3 ယုဒတွင်စုစုပေါင်းသားငါးယောက်ရှိ၏။ သူ၏ ဇနီး၊ ခါနာန်အမျိုးသမီးဖြစ်သူ ရှုအာနှင့်ရ သောသားသုံးယောက်တို့ကားဧရ၊ သြနန်နှင့် ရှေလတို့ဖြစ်၏။ သူ၏သားအကြီးဆုံးဧရ သည်အလွန်ဆိုးညစ်သူဖြစ်သဖြင့် ထာဝရ ဘုရား၏ကွပ်မျက်တော်မူခြင်းကိုခံရ၏။- 4 ယုဒသည်မိမိ၏ချွေးမနှင့်ရပြန်သော သားနှစ်ယောက်မှာဖာရက်နှင့်ဇာရဖြစ်၏။
5 ဖာရက်တွင်ဟေဇရုံနှင့်ဟာမုလဟူသော သားနှစ်ယောက်ရှိ၏။- 6 သူ၏ညီဇာရတွင်ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရဟူ၍သားငါးယောက် ရှိ၏။- 7 ကာမိ၏သားအာခန်သည်ဘုရားသခင်အား ဆက်ကပ်ထားသောတိုက်ခိုက်သိမ်းယူရရှိသည့် ဝတ္ထုပစ္စည်းကိုယူသောကြောင့် ဣသရေလ အမျိုးသားတို့ကပ်ဆိုက်ရကြကုန်၏။✡ယောရှု၊ ၇:၁။
8 ဧသန်တွင်အဇရိဟူသောသားတစ်ယောက် ရှိ၏။
10 အာရံမှယေရှဲတိုင်အောင်ဆွေစဉ်မျိုးဆက်ကား အာရံ၊ အမိနဒပ်၊ (ယုဒအနွယ်တွင်ထင်ပေါ် ကျော်ကြားသူ) နာရှုန်၊
13 ယေရှဲတွင်သားခုနစ်ယောက်ရှိ၏။ သူတို့အား ကြီးစဉ်ငယ်လိုက်ဖော်ပြရသော်ဧလျာဘ၊ အဘိနဒပ်၊ ရှိမာ၊- 14 နာသနေလ၊ ရဒ္ဒဲ၊- 15-16 သြဇင်နှင့်ဒါဝိဒ်တို့ဖြစ်၏။ ယေရှဲတွင်ဇေရုယာ နှင့်အဘိဂဲလဟူ၍သမီးနှစ်ယောက်လည်းရှိ၏။
21 ဟေဇရုံသည်အသက်ခြောက်ဆယ်ရှိသောအခါ မာခိရ၏သမီး၊ ဂိလဒ်၏ညီမနှင့်အိမ်ထောင် ပြု၍စေဂုပ်နာမည်တွင်သောသားတစ်ယောက် ကိုရ၏။- 22 စေဂုပ်တွင်ယာဣရနာမည်တွင်သောသားတစ် ယောက်ရှိ၏။ ယာဣရသည်ဂိလဒ်ပြည်တွင်မြို့ ကြီးနှစ်ဆယ့်သုံးမြို့ကိုအုပ်စိုးရ၏။- 23 သို့ရာတွင်ဂေရှုရနှင့်အာရံဘုရင်တို့သည် ထိုပြည်မှယာဣရနှင့်ကေနတ်ရွာတို့နှင့် တကွ အနီးအနားရှိမြို့များအပါအဝင် မြို့ခြောက်ဆယ်တို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက် ကြ၏။ ထိုဒေသတွင်နေထိုင်ကြသူလူအပေါင်း တို့မှာဂိလဒ်၏ဖခင်မာခိရ၏သားမြေး များဖြစ်သတည်း။- 24 ဟေဇရုံသေလွန်ပြီးနောက်သူ၏သားကာလက် သည် ဖခင်၏ဇနီးမုဆိုးမဖြစ်သူဧဖရတ်ကို သိမ်းပိုက်လိုက်၏။ သူတို့တွင်အာရှုရနာမည်တွင် သောသားတစ်ယောက်ကိုရရှိကြ၏။ အာရှုရ ကားတေကောမြို့ကိုတည်ထောင်သူတည်း။
29 အဘိရှုရသည်အဘိဟဲလနာမည်ရှိသော အမျိုးသမီးနှင့်အိမ်ထောင်ပြု၍ အာဗန်နှင့် မောလိဒ်နာမည်တွင်သောသားနှစ်ယောက်ကို ရ၏။- 30 အဘိရှုရ၏ညီဖြစ်သူနာဒပ်တွင်သေလက် နှင့်အပ္ပိမ်ဟူသောသားနှစ်ယောက်ရှိ၏။ သို့ရာ တွင်သေလက်သည်သားတစ်ယောက်မျှမရ ဘဲကွယ်လွန်သွား၏။- 31 အပ္ပိမ်၏သားသည်ဣရှိ၊ ဣရှိ၏သားမှာရှေရှန်၊ ရှေရှန်၏သားကားအာလဲဖြစ်၏။
32 ရှမ္မဲ၏ညီယာဒတွင်ယေသာနှင့် ယောနသန်ဟူ သောသားနှစ်ယောက်ရှိ၏။ သို့ရာတွင်ယေသာ သည်သားတစ်ယောက်မျှမရဘဲကွယ်လွန် သွား၏။- 33 ယောနသန်တွင်ပေလက်နှင့်ဇာဇဟူသောသား နှစ်ယောက်ရှိ၏။ ဤသူအပေါင်းတို့သည်ယေရ မေလ၏သားမြေးများဖြစ်ကြသတည်း။
34 ရှေရှန်တွင်သားမရှိ၊ သမီးများသာရှိ၏။ သူ့မှာ ယာဟနာမည်တွင်သောအီဂျစ်အမျိုးသား အစေခံတစ်ယောက်ရှိ၏။- 35 သူသည်မိမိ၏သမီးတစ်ယောက်အားထိုကျွန် နှင့်ပေးစားရာ အတ္တဲနာမည်တွင်သောသားတစ် ယောက်ကိုရလေ၏။
46 ကာလက်မှာဧဖာနာမည်တွင်သောမယား ငယ်တစ်ယောက်ရှိသေး၏။ ထိုမယားငယ်ဖြင့် သူသည်ဟာရန်၊ မောဇ၊ ဂါဇက်ဟူသောသား သုံးယောက်ကိုထပ်မံရရှိပြန်၏။ ဟာရန် တွင်ဂါဇက်ဟုပင်နာမည်တွင်သောသား တစ်ယောက်ရှိ၏။
47 (ယာဒဲနာမည်တွင်သောလူတစ်ယောက်တွင် ရေဂင်၊ ယောသံ၊ ဂေရှံ၊ ပေလက်၊ ဧဖာ၊ ရှာဖ ဟူ၍သားခြောက်ယောက်ရှိ၏။)
48 ကာလက်မှာမာခါနာမည်တွင်သောအခြား မယားငယ်တစ်ယောက်ရှိသေး၏။ ထိုမယား ငယ်ဖြင့်သူသည်ရှေဗာနှင့် တိရဟာနဟူ သောသားနှစ်ယောက်ကိုရ၏။- 49 ထိုနောက်မာခါသည်မာဒမေနမြို့ကိုတည် ထောင်သူဖြစ်လာသည့်ရှာဖကိုလည်းကောင်း၊ မာခဗေနမြို့ကိုတည်ထောင်သူဖြစ်လာ သည့်ရှေဝကိုလည်းကောင်းရရှိပြန်၏။
50 အောက်ဖော်ပြပါတို့သည်လည်းကာလက် ၏သားမြေးများဖြစ်ပေသည်။
52 ကိရယတ်ယာရိမ်မြို့ကြီးကိုတည်ထောင်သူ ရှောဗာလသည်ဟာရောအမျိုးသားများ၏ ဘိုးဘေးနှင့် မနဟေသိအမျိုးသားထက် ဝက်ခန့်တို့၏ဘိုးဘေးဖြစ်ပေသည်။- 53 သူသည်ကိရယတ်ယာရိမ်မြို့ကြီးတွင်နေ ထိုင်ကြကုန်သောဣသရိ၊ ဖုဟိ၊ ရှုမသိနှင့် မိရှရိသားချင်းစုတို့၏ဘိုးဘေးလည်း ဖြစ်၏။ (ဇာရာသိနှင့်ဧရှတောလိအမျိုး သားတို့ကားထိုသားချင်းစုများမှဆင်း သက်လာသူများတည်း။)
54 ဗက်လင်မြို့ကိုတည်ထောင်သူစလမသည် နေတောဖာသိ၊ အတရုတ်၊ ဗက်ယွာဘသား ချင်းစုများနှင့်ဇောရိသားချင်းစုတို့၏ ဘိုးဘေးဖြစ်ပေသည်။ ဇောရိသားချင်းစု သည်မနဟေသိသားချင်းစုနှစ်စုမှ တစ်စုဖြစ်၏။
55 (စာချုပ်စာတမ်းများရေးမှတ်ကူးယူသည့် အတတ်တွင် အထူးကျွမ်းကျင်ကုန်သောတိ ရသိ၊ ရှိမသိနှင့် စုခသိသားချင်းစုတို့ သည်ယာဗက်မြို့တွင်နေထိုင်ကြ၏။ ထိုသူ တို့သည်ရေခပ်အမျိုးအနွယ်များနှင့် အပြန်အလှန်လက်ထပ်ထိမ်းမြားခဲ့ကြ သောကိနိအမျိုးသားများဖြစ်သတည်း။)
<- ၁ ရာချုပ် 1၁ ရာချုပ် 3 ->✡2:7 ယောရှု၊ ၇:၁။