တိတု တိတုဆေဟို ပေါလုရဲ့ပေးစာ နိဒါန်း တိတုဆေဟို ပေါလုရဲ့ ပေးစာ ဟ အသင်းတော်အစား လူတယောက်ဆေ ပေးပို့ထားသော ပေါလုဆေမှ စာလေးစောင်အနက်မှ တစောင်ဖြစ်အယ်။ အခြား စာစောင် သုံးစောင်မှာ တိမောသေ ပထမစောင်၊ တိမောသေ ဒုတိယစောင်နဲ့ ဖိလေမုန် ဖြစ်အယ်။ ပေါလုဟ တိတုဆေ စာရေးနေသော်လည်း သူဟ အေးစာဟို လူသိဆှင်ကြား အသံထွက်ယွေ့ ဖတ်နိန်ရန် ရေးခဲ့အယ်။ တိတု သိပင်းသားဖြစ်မဲ့ တမန်တော် တယောက်အနေနဲ့ သူရဲ့ အရည်အချင်းတွေဟို ဆှင်းပြပေးတဲ့အတွက် ဒါကို ငါလို့ သိနိန်ပါအယ်။ ပေါလုဟ ခရစ်တော်မွေးဖွားပင်း ၆၃–၆၅ ခုနှစ်ကြားတွင် ဟေစာဟို ရေးခဲ့တာ ဖြစ်နိန်အယ်။ ပေါလုဟ တိတုဟို ကရေတေကျွန်းဆိ အသင်းတော်များဟို ဦးဆောင်ရန် ညွှန်ကြားခဲ့အယ်။ ပေါလုဟ အသင်းတော် ခေါင်းဆောင်များဟို ရွေးချယ်ခြင်းနဲ့ လေ့ကျင့်ပေးခြင်းဆိုင်ရာ တိတုအား သွန်သင်ရန်အတွက် ဟေစာဟို ရေးခဲ့အယ်။ သူဟ တိမောသေဆေ သူရဲ့ စာများတွင် အလားတူ ညွှန်ကြားချက်များ ပေးခဲ့အယ်။ သူရဲ့ စာထဲတွင် အသင်းတော် ခေါင်းဆောင်များဟို အဆင့်အတန်းမြင့်စွာ အုပ်ချုပ်သင့်ပုံဟို ဖော်ပြအယ်။ ခနေ့ အသင်းတော်များနဲ့ အသင်းတော် ခေါင်းဆောင်များဟ ခေါင်းဆောင်မှုတွင် လိုအပ်သော စံနှုန်းများဟို ဂရုတစိုက် အာရုံစိုက်သင့်အယ်။ အကျောန်းအရာ အကျဉ်းချုပ် ၁။ ပေါလုဟ တိတုအား ဘုရားဝတ်နှိုက် မွေ့လျော်လဲ့ ခေါင်းဆောင်များ ခန့်ထားရန် ညွှန်ကြားထားအယ် (၁.၁–၁၆) ၂။ အဲပင်းရင်၊ လူတွေဟို ဘုရားတရားနဲ့ အသက်ဆှင် နေထိန်ဖို့ လေ့ကျင့်ပေးဖို့လည်း ညွှန်ကြားထားအယ် (၂.၁—၃.၁၁) ၃။ နောက်ဆုံးမှာ၊ ပေါလုဟ သူရဲ့ အစီအစဉ် အချို့ဟို မျှဝေကာ နှုတ်ခွန်းဆက်စကားဖြင့် အပီးသတ်အယ် (၃.၁၂–၁၅)
10 အကျောန်းမှာ ပုန်ကန်သောသူ၊ အကျိုးမဲ့ စကားဟို ပြောဆိုသောသူနဲ့ ဝါသောသူများစွာ ဆိသောကျောန့် ဖြစ်အယ်။ အထူးသဖြင့် အရေဖျားလှီးထားသော သူလို့ထဲတွင် ဆိကြအယ်။ 11 အေးသူလို့ဟ တိတ်တိတ်နေရမယ်။ ပစာကို့ သူလို့ဟ မသန့်ဆှင်းသော အကျိုးစီးပွားအတွက် မသွန်သင်သင့်သော အရာများဟို သွန်သင်လျက် မိသားစုများဟို အစုလိုက် ကမောက်ကမ ဖြစ်စေကြသောကျောန့် ဖြစ်အယ်။ 12-13 ကရေတေကျွန်းသားများထဲဟ သူလို့ရဲ့ အမျိုးသားချင်း ပရောဖက်တဦးဟ “ကရေတေကျွန်းသားများဟ အမြဲတမ်း ဝါသောသူများ၊ ဆိုးလဲ့သားရဲနဲ့ ပျင်းရိစားကြူးလဲ့သူ” ဟု စပ်ဆိုထားအယ်။ ဟေသက်သေခံချက်ဟ မန်အယ်။ 14 အေးလိုမို့ ယုဒလူမျိုးရဲ့ ဒဏ္ဍာရီများနဲ့ သမ္မာတရားဟို ပယ်သောသူလို့ရဲ့ ပညတ်ချက်များအပေါ် အာရုံမစိုက်ဘဲ ယုံကြည်ခြင်းအရာနှိုက် မန်ကန်ပြေ့စုံမှုဆိရန် သူလို့ဟို ပြင်းထန်စွာ ဆိုဆုံးမလော့။ 15 သန့်ဆှင်းသော သူလို့အတွက် ခပ်သိမ်းသောအရာလို့ဟ သန့်ဆှင်းကြအယ်။ အဲလိုလဲ ညစ်ညူးယွေ့ ယုံကြည်ခြင်း မဆိသော သူလို့အတွက်ဟ စလိုအရာမှ မသန့်ဆှင်းတာ သာမက သူလို့ရဲ့ စိတ်နေလုံးနဲ့ အသိစိတ်လို့ဟလည်း ညစ်ညူးကြအယ်။ 16 သူလို့ဟ ဘုရားသခင်ဟို သိကြအယ်ဟု ဝန်ခံကြသော်လည်း သူလို့ပြုသော အမှုများအားဖြင့် ဘုရားသခင်ဟို ငြင်းပယ်ကြအယ်။ သူလို့ဟ စက်ဆုပ်ဖွယ်ကောင်းသောသူ၊ နာခံခြင်း မဆိသောသူ၊ ကောင်းသောအမှု ဆိသမျှနဲ့ မထိုက်တန်သောသူများ ဖြစ်ကြအယ်။
တိတု 2 ->
Languages