5 ငါသည်သင်တို့အားလုံးကိုပင်ထူးဆန်းသော ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုစေလို သော်လည်း နှုတ်ကပတ်တရားတော်ဟောပြော နိုင်သောဆုကျေးဇူးကိုပို၍ရစေလို၏။ ထူး ဆန်းသောဘာသာစကားအမျိုးမျိုးဖြင့်ပြော ဆိုသူသည် မိမိစကား၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းလင်းဖော်ပြနိုင်သူရှိမှသာလျှင် အသင်း တော်၏အကျိုးကိုပြုစု၏။ သို့မဟုတ်ပါမူ နှုတ်ကပတ်တရားတော်ကိုဟောပြောခြင်း ကပို၍တန်ဖိုးရှိ၏။- 6 သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါသည်သင်တို့ထံ သို့လာ၍ထူးဆန်းသောဘာသာစကား အမျိုးမျိုးဖြင့်ပြောဆိုပါလျှင် အဘယ် အကျိုးရှိမည်နည်း။ ငါဟောပြောသောစကား များသည် ဘုရားသခင်၏ဗျာဒိတ်တော် စကား၊ အသိပညာနှင့်ယှဉ်သောစကား၊ ဝိညာဉ်တော်တန်ခိုးအားဖြင့်နှိုးဆော်သော စကား၊ ဆုံးမသွန်သင်သည့်စကားများမဖြစ် ပါမူသင်တို့၌အဘယ်အကျိုးရှိမည်နည်း။
7 ပလွေသို့မဟုတ်စောင်းကောက်ကဲ့သို့သော သက်မဲ့တူရိယာများကိုကြည့်လော့။ ထို တူရိယာများမှတေးသံများပီသစွာ ထွက်ပေါ်၍မလာပါမူအဘယ်သူသည် ထိုတူရိယာတို့၏တေးသွားကိုသိနိုင် မည်နည်း။- 8 တံပိုးခရာမှုတ်သံမပီသပါကအဘယ်သူ သည်စစ်ပွဲဝင်ရန်ပြင်ဆင်မည်နည်း။- 9 ထိုနည်းတူစွာထူးဆန်းသည့်ဘာသာစကား အမျိုးမျိုးဖြင့်သင်တို့ပြောသည့်စကားသည် အနက်အဋ္ဌိပ္ပါယ်မရှင်းပါမူ အဘယ်သူသည် နားလည်နိုင်မည်နည်း။ သင်တို့၏စကားများ သည်လေထဲတွင်ပျောက်ကွယ်သွားလိမ့်မည်။- 10 ကမ္ဘာပေါ်တွင်ဘာသာစကားအမျိုးပေါင်း များစွာရှိသော်လည်း မည်သည့်ဘာသာစကား မျှအဋ္ဌိပ္ပါယ်ကင်းမဲ့သည်မရှိ။- 11 သို့ရာတွင်ငါနားမလည်သည့်ဘာသာစကား ကိုပြောဆိုသူသည် ငါ့အဖို့လူမျိုးခြားဖြစ်၏။ ငါသည်လည်းသူ့အဖို့လူမျိုးခြားဖြစ်ပေမည်။- 12 သင်တို့သည်ဝိညာဉ်တော်ဆုကျေးဇူးများကို လိုလားတောင့်တကြသည့်အလျောက်အသင်း တော်ကြီးပွားတိုးတက်မှုကို အထောက်အကူ ပြုမည့်ဆုကျေးဇူးများကိုပို၍အသုံးပြု ရန်ကြိုးစားကြလော့။- 13 ထို့ကြောင့်ထူးဆန်းသောစကားအမျိုးမျိုး ဖြင့်ပြောသောသူသည် မိမိပြောသည့်စကား ၏အဋ္ဌိပ္ပါယ်ကိုဖော်ပြနိုင်သောတန်ခိုးစွမ်း ရည်ကိုရရှိရန်ဆုတောင်းပတ္ထနာပြုရမည်။- 14 ငါသည်ထူးဆန်းသောဘာသာစကားအမျိုးမျိုး ဖြင့်ဆုတောင်းပတ္ထနာပြုသောအခါ ငါ၏စိတ် နှလုံးသည်ဆုတောင်းပတ္ထနာပြုလျက်နေသော် လည်းငါ၏အသိဉာဏ်မူကားပါဝင်မှုမရှိ။- 15 သို့ဖြစ်၍အဘယ်သို့ငါပြုရမည်နည်း။ ငါသည် စိတ်နှလုံးအားဖြင့်သာမကအသိဉာဏ်အား ဖြင့်လည်းဆုတောင်းပတ္ထနာပြုမည်။ စိတ်နှလုံး အားဖြင့်သီချင်းဆိုသည်သာမကအသိ ဉာဏ်အားဖြင့်လည်းသီဆိုမည်။- 16 သင်တို့သည်စိတ်နှလုံးအားဖြင့်သာလျှင် ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်း ပတ္ထနာပြုကြပါမူ ပရိသတ်ဝတ်ပြုခြင်း၌သာမန် လူတစ်ယောက်သည် သင်တို့ပြောဆိုသမျှစကား များကိုနားမလည်နိုင်သဖြင့် အဘယ်သို့လျှင် သင်တို့၏ဆုတောင်းပတ္ထနာကို ``အာမင်'' ဟုဝန်ခံ နိုင်မည်နည်း။- 17 ကျေးဇူးတော်ချီးမွမ်းသည့်သင်တို့၏ဆုတောင်း ပတ္ထနာသည်ကောင်းမွန်စေကာမူသူတစ်ပါး အတွက်မည်သို့မျှအကျိုးမရှိ။
18 ငါသည်ထူးဆန်းသောဘာသာစကားအမျိုး မျိုးကို သင်တို့ထက်ပို၍ပြောဆိုနိုင်သဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။- 19 သို့သော်ပရိသတ်ဝတ်ပြုခြင်းတွင်ထူးဆန်းသော ဘာသာစကားအခွန်းပေါင်းအထောင်အသောင်း ထက်သွန်သင်ရန်နားလည်နိုင်သည့်စကားငါး ခွန်းမျှကိုပို၍ငါပြောဆိုလို၏။
20 ညီအစ်ကိုတို့၊ သင်တို့သည်စဉ်းစားဆင်ခြင်မှု တွင်ကလေးသူငယ်များကဲ့သို့မဖြစ်ကြနှင့်။ ဆိုးညစ်မှုကင်းစင်မှုတွင်ကလေးသူငယ်များ ကဲ့သို့ဖြစ်ကြလော့။ စဉ်းစားဆင်ခြင်မှုတွင်မူ ကားအသက်အရွယ်ရင့်ကျက်သူများကဲ့သို့ ဖြစ်ကြလော့။- 21 ကျမ်းစာတော်တွင်၊
23 သို့ဖြစ်၍အသင်းတော်ဝင်အပေါင်းတို့သည်စု ဝေးလျက်ထူးဆန်းသောဘာသာစကားအမျိုးမျိုး ဖြင့်ပြောဆိုနေစဉ် သာမန်လူအချို့သို့မဟုတ်မ ယုံကြည်သူအချို့ရောက်ရှိလာခဲ့သော်သင်တို့ အားရူးသွပ်သူများဟုဆိုမည်မဟုတ်လော။- 24 သို့သော်ဘုရားသခင်၏ဗျာဒိတ်တော်ကိုသင် တို့အပေါင်းကြေညာဟောပြောလျက်နေစဉ် မယုံကြည်သူသို့မဟုတ်သာမန်လူတစ်ယောက် ရောက်ရှိလာပါမူ သင်တို့ဟောပြောသည့်တရား စကားကြောင့် မိမိသည်အပြစ်များကူးသူ ဖြစ်ကြောင်းကောင်းစွာသိမြင်လာလိမ့်မည်။- 25 သူ၏စိတ်နှလုံးစစ်ကြောစီရင်ခြင်းကိုခံရ လျက်သူ၏လျှို့ဝှက်သောအကြံအစည်များ သည်ပေါ်လွင်သဖြင့် ``သင်တို့နှင့်အတူဧကန် အမှန်ဤအရပ်တွင်ဘုရားသခင်ရှိတော်မူ ပါသည်တကား'' ဟုထုတ်ဖော်ဝန်ခံကာဘုရား သခင်ကိုပျပ်ဝပ်ရှိခိုးလိမ့်မည်။
36 ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် သင်တို့ထံမှထွက်လာသလော။ သို့တည်းမဟုတ် သင်တို့ထံသို့သာလျှင်နှုတ်ကပတ်တရား တော်ရောက်ရှိလာသလော။- 37 မိမိကိုယ်ကိုဘုရားသခင်၏ဗျာဒိတ်တော် ပြန်ကြားသူဖြစ်သည်ဟူ၍လည်းကောင်း၊ ဝိညာဉ် ဆုကျေးဇူးရရှိသူဖြစ်သည်ဟူ၍လည်းကောင်း ယူဆသောသူသည် ယခုငါရေးလိုက်သော စကားတို့သည်သခင်ဘုရား၏ပညတ်ဖြစ် ကြောင်းသိမှတ်စေ။- 38 မသိမှတ်လျှင်သူ့ကိုလည်းအသိအမှတ်မပြု ကြနှင့်။
39 သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်ဗျာဒိတ် တော်ကိုကြေညာဟောပြောခြင်းငှာလိုလား တောင့်တကြလော့။ သို့ရာတွင်ထူးဆန်းသော ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုခြင်း ကိုမတားမြစ်ကြနှင့်။- 40 ခပ်သိမ်းသောအမှုတို့ကိုလျောက်ပတ်စွာစနစ် တကျလုပ်ဆောင်ကြလော့။
<- ၁ ကော 13၁ ကော 15 ->- a ဟေရှာ၊ ၂၈:၁၁-၁၂။