2 ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလဟူ၍သားလေးယောက်ရှိ၏။
3 အာမရံတွင်အာရုန်၊ မောရှေဟူသောသား နှစ်ယောက်နှင့်မိရိအံဟူသောသမီးတစ် ယောက်ရှိ၏။
4-7 အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း ဧလဇာ၏သားမြေးစာရင်းမှာဧလဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗုက္ကိ၊ သြဇိ၊ ဇေရဟိ၊ မေရာယုတ်၊ အာမရိ၊ အဟိတုပ်၊- 8 ဇာဒုတ်၊ အဟိမတ်၊- 9 အာဇရိ၊ ယောဟနန်ဟူ၍လည်းကောင်း၊
20 အဖနှင့်သားနာမည်များအစဉ်လိုက် အတိုင်း ဂေရရှုံ၏သားမြေးစာရင်းမှာ ဂေရရှုံ၊ လိဗနိ၊ ယာဟတ်၊ ဇိမ္မ၊- 21 ယောအာ၊ ဣဒ္ဒေါ၊ ဇေရ၊ ယာတရဲဟူ၍ဖြစ်၏။
22 အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း ကောဟတ်၏သားမြေးစာရင်းမှာကောဟပ်၊ ဣဇဟာ(ခေါ်) အမိနဒပ်၊ ကောရ၊ အဿိရ၊- 23 ဧလကာန၊ ဧဗျာသပ်၊ အဿိရ၊
25 ဧလကာနတွင်အာမသဲနှင့် အဟိမုတ်ဟူ သောသားနှစ်ယောက်ရှိ၏။- 26 အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း အဟိမုတ်၏သားမြေးစာရင်းမှာ အဟိမုတ်၊ ဧလကာန၊ ဇော်ဖဲ၊ နာဟတ်၊- 27 ဧလျာဘ၊ ယေရောဟံနှင့်ဧလကာနဟူ၍ ဖြစ်၏။
28 ရှမွေလတွင်သားကြီးယောလနှင့် သားငယ် အဘိယဟူ၍သားနှစ်ယောက်ရှိ၏။
29 အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း မေရာရိ၏သားမြေးစာရင်းမှာမေရာရိ၊ မဟာလိ၊ လိဗနိ၊ ရှိမိ၊ သြဇ၊- 30 ရှိမာ၊ ဟ္ဂျာနှင့်အသာယဟူ၍ဖြစ်၏။
39-43 ဒုတိယသံစုံသီချင်းအဖွဲ့ခေါင်းဆောင်မှာ အာသပ်ဖြစ်၏။ အာသပ်၏အဖသည်ဗေရခိ၊ ဗေရခိ၏အဖမှာရှိမာ၊ ရှိမာ၏အဖကား မိက္ခေလဖြစ်၏။ မိက္ခေလ၏အဖသည်ဗာသေ ယ၊ ဗာသေယ၏အဖမှာမာလခိ၊ မာလခိ ၏အဖကားဧသနိဖြစ်၏။ ဧသနိ၏ အဖသည်ဇေရ၊ ဇေရ၏အဖမှာအဒါယ၊ အဒါယ၏အဖကားဧသန်ဖြစ်၏။ ဧသန် ၏အဖသည်ဇိမ္မ၊ ဇိမ္မ၏အဖမှာရှိမိ၊ ရှိမိ ၏အဖသည်ယာဟတ်ဖြစ်၏။ ယာဟတ်၏ အဖသည်ဂေရရှုံ၊ ဂေရရှုံ၏အဖကား လေဝိဖြစ်၏။ ဤသို့လျှင်အာသပ်၏ဘိုး ဘေးစာရင်းသည်လေဝိတွင်အဆုံးသတ် သတည်း။
44-47 မေရာရိသားချင်းစုမှဧသန်သည်တတိယ သံစုံသီချင်းအဖွဲ့ခေါင်းဆောင်ဖြစ်၏။ ဧသန် ၏အဖသည်ကိရှိ၊ ကိရှိ၏အဖမှာအာဖဒိ၊ အာဖဒိ၏အဖကားမလ္လုတ်ဖြစ်၏။ မလ္လုတ် ၏အဖသည်ဟာရှဗိ၊ ဟာရှဗိ၏အဖမှာ အာမဇိ၊ အာမဇိ၏အဖကားဟိလခိ ဖြစ်၏။ ဟိလခိ၏အဖသည်အံဇိ၊ အံဇိ ၏အဖမှာဗာနိ၊ ဗာနိ၏အဖကားရှမေရ ဖြစ်၏။ ရှမေရ၏အဖသည်မဟာလိ၊ မဟာ လိ၏အဖမှာမုရှိ၊ မုရှိ၏အဖကားမေ ရာရိဖြစ်၍ မေရာရိ၏အဖသည်လေဝိ ဖြစ်၏။ ဤသို့လျှင်ဧသန်၏ဘိုးဘေးစာရင်း သည်လေဝိတွင်အဆုံးသတ်သတည်း။
48 ထိုသူတို့၏ဆွေမျိုးသားချင်းများဖြစ်သော အခြားလေဝိအနွယ်ဝင်တို့သည် ကိုးကွယ် ဝတ်ပြုရာဌာနတော်တွင်အခြားတာဝန် ဝတ္တရားများကိုထမ်းဆောင်ရကြ၏။
62 ဂေရရှုံသားချင်းစုတို့သည် ဣသခါနယ်၊ အာရှာနယ်၊ နဿလိနယ်၊ ဗာရှန်ပြည်အရှေ့ မနာရှေနယ်တို့မှမြို့တစ်ဆယ့်သုံးမြို့ကို အိမ်ထောင်စုအလိုက်မဲချ၍ခွဲဝေယူရ ကြ၏။- 63 ထိုနည်းတူစွာမေရာရိသားချင်းစုတို့သည် ရုဗင်နယ်၊ ဂဒ်နယ်နှင့်ဇာဗုလုန်နယ်တို့မှမြို့ တစ်ဆယ့်နှစ်မြို့ကိုအိမ်ထောင်စုအလိုက်မဲချ ၍ခွဲဝေယူရကြ၏။- 64 ဤနည်းအားဖြင့်ဣသရေလပြည်သားတို့သည် လေဝိအနွယ်ဝင်တို့နေထိုင်ရန် မြို့များကိုအနီး တစ်ဝိုက်ရှိမြက်ခင်းများနှင့်တကွခွဲဝေပေး ကြကုန်သည်။- 65 (အထက်ဖော်ပြပါယုဒနယ်၊ ရှိမောင်နယ်၊ င်္ဗယာမိန်နယ်တို့မှမြို့တို့ကိုလည်းမဲချ၍ ခွဲဝေပေးကြ၏။)
66 ကောဟတ်သားချင်းစုထဲမှအချို့သောအိမ် ထောင်စုတို့သည် ဧဖရိမ်နယ်မှမြို့များနှင့် မြက်ခင်းများကိုရရှိကြ၏။- 67-69 ထိုမြို့များမှာဧဖရိမ်တောင်ကုန်းများပေါ် တွင်တည်ရှိလျက် အပြစ်လွတ်ငြိမ်းခွင့်အတွက် ခိုလှုံရာဖြစ်သောရှေခင်မြို့၊ ဂေဇာမြို့၊ ယော ကမံမြို့၊ ဗက်ဟောရုန်မြို့၊ အာဇလုန်မြို့ နှင့်ဂါသရိမ္မုန်မြို့တို့ဖြစ်ကြ၏။- 70 ထိုသူတို့သည်အနောက်ပိုင်းမနာရှေနယ်မှ အနေရမြို့၊ ဗိလံမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုရရှိကြ၏။
71 ဂေရရှုံသားချင်းစုထဲမှအိမ်ထောင်စုတို့သည် အရှေ့မနာရှေနယ်၊ ဗာရှန်ပြည်ရှိ၊ ဂေါလန်မြို့၊ အာရှတရုတ်မြို့နှင့်ယင်းတို့၏အနီးတစ် ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
72 ဣသာခါနယ်မှကေဒေရှမြို့၊ ဒါဗရတ်မြို့၊
74 အာရှာနယ်မှမိရှလမြို့၊ အာဗဒုန်မြို့၊
76 နဿလိနယ်မှဂါလိလဲပြည်ရှိကေဒေရှမြို့၊ ဟမ္မုန်မြို့၊ ကိရယသိမ်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်းရ ရှိကြ၏။
77 မေရာရိသားချင်းစုမှကြွင်းကျန်နေသော အိမ်ထောင်စုတို့သည် ဇာဗုလုန်နယ်မှရိမ္မုန်မြို့၊ တာဗော်မြို့နှင့်ယင်းတို့၏အနီးတစ်ဝိုက်ရှိ မြက်ခင်းများကိုလည်းကောင်း၊
78 ရုဗင်နယ်မှယေရိခေါမြို့၏အလွန်ယော်ဒန် မြစ်အရှေ့ဘက်ကမ်း၊ ယာဇကုန်းပြင်မြင့်ပေါ် ရှိဗေဇာမြို့၊- 79 ကေဒမုတ်မြို့၊ မေဖတ်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
80 ဂဒ်နယ်မှဂိလဒ်ပြည်ရာမုတ်မြို့၊ မဟာနိမ်မြို့၊
- a ထွ၊ ၆:၁၆-၁၉။