7 ဤသို့အချင်းချင်းတရားစွဲဆိုခြင်းသည် သင် တို့၏အတွက်ဆုံးရှုံးမှုဖြစ်စေ၏။ တရားစွဲဆို မည့်အစား မတရားပြုခြင်းကိုခံသည်ကပို ၍မကောင်းပါလော။ လုယက်ခြင်းခံရသည် ကပို၍မကောင်းပါလော။- 8 သင်တို့သည်ဤသို့ခံမည့်အစားညီအစ်ကို ရင်းအချင်းချင်းကိုပင်လျှင် မတော်မတရား ပြုကြ၏။ လုယက်ကြ၏။- 9 ဆိုးညစ်သောသူတို့သည်ဘုရားသခင်၏ နိုင်ငံတော်သားဖြစ်ကြရလိမ့်မည်မဟုတ် ကြောင်း သင်တို့မသိကြသလော။ လွဲမှား၍ မထင်ကြနှင့်။ ကာမဂုဏ်လိုက်စားသူများ၊ ရုပ်တုကိုကိုးကွယ်သူများ၊ သူ့သားအိမ်ရာ ကိုပြစ်မှားသူများ၊ ယောကျာ်းအချင်းချင်း မှားယွင်းသူများ၊- 10 သူခိုးများ၊ လောဘလွန်ကူးသူများ၊ သေ သောက်ကြူးသူများ၊ ဆဲရေးတိုင်းထွာသူများ နှင့်လုယက်တိုက်ခိုက်သူများသည် ဘုရား သခင်၏နိုင်ငံတော်သားဖြစ်ကြရလိမ့်မည် မဟုတ်။- 11 ယခင်ကသင်တို့တွင်အချို့သောသူတို့သည် ထိုသို့ဆိုးယုတ်သူများဖြစ်ခဲ့သော်လည်း အပြစ်မှဆေးကြောသုတ်သင်ခြင်းကိုခံ ကြရပြီ။ ဘုရားသခင်အားဆက်ကပ်သူ များဖြစ်ကြပြီ။ အရှင်ယေရှုခရစ်အား ဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လည်းကောင်း သင်တို့ သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြပြီ။
15 သင်တို့ကိုယ်ခန္ဓာများသည် ခရစ်တော်၏ကိုယ် အင်္ဂါများဖြစ်သည်ကိုမသိကြသလော။ ငါ သည်ခရစ်တော်၏ကိုယ်အင်္ဂါကိုယူ၍ ပြည့်တန် ဆာမ၏ကိုယ်အင်္ဂါဖြစ်စေရမည်လော။ မဖြစ် စေနိုင်။- 16 ပြည့်တန်ဆာမနှင့်ဆက်ဆံသောသူသည် ပြည့် တန်ဆာမနှင့်တစ်သားတည်းတစ်ကိုယ်တည်း ဖြစ်သည်ကိုသင်တို့မသိကြသလော။ ကျမ်း စာတော်က ``ထိုသူနှစ်ယောက်တို့သည်တစ် သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်'' ဟု ဆိုပေသည်။-[b] 17 သို့ရာတွင်သခင်ဘုရားနှင့်ဆက်ဆံသူသည် ဝိညာဉ်သဘောအားဖြင့်ကိုယ်တော်နှင့်တစ် သားတစ်ကိုယ်တည်းဖြစ်သတည်း။
18 ကာမဂုဏ်လိုက်စားခြင်းကိုရှောင်ကြလော့။ အခြားအပြစ်မှန်သမျှသည်လူ၏ကိုယ် ခန္ဓာအကျိုးကိုမထိမခိုက်စေနိုင်။ ကာမဂုဏ် လိုက်စားခြင်းအပြစ်ကိုကူးလွန်သူသည် ကားမိမိ၏ကိုယ်ခန္ဓာကိုပြစ်မှား၏။- 19 သင်တို့ကိုယ်ခန္ဓာသည်ဘုရားသခင်သင်တို့ အတွင်း၌ကိန်းအောင်းတော်မူသော၊ ဘုရား သခင်ပေးသနားတော်မူ၍ ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကိုသင်တို့မသိကြ သလော။ သင်တို့ကိုယ်ကိုသင်တို့မပိုင်။ ဘုရား သခင်သာလျှင်ပိုင်တော်မူ၏။-[c] 20 ကိုယ်တော်သည်သင်တို့အားအဖိုးအခပေး ၍ဝယ်ယူထားတော်မူသဖြင့် သင်တို့၏ကိုယ် ခန္ဓာကိုဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်အတွက်အသုံးပြုကြ လော့။
<- ၁ ကော 5၁ ကော 7 ->