအရပ်တွင်အရှင်ရှိ နေကြောင်းမင်းကြီးအားအကျွန်ုပ်လျှောက်ထား ပြီးနောက် မင်းကြီးသည်အရှင်အားမတွေ့ ရပါကအကျွန်ုပ်ကိုသတ်ပါလိမ့်မည်။ အကျွန်ုပ်သည်သူငယ်အရွယ်မှအစပြု ၍ထာဝရဘုရားအားအလွန်ကြည်ညို လေးမြတ်ခဲ့သူဖြစ်ကြောင်းအောက်မေ့ သတိရတော်မူပါ။- 13 ထာဝရဘုရား၏ပရောဖက်များကိုယေဇ ဗေလသတ်နေသောအခါ၌ အကျွန်ုပ်သည် ပရောဖက်တစ်ရာကိုငါးဆယ်စီနှစ်စုခွဲ၍ ဂူများတွင်ဝှက်ထားကာ အစာရေစာကျွေး မွေးခဲ့ကြောင်းကိုအရှင်ကြားတော်မမူပါ သလော။- 14 သို့ဖြစ်၍အရှင်သည်အဘယ်သို့လျှင် အကျွန်ုပ် အားမင်းကြီးထံသို့စေလွှတ်၍ ဤအရပ်တွင် အရှင်ရှိတော်မူကြောင်းလျှောက်ထားစေနိုင် ပါမည်နည်း။ သူသည်အကျွန်ုပ်အားသတ် ပါလိမ့်မည်'' ဟုဆို၏။
15 ဧလိယက``ငါသည်ယနေ့မင်းကြီး၏ရှေ့တော် သို့ဝင်မည်ဖြစ်ကြောင်း ငါကိုးကွယ်သောအနန္တ တန်ခိုးရှင်ထာဝရဘုရားကိုတိုင်တည်၍ ကတိပြုပါ၏'' ဟုဆို၏။
16 ထို့ကြောင့်သြဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက်ထားရာ အာဟပ်သည်ဧလိယနှင့်တွေ့ဆုံ ရန်ကြွလာတော်မူ၏။- 17 ဧလိယကိုမြင်သောအခါအာဟပ်က``ဣသ ရေလပြည်တွင်ဒုက္ခပေးသူကိုယခုငါတွေ့ ပြီ'' ဟုဆို၏။
18 ဧလိယက``ဒုက္ခပေးသူမှာငါမဟုတ်။ ဒုက္ခပေး သူများမှာသင်နှင့်သင်၏ခမည်းတော်သာလျှင် ဖြစ်ပါသည်။ သင်သည်ထာဝရဘုရား၏ပညတ် တော်တို့ကိုလွန်ဆန်၍ ဗာလဘုရား၏ရုပ်တု များကိုရှိခိုးဝတ်ပြုလျက်နေပေသည်။- 19 ဣသရေလပြည်သူအပေါင်းတို့အားကရ မေလတောင်ထိပ်တွင်ငါနှင့်တွေ့ဆုံကြရန် အမိန့်ပေးပါလော့။ ယေဇဗေလမိဖုရား ထောက်ပံ့ကျွေးမွေးထားသည့်ဗာလပရောဖက် လေးရာ့ငါးဆယ်နှင့်အာရှရဘုရားမ၏ ပရောဖက်လေးရာတို့ကိုလည်းခေါ်ဖိတ်ပါ လော့'' ဟုပြန်ပြော၏။
20 သို့ဖြစ်၍အာဟပ်သည်ဣသရေလအမျိုး သားအပေါင်းနှင့် ဗာလပရောဖက်တို့ကို ကရမေလတောင်ထိပ်သို့စုရုံးစေတော်မူ၏။- 21 ဧလိယသည်ထိုလူတို့ထံသို့ချဉ်းကပ်၍``သင် တို့သည်အဘယ်မျှကြာအောင်စိတ်ဇဝေဇဝါ ရှိနေကြပါမည်နည်း။ ထာဝရဘုရားသည် ဘုရားအမှန်ဖြစ်လျှင် ကိုယ်တော်အားဝတ်ပြု ကိုးကွယ်ကြလော့။ ဗာလသည်ဘုရားအမှန် ဖြစ်လျှင်မူကားသူ့အားဝတ်ပြုကိုးကွယ် ကြလော့'' ဟုဆို၏။ သို့ရာတွင်လူတို့သည် မည်သို့မျှပြန်၍မပြောကြ။- 22 ထိုအခါဧလိယက``ထာဝရဘုရား၏ ပရောဖက်များအနက် ငါတစ်ဦးတည်းကျန် ရှိနေ၏။ ဗာလပရောဖက်များမူကားလေး ရာငါးဆယ်ရှိပေသည်။- 23 နွားလားဥသဘနှစ်ကောင်ကိုယူပြီးလျှင် တစ်ကောင်ကိုထိုသူတို့အားပေးကြလော့။ သူတို့သည်ထိုနွားကိုသတ်၍အပိုင်းပိုင်း ခုတ်ပြီးလျှင်ထင်းများအပေါ်တွင်တင်ထား ကြပါစေ။ သို့ရာတွင်မီးမညှိစေကြနှင့်။ ငါသည်အခြားနွားတစ်ကောင်ကိုထိုနည်း တူပြုမည်။- 24 ထို့နောက်ဗာလပရောဖက်တို့သည်မိမိတို့ ဘုရားထံသို့ဆုတောင်းကြစေ။ ငါသည်လည်း ထာဝရဘုရားထံတော်သို့ဆုတောင်းမည်။ ငါတို့အသီးသီးပြုသည့်ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူ၍ မီးကိုချပေးတော် မူသောအရှင်သည်ဘုရားအမှန်ဖြစ်၏'' ဟု ဆိုလေသည်။
25 ထိုအခါဧလိယသည် ဗာလပရောဖက်တို့ အား``သင်တို့ကအရေအတွက်အားဖြင့်များ သည်ဖြစ်သောကြောင့် နွားတစ်ကောင်ကိုဦးစွာ ယူ၍ပြင်ဆင်ကြလော့။ သင်တို့၏ဘုရားထံ သို့ဆုတောင်းပတ္ထနာပြုကြလော့။ ထင်းများ ကိုမူမီးမညှိကြနှင့်'' ဟုဆို၏။
26 သူတို့သည်လည်းမိမိတို့ထံသို့ယူဆောင် လာသောနွားကိုယဇ်ပူဇော်ရန်အတွက် ပြင် ဆင်ကြပြီးလျှင်ဗာလဘုရားထံသို့မွန်း တည့်ချိန်တိုင်အောင်ဆုတောင်းပတ္ထနာပြု ကြ၏။ သူတို့က``အို ဗာလဘုရား၊ အကျွန်ုပ် တို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ ပါ'' ဟုဟစ်အော်ကြပြီးလျှင် မိမိတို့တည် ဆောက်ထားသည့်ယဇ်ပလ္လင်၏ပတ်လည်တွင် ကလျက်နေကြ၏။ သို့ရာတွင်ဗာလဘုရား ထံမှမည်သို့မျှအဖြေမရကြ။
27 မွန်းတည့်ချိန်၌ဧလိယသည်သူတို့အား``သင် တို့သည်ပို၍အသံကျယ်စွာဆုတောင်းကြ လော့။ ဗာလကားဘုရားပေတည်း။ သူသည်ဆင် ခြင်စဉ်စားလျက်သော်လည်းကောင်း၊ တပိုတပါး သွားလျက်သော်လည်းကောင်း၊ ခရီးလွန်၍သော် လည်းကောင်းနေပေမည်။ ထိုသို့မဟုတ်လျှင်လည်း အိပ်လျက်နေကောင်းနေမည်ဖြစ်၍သူ့အား နှိုးရကြမည်'' ဟုပြက်ရယ်ပြု၍ဆို၏။- 28 သို့ဖြစ်၍ဗာလပရောဖက်တို့သည်ပို၍အသံ ကျယ်စွာဆုတောင်းလျက် ဋ္ဌလေ့ထုံးစံရှိသည့် အတိုင်းဋ္ဌားနှင့်ဋ္ဌားမြှောင်များဖြင့်သွေးယို စီးလာသည့်တိုင်အောင်ကိုယ်ကိုရှစေကြ လေသည်။- 29 သူတို့သည်ညနေစောင်းတိုင်အောင်ကျယ်လောင် စွာဟစ်အော်ကြသော်လည်းအဖြေမရကြ။ မည်သည့်အသံကိုလည်းမကြားရကြ။
30 ထို့နောက်ဧလိယကလူတို့အား``ငါ့အနီး သို့လာကြလော့'' ဟုဆိုသဖြင့် လူတို့သည် သူ၏ပတ်လည်သို့လာရောက်စုရုံးကြသော အခါ ဧလိယသည်ဖြိုချထားသည့်ထာဝရ ဘုရား၏ယဇ်ပလ္လင်ကိုပြန်၍ပြုပြင်၏။- 31 သူသည်ဣသရေလဟူသောနာမည်ဖြင့် ထာဝရဘုရားသမုတ်တော်မူသူ ယာကုပ်မှ ဆင်းသက်လာသောတစ်ဆယ့်နှစ်နွယ်ကိုရည် စူး၍ကျောက်ဆယ့်နှစ်လုံးကိုယူပြီးလျှင်၊-[a] 32 ထာဝရဘုရားကိုကိုးကွယ်ဝတ်ပြုရန်ယဇ် ပလ္လင်ကိုတည်လေသည်။ ထိုယဇ်ပလ္လင်၏ပတ်လည် ၌ရေလေးဂါလံခန့်ဝင်သည့်မြောင်းကိုတူး၏။- 33 ထို့နောက်ထင်းကိုယဇ်ပလ္လင်ပေါ်တွင်စီ၍တင် ပြီးနောက် နွားကိုအပိုင်းပိုင်းခုတ်၍ထင်းပေါ်တွင် တင်ထားလေသည်။ သူက``အိုးလေးလုံးကိုရေ အပြည့်ခပ်၍ပူဇော်သကာနှင့်ထင်းပေါ်သို့ လောင်းလော့'' ဟုဆိုသည့်အတိုင်းလူတို့ လောင်းပြီးသောအခါ၊- 34 ဧလိယက``တစ်ဖန်လောင်းဦးလော့'' ဟုဆို၏။ လူတို့သည်နောက်တစ်ကြိမ်လောင်းပြီးသောအခါ ဧလိယက``ထပ်မံ၍လောင်းဦးလော့'' ဟုဆို ပြန်၏။ လူတို့သည်လည်းထပ်မံ၍လောင်းကြ သဖြင့်၊- 35 ရေသည်ယဇ်ပလ္လင်ပတ်လည်သို့စီး၍မြောင်း သည်ရေပြည့်လေ၏။
36 ညဥ့်ဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ ပရောဖက်ဧလိယသည်ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်၍``အို အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ ၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်၍ဤအမှု အရာအလုံးစုံကို ကိုယ်တော်၏အမိန့်တော် အရပြုကြောင်းကိုလည်းကောင်းယနေ့သိ ကြပါစေသော။- 37 အို ထာဝရဘုရား၊ ကိုယ်တော်ထာဝရအရှင် သည် ဘုရားအမှန်ပင်ဖြစ်တော်မူကြောင်းကို လည်းကောင်း၊ ဤသူတို့အားအထံတော်သို့ပြန် လည်ခေါ်ယူလျက်နေတော်မူကြောင်းကိုလည်း ကောင်း ဤလူတို့သိစေခြင်းငှာအကျွန်ုပ်အား ဖြေကြားတော်မူပါ။ ဖြေကြားတော်မူပါ'' ဟု ဆုတောင်းလေ၏။
38 ထာဝရဘုရားသည်မီးကိုချပေးတော်မူသဖြင့် ယဇ်ပူဇော်သကာနှင့်တကွထင်းနှင့်ကျောက်တုံးများ ပါကျွမ်းလောင်သွားသည့်အပြင် မြေကြီးသည်လည်း မီးကျွမ်း၍မြောင်းထဲရှိရေကိုခန်းခြောက်စေ၏။- 39 ဤအခြင်းအရာကိုမြင်သောအခါ လူတို့သည် မိမိတို့ကိုယ်ကိုမြေပေါ်တွင်လှဲချကာ``ထာဝရ ဘုရားသည်ဘုရားအမှန်ပင်ဖြစ်ပေသည်။ ထာဝရ ဘုရားတစ်ပါးတည်းသာလျှင်ဘုရားအမှန်ဖြစ် ပါသည်တကား'' ဟုကြွေးကြော်ကြကုန်၏။
40 ဧလိယက``ဗာလပရောဖက်တို့ကိုဖမ်းဆီးကြ လော့။ တစ်ယောက်မျှထွက်မပြေးစေကြနှင့်'' ဟု အမိန့်ပေး၏။ လူတို့သည်ပရောဖက်အားလုံးကို ဖမ်းဆီး၍ပေးသဖြင့် ဧလိယသည်သူတို့အား ကိရှုန်ချောင်းသို့ထုတ်သွားပြီးလျှင်ကွပ်မျက် လေ၏။
45 အချိန်အနည်းငယ်အတွင်း၌ပင်ကောင်းကင် ပြင်တွင် တိမ်မည်းများအုပ်ဆိုင်းလာပြီးလျှင် လေတိုက်လျက်မိုးသည်းထန်စွာရွာသွန်းလေ၏။ အာဟပ်သည်လည်းရထားပေါ်သို့တက်၍ ယေဇရေလမြို့သို့ထွက်ခွာသွား၏။-[b] 46 ထာဝရဘုရား၏တန်ခိုးတော်သည်ဧလိယ အပေါ်သို့သက်ရောက်သဖြင့် သူသည်မိမိ၏ ဝတ်လုံကိုခါးတွင်စည်း၍ယေဇရေလမြို့ သို့ရောက်သည့်တိုင်အောင်အာဟပ်၏ရှေ့က ပြေးလေ၏။
<- ၃ ရာ 17၃ ရာ 19 ->