3-4 ဟုရသည်ဖခင်ဖြစ်သူကာလက်၏ဇနီးဧဖ ရတ်မှမွေးသောသားဦးဖြစ်၍ သူ၏သားမြေး တို့သည်ဗက်လင်မြို့ကိုတည်ထောင်ကြ၏။ ဟုရ တွင်ဧတံ၊ ပေနွေလ၊ ဧဇာဟူသောသားသုံး ယောက်ရှိ၏။ ဧတံတွင်ယေဇရေလ၊ ဣရှမ နှင့်ဣဒဗတ်ဟူသောသားသုံးယောက်နှင့် ဟာဇလေလပေါနိဟူသောသမီးတစ် ယောက်ရှိ၏။ ပေနွေလသည်ဂေဒေါ်မြို့ကို တည်ထောင်၍ဧဇာသည်ဟုရှမြို့ကိုတည် ထောင်၏။
5 တေကောမြို့ကိုတည်ထောင်သူအာရှုရတွင် ဟေလနှင့်နာရနာမည်တွင်သောမယား နှစ်ယောက်ရှိ၏။- 6 နာရသည်အဟုဇံ၊ ဟေဖာ၊ တေမနိနှင့် ဟာဟရှ တာရိဟူသောသားလေးယောက်ကိုဖွားမြင်၍၊- 7 ဟေလသည်ဇေရက်၊ ယေဇော်၊ ဧသနန်ဟူ သောသားသုံးယောက်ကိုဖွားမြင်လေသည်။
8 ကောဇသည်အာနုပ်နှင့်ဇောဗေဒတို့၏ဖခင် ဖြစ်၍ ဟာရုံ၏သားအဟာရေလမှဆင်း သက်လာသောသားချင်းစုတို့၏ဘိုးဘေး ဖြစ်သတည်း။
9 ထိုအရပ်တွင်ယာဗက်နာမည်တွင်သောလူ တစ်ယောက်ရှိ၏။ သူသည်မိမိ၏အိမ်ထောင်စု တွင်အကြည်ညိုခံရဆုံးသောသူဖြစ်၏။ မိခင်ကသူ့အားယာဗက်ဟုနာမည်ပေး၏။ အဘယ်ကြောင့်ဆိုသော်သူ့ကိုဖွားမြင်ချိန် ၌မိခင်ဖြစ်သူသည်လွန်စွာဝေဒနာ ခံရသောကြောင့်ဖြစ်၏။- 10 ယာဗက်သည်``အို ဘုရားသခင်၊ ကျွန်တော်မျိုး အားကောင်းချီးပေးတော်မူ၍ မြေယာအမြောက် အမြားကိုပေးသနားတော်မူပါ။ ကျွန်တော် မျိုးနှင့်အတူရှိတော်မူပါ။ ကျွန်တော်မျိုး အားဒုက္ခဝေဒနာဖြစ်စေမည့်မကောင်းမှု မှန်သမျှမှကင်းလွတ်စေတော်မူပါ'' ဟု ဣသရေလအမျိုးသားတို့၏ဘုရား ထံတော်တွင်ဆုတောင်းပတ္ထနာပြုလေသော ကြောင့် ဘုရားသခင်သည်ယာဗက်တောင်း လျှောက်သည့်ဆုများကိုပေးသနားတော် မူသတည်း။
13 ကေနတ်တွင်သြသံယေလနှင့်စရာယဟူ သောသားနှစ်ယောက်ရှိ၏။ သြသံယေလတွင် လည်းဟာသတ်နှင့်မောနောသဲဟူသောသားနှစ် ယောက်ရှိ၏။- 14 မောနောသဲ၏သားမှာသြဖရာတည်း။
15 ယေဖုန္န၏သားဖြစ်သောကာလက်တွင်ဣရု၊ ဧလာ၊ နာမဟူသောသားသုံးယောက်ရှိ၏။ ဧလာ၏ သားမှာကေနတ်ဖြစ်၏။
16 ယေဟလလေလတွင်ဇိဖ၊ ဇိဖာ၊ တိရိ နှင့်အာသရေလဟူသောသားလေးယောက် ရှိ၏။
17-18 ဧဇရတွင်ယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်၊ ဟူ၍သားလေးယောက်ရှိ၏။ မေရက်သည် အီဂျစ်ဘုရင်၏သမီးတော်ဗိသယာနှင့် စုံဖက်၍ မိရိအံဟူသောသမီးတစ်ယောက် နှင့်ရှမ္မဲ၊ ဣရှဘဟူသောသားနှစ်ယောက်ကို ရလေသည်။ ဣရှဘသည်ဧရှတမောမြို့ ကိုတည်ထောင်၏။ မေရက်သည်ယုဒအမျိုး သမီးတစ်ယောက်နှင့်လည်းစုံဖက်လေသည်။ သူတို့နှစ်ဦးတွင်ဂေဒေါ်မြို့ကိုတည်ထောင် သူယေရက်၊ စောခေါမြို့ကိုတည်ထောင်သူ ဟေဗာနှင့်ဇာနော်မြို့ကိုတည်ထောင်သူ ယေကုသေလဟူသောသားသုံးယောက် ရှိ၏။
19 ဟောဒိယသည်နာဟံ၏နှမနှင့်စုံဖက်၏။ သူတို့၏သားမြေးများသည်ကိလမြို့တွင် နေထိုင်သောမာခသားချင်းစုကိုလည်း ကောင်း တည်ထောင်သူများဖြစ်ကြ၏။[a]
20 ရှိမုန်တွင်အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန်ဟူ သောသားလေးယောက်ရှိ၏။
28 ရှိမောင်၏အမျိုးအနွယ်တို့သည်ဒါဝိဒ် မင်း၏လက်ထက်တိုင်အောင်ဗေရရှေဘ မြို့၊ မောလဒါမြို့၊ ဟာဇရွာလမြို့၊- 29 ဗိလဟာမြို့၊ ဧဇင်မြို့၊ တောလဒ်မြို့၊- 30 ဗေသွေလမြို့၊ ဟော်မာမြို့၊ ဇိကလတ်မြို့၊- 31 ဗက်မာကဗုတ်မြို့၊ ဟာဇသုသိမ်မြို့၊ ဗက်ဗိရိ မြို့၊ ရှာရိမ်မြို့တို့၌နေထိုင်ကြ၏။- 32 ထိုပြင်သူတို့သည်ဧတံ၊ အိန်း၊ ရိမ္မုန်၊ တောခင်၊ အာရှန်တည်းဟူသောမြို့ငါးမြို့နှင့်တကွ၊- 33 အနောက်တောင်ဘက်ရှိဗာလမြို့တိုင်အောင် အနီး အနားကျေးရွာတို့တွင်လည်းနေထိုင်ကြ၏။ ဤကားမိမိတို့ဆွေမျိုးသားချင်းစုနှင့် မိမိ တို့နေထိုင်ရာဒေသများအကြောင်းကို မှတ်တမ်းတင်ထားခြင်းအရဖြစ်ပေသည်။[b]
34-38 ထိုသူတို့၏သားချင်းစုဦးစီးခေါင်းဆောင် များမှာ
41 ယုဒဘုရင်၊ ဟေဇကိမင်းလက်ထက်၌ အထက်ဖော်ပြပါလူတို့သည် ဂေရာမြို့ သို့သွား၍ဟာမအမျိုးသားတို့ကိုသူ တို့၏တဲအိမ်များနှင့်တကွသုတ်သင် ဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်တွင် အတည်တကျအခြေစိုက်၍နေထိုင် ကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိမိတို့၏သိုးများအတွက် စားကျက်အလုံအလောက်ကိုရရှိကြ သောကြောင့်ဖြစ်၏။- 42 ရှိမောင်အနွယ်ဝင်လူငါးရာတို့သည် အရှေ့ဘက်၊ ဧဒုံပြည်သို့သွားကြ၏။ သူ တို့အားဦးဆောင်သွားကြသူများမှာ ပေလတိ၊ နာရိ၊ ရေဖာယနှင့်သြဇေလ တို့ဖြစ်၏။ သူတို့ကားဣရှိ၏သားများ ဖြစ်သတည်း။- 43 သူတို့သည်အာမလက်အမျိုးသားအကြွင်း အကျန်တို့ကိုလုပ်ကြံသတ်ဖြတ်ပြီးလျှင် ထိုအရပ်တွင်ယနေ့တိုင်အောင်နေထိုင် လျက်ရှိကြ၏။
<- ၁ ရာချုပ် 3၁ ရာချုပ် 5 ->