6 ဤသို့ဆိုရာ၌ငါသည်သင်တို့အားအမိန့်ပေး ခြင်းမဟုတ်။ ခွင့်ပြုခြင်းသာဖြစ်၏။- 7 အကယ်စင်စစ်ငါသည်လူတိုင်းကိုငါကဲ့သို့ပင် ဖြစ်စေလို၏။ သို့ရာတွင်ဘုရားသခင်သည်လူ တစ်ဦးစီအားထူးခြားသည့်ဆုကျေးဇူးကို ပေးတော်မူ၏။
8 သို့ဖြစ်၍အိမ်ထောင်မရှိသူများနှင့်မုဆိုးမ များအား ငါကဲ့သို့တစ်ကိုယ်တည်းဆက်လက်နေ ထိုင်နိုင်လျှင်ပို၍ကောင်းလိမ့်မည်။- 9 သို့သော်သင်တို့၏စိတ်ကိုမချုပ်တည်းနိုင်လျှင်မူ ကား အိမ်ထောင်ပြုကြလော့။ စိတ်ပူလောင်ခြင်းရှိ သည်ထက်အိမ်ထောင်ပြုခြင်းကပို၍ကောင်းလိမ့် မည်။
10 အိမ်ထောင်သည်များအားငါပညတ်လို၏။ ယင်း ပညတ်မှာငါ၏ပညတ်မဟုတ်။ သခင်ဘုရား ၏ပညတ်ဖြစ်၏။ မယားသည်မိမိ၏လင်နှင့် ခွဲခွာ၍မနေရ။- 11 ခွဲခွာ၍နေလျှင်လည်းနောက်ထပ်အိမ်ထောင် မပြုဘဲနေရမည်။ သို့မဟုတ်မိမိလင်နှင့် ပြန်လည်၍ပေါင်းသင်းရမည်။ လင်သည်လည်း မိမိမယားကိုမကွာမရှင်းရ။-[a] 12 (သခင်ဘုရားပညတ်တော်မမူသော်လည်း) အခြားသူတို့အားငါပညတ်လိုသည်မှာ ယုံကြည်သူအမျိုးသားတစ်ယောက်သည် မယုံကြည်သူမယားရှိက ထိုအမျိုးသမီး ကဆက်လက်ပေါင်းသင်းနေလိုပါမူ သူ့အား မကွာမရှင်းရဟူ၍ပင်ဖြစ်၏။- 13 ထိုနည်းတူယုံကြည်သူအမျိုးသမီးတစ်ယောက် သည် မယုံကြည်သူလင်ရှိ၍ ထိုအမျိုးသားက ဆက်လက်ပေါင်းသင်းနေလိုပါလျှင်သူ့အား မကွာမရှင်းရ။- 14 ယုံကြည်သူအမျိုးသားသည် မယုံကြည်သူ မယားနှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ မယုံကြည်သူအမျိုးသမီးသည် ယုံကြည်သူ လင်နှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ ဘုရား သခင်နှစ်သက်လက်ခံသူများဖြစ်လာပေသည်။ အကယ်၍ဤသို့မဖြစ်ပါမူသင်တို့၏သား သမီးများသည် ဘုရားမဲ့သူများဖြစ်ကြ ပေတော့အံ့။ ယခုမှာမူထိုသားသမီးတို့ သည်ဘုရားသခင်နှစ်သက်လက်ခံသူများ ဖြစ်ကြ၏။- 15 သို့သော်မယုံကြည်သူမဟုတ်သူအမျိုးသား ကသော်လည်းကောင်း၊ အမျိုးသမီးကသော် လည်းကောင်း ကွာရှင်းလိုလျှင်ကွာရှင်းပါစေ။ ဤ အမှုမျိုးတွင်ယုံကြည်သူခင်ပွန်းဖြစ်စေ၊ ဇနီး ဖြစ်စေလွတ်လပ်စွာပြုနိုင်ခွင့်ရှိ၏။ ဘုရားသခင် သည်သင်တို့အား သင့်တင့်အေးချမ်းစွာနေထိုင် ကြစေရန် ခေါ်ယူရွေးကောက်တော်မူ၏။- 16 အချင်းအမျိုးသမီး၊ သင်သည်မိမိခင်ပွန်းဖြစ် သူကိုကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။ အချင်းအမျိုးသား၊ သင်သည်မိမိ၏ဇနီးကို ကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။
26 ယခုကြုံတွေ့နေရသည့်ခေတ်ဆိုးကြောင့်အမျိုး သားတစ်ယောက်သည် ရှိမြဲအခြေအနေအတိုင်း ဆက်လက်နေထိုင်လျှင်ကောင်းပေမည်။- 27 သင်သည်အိမ်ထောင်သည်ဖြစ်လျှင် မိမိ၏ဇနီး ကိုစွန့်ပယ်ရန်မကြံစည်နှင့်။ အိမ်ထောင်သည်မဟုတ် ပါကအိမ်ထောင်ပြုရန်မကြံစည်နှင့်။- 28 သို့သော်အိမ်ထောင်ပြုလျှင်လည်းအပြစ်တစ်စုံ တစ်ရာကူးလွန်ခြင်းမဟုတ်။ အိမ်ထောင်မရှိ သည့်အမျိုးသမီးသည်အိမ်ထောင်ပြုခဲ့သော် မည်သည့်အပြစ်ကိုမျှမကူးလွန်။ သို့ရာတွင် အိမ်ထောင်သည်တို့နေ့စဉ်တွေ့ကြုံကြရမည့် ဆင်းရဲဒုက္ခများနှင့် သင်တို့အားကင်းဝေးစေ လို၍ဤသို့ငါပြောရခြင်းဖြစ်၏။
29 ညီအစ်ကိုတို့၊ ငါဆိုလိုသည်ကားဤသို့တည်း။ အချိန်ကာလကုန်ဆုံးတော့မည်။ ယခုမှစ၍ အိမ်ထောင်ရှင်အမျိုးသားများသည်အိမ်ထောင် မရှိသကဲ့သို့နေအပ်၏။- 30 ငိုကြွေးသူများသည်ဝမ်းမနည်းသကဲ့သို့ လည်းကောင်း၊ ရယ်မောသူများသည်ဝမ်းမမြောက် သကဲ့သို့လည်းကောင်းနေအပ်၏။ ဥစ္စာပစ္စည်း ဝယ်ယူသူများသည်ထိုဥစ္စာပစ္စည်းကိုမပိုင် သကဲ့သို့နေအပ်၏။- 31 လောကဥစ္စာဘဏ္ဍာကိုသုံးသောသူတို့သည် မသုံးသကဲ့သို့နေအပ်၏။ အဘယ်ကြောင့်ဆို သော်ယခုလက်ရှိကမ္ဘာလောကကြီးသည် ကာလကြာမြင့်စွာတည်ရှိနေတော့မည် မဟုတ်သောကြောင့်တည်း။
32 ငါသည်သင်တို့အားပူပန်သောကနှင့်ကင်းဝေး စေလို၏။ အိမ်ထောင်မဲ့အမျိုးသားသည်သခင် ဘုရားနှစ်သက်တော်မူသောအမှုကိုပြုလုပ် လိုသောကြောင့် သခင်ဘုရား၏အမှုတော် ကိုအလေးအနက်ထားတတ်၏။- 33 သို့ရာတွင်အိမ်ထောင်ရှင်အမျိုးသားမူကား မိမိ၏ဇနီးနှစ်သက်စေရန်စိတ်ဆန္ဒရှိသဖြင့် လောကီမှုရေးကိုအလေးအနက်ထားတတ်၏။- 34 ထို့ကြောင့်သူသည်စိတ်နှစ်ခွဖြစ်၍နေ၏။ အိမ် ထောင်မဲ့အမျိုးသမီးသို့မဟုတ်အပျိုဖြစ်သူ သည်သခင်ဘုရားအား မိမိ၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကိုပါဆက်ကပ်လိုသဖြင့် သခင် ဘုရား၏အမှုတော်ကိုအလေးအနက်ထား တတ်၏။ သို့ရာတွင်အိမ်ထောင်ရှင်အမျိုးသမီး မူကား မိမိခင်ပွန်းနှစ်သက်စေရန်စိတ်ဆန္ဒ ရှိသဖြင့်လောကီမှုရေးကိုအလေးအနက် ထားတတ်၏။
35 ဤသို့ငါပြောရခြင်းမှာသင်တို့၏အကျိုးကို လိုလား၍ပြောခြင်းဖြစ်၏။ သင်တို့အားချုပ် ချယ်လိုသောကြောင့်မဟုတ်။ သင်တို့အားမှန် ကန်လျောက်ပတ်စွာပြုကျင့်ကြစေရန်နှင့် သခင်ဘုရား၏အမှုတော်ကိုဦးလည်မသုန် အကြွင်းမဲ့ဆက်ကပ်လျက်ထမ်းဆောင်ကြ စေရန်လိုလားသောကြောင့်ဖြစ်၏။
36 စေ့စပ်ကြောင်းလမ်းပြီးနောက်ထိမ်းမြားမင်္ဂလာ မပြုရန် သဘောတူစိတ်ပိုင်းဖြတ်ထားသူနှစ်ဦး နှင့်ပတ်သက်၍ပြောရသော် အမျိုးသားသည် အမျိုးသမီးအပေါ်တွင် မိမိပြုမူပုံမလျောက် ပတ်သည်ကိုသိသောအခါ၌သော်လည်းကောင်း၊ မိမိစိတ်ကိုမထိန်းချုပ်နိုင်သောအခါ၌သော် လည်းကောင်းထိမ်းမြားမင်္ဂလာပြုရာ၏။ ဤသို့ ပြုခြင်း၌အဘယ်အပြစ်မျှမရှိ။- 37 သို့ရာတွင်အမျိုးသားသည်မိမိအလိုအလျောက် အိမ်ထောင်မပြုဘဲနေရန်စိတ်ပိုင်းဖြတ်၍ မိမိ၏ စိတ်ကိုလည်းလုံးဝချုပ်ထိန်းနိုင်သဖြင့်ထိမ်း မြားမင်္ဂလာမပြုဘဲနေပါလျှင်ကောင်းလေစွ။- 38 ထိုကြောင့်မိမိနှင့်စေ့စပ်ကြောင်းလမ်းထားသူ အမျိုးသမီးပျိုနှင့် ထိမ်းမြားမင်္ဂလာပြုသူ၏ အပြုအမူသည်လျောက်ပတ်ပေ၏။ သို့ရာတွင် ထိမ်းမြားမင်္ဂလာမပြုသူ၏အပြုအမူသည် ကားသာ၍ပင်လျောက်ပတ်၏။
39 ဇနီးဖြစ်သူသည်မိမိ၏ခင်ပွန်းအသက်ရှင် သမျှကာလပတ်လုံးချည်နှောင်မှုရှိ၏။ ခင်ပွန်း သေဆုံးသွားသောအခါ၌မူ မိမိနှစ်သက်သူ မည်သူနှင့်မဆိုထိမ်းမြားလက်ထပ်နိုင်၏။ သို့ ရာတွင်ထိုထိမ်းမြားလက်ထပ်မှုသည်ယုံကြည် သူအချင်းချင်းထိမ်းမြားလက်ထပ်မှုသာ လျှင်ဖြစ်ရမည်။- 40 အကယ်၍ထိုအမျိုးသမီးသည်အိမ်ထောင်မပြု ဘဲနေပါက သာ၍မင်္ဂလာရှိ၏။ ဤကားငါ၏ ထင်မြင်ယူဆချက်ဖြစ်၏။ ငါသည်လည်းဘုရား သခင်၏ဝိညာဉ်တော်ကိုခံယူရရှိသူဖြစ် သည်ဟုယုံကြည်၏။
<- ၁ ကော 6၁ ကော 8 ->- a မ၊ ၅:၃၂၊ ၁၉:၉။ မာ၊ ၁၀:၁၁-၁၂။ လု၊ ၁၆:၁၈။