27
စစ်မှုရေးရာနှင့်မြို့ပြရေးအဖွဲ့အစည်း
1 ဘုရင်၏အမှုတော်ကိုထမ်းရွက်ရသူ ဣသရေလ အမျိုးသားအိမ်ထောင်ဦးစီးများ၊ သားချင်းစု ခေါင်းဆောင်များနှင့်နိုင်ငံတော်အုပ်ချုပ်ရေး အရာရှိများစာရင်းမှာအောက်ပါအတိုင်း ဖြစ်၏။ သူတို့သည်လူပေါင်းနှစ်သောင်းလေး ထောင်စီရှိသည့်အဖွဲ့များဖွဲ့၍တစ်လလျှင် တစ်ဖွဲ့တာဝန်ယူရကြ၏။ ထိုအဖွဲ့တိုင်းကို သက်ဆိုင်ရာတပ်မဟာမှူးတစ်ယောက်က ကွပ်ကဲအုပ်ချုပ်လေသည်။
2-15 တစ်လစီတာဝန်ကျသည့်တပ်မဟာမှူးများ မှာ၊
ပထမလ၌ဇာဗဒေလ၏သားယာရှောဗံ (သူသည်ယုဒအနွယ်ဝင်ဖာရက်၏သားချင်း စုဝင်ဖြစ်၏။)
ဒုတိယလ၌အဟောဟိ၏သားမြေးဒေါဒဲ။ (သူ၏လက်ထောက်တပ်မှူးမှာမိကလုပ်ဖြစ်၏။)
တတိယလ၌ယဇ်ပုရောဟိတ်ယောယဒ ၏သားဗေနာယ။ သူသည်နာမည်ကျော်သူရဲ ကောင်းသုံးကျိပ်တို့၏ခေါင်းဆောင်ဖြစ်သတည်း၊ (သူ၏သားအမိဇဗဒ်သည်သူ၏ရာထူးကို ဆက်ခံရရှိ၍တပ်မဟာမှူးဖြစ်လာ၏။)
စတုတ္ထလ၌ယွာဘ၏ညီ၊ အာသဟေလ (သူ၏သားဇေဗဒိသည်ရာထူးကိုဆက်ခံ ရရှိ၏။)
ပဉ္စမလ၌ဣဇဟာ၏သားမြေးရှံဟုတ်။
ဆဋ္ဌမလ၌တေကောမြို့မှဣကေရှ၏ သားဣရ။
သတ္တမလ၌ပေလာနိမြို့မှဧဖရိမ်အနွယ် ဝင်ဟေလက်။
အဋ္ဌမလ၌ဟုရှမြို့မှသိဗေကဲ (သူသည် ယုဒအနွယ်၊ ဇာရသားချင်းစုမှဖြစ်၏။)
နဝမလ၌အနေသောသိမြို့ဗင်္ယာမိန် အနွယ်ဝင် ဒေသမှအဗျေဇာ။
ဒသမလ၌နေတောဖာသိမြို့မှမဟာရဲ (သူသည်ဇာရသားချင်းစုဝင်ဖြစ်၏။)
ဧကဒသမလ၌ပိရသောနိမြို့မှဧဖရိမ် အနွယ်ဝင် ဒေသမှဗေနာယ။
ဒွါဒသမလ၌နေတောဖာသိမြို့မှဟေလဒဲ (သူသည်သြသနေလ၏သားမြေးဖြစ်၏။)
ဣသရေလအမျိုးအနွယ်တို့အားအုပ်ချုပ်မှု
16-22 ဣသရေလအမျိုးအနွယ်၏အုပ်ချုပ်ရေး အရာရှိများမှာအောက်ပါအတိုင်းဖြစ်၏။