9 ဒါဝိဒ် ပြောခဲ့သော အေးမင်္ဂလာဟ အရေဖျားလှီးခြင်း ခံသူလို့သာ ပိုင်ဆိုင်သလော၊ မဟုတ်ပါ အရေဖျားလှီးခြင်းဟို မခံသော သူလို့ဟလည်း ပိုင်ဆိုင်ရအယ်။ အကျောန်းမှာ ငါလို့ ဖော်ပြခဲ့သော ကျမ်းစာအရ “အာဗြဟံဟ ဘုရားဟို ယုံကြည်သောကျောန့် ဘုရားသခင်ဟ သူဟို ဖြောင့်မတ်သောသူလိုမျိုး လက်ခံအယ်။” 10 အေးအရာဟ ပစာအချိန်မှာ ဖြစ်မလုန်း။ အာဗြံဟံဟ အရေဖျားလှီးခြင်းဟို ခံပင်းမှလော အဲဟာမဟုတ်ရင် မခံခင်လော။ ခံပင်းမှ မဟုတ်၊ မခံခင်ကတည်းက ဖြစ်အယ်။ 11 အေးလို့ဖြင့် အာဗြဟံဟ အရေးဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့် ရဆိသော ဖြောင့်မတ်ခြင်းရဲ့ တံဆိပ်အဖြစ် အရေဖျားလှီးခြင်းရဲ့ အမှတ်လက္ခဏာဟို ခံယူအယ်။ ဟေစာဟ အာဗြဟံအား အရေဖျားမလှီးဘဲ ယုံကြည်သောသူအပေါင်းလို့ရဲ့ အဖဖြစ်စေရန်နဲ့ အေးသူလို့ဟလည်း ဖြောင့်မတ်ခြင်းဟို ရဆိကြစေရန်အတွက် ဖြစ်အယ်။ 12 အဲအပြင် အာဗြဟံအား အရေဖျားလှီးထားသော သူလို့ရဲ့ အဖ ဖြစ်စေရန်နဲ့ အရေဖျား မလှီးထားသောသူ သာမကဘဲ အရေဖျား မလှီးခင်ကပင် ငါလို့အဖ အာဗြံဟံနှိုက်ဆိသော ယုံကြည်ခြင်း ခြေရာဟို လိုက်ဆှောက်သော သူလို့ရဲ့ အဖ ဖြစ်စေရန်အတွက် ဖြစ်အယ်။
16 [d]အဲလိုမို့ ကတိတော်ဟ ယုံကြည်ခြင်းအပေါ်မှာ အခြေခံအယ်၊ အေးကတိတော်ဟို အာဗြံဟံရဲ့ အမျိုးနွယ်အပေါင်းလို့အား ဘုရားသခင် ပေးသော အခမဲ့လက်ဆောင်အဖြစ် အာမခံထားအယ်၊ အေးကတိတော်ဟ ပညတ်တရားဟို နာခံသူများအတွက် သာမကဘဲ၊ အာဗြံဟံလိုမျိုး ယုံကြည်သော သူလို့အတွက်လည်း ဖြစ်အယ်။ အကျောန်းမှာ အာဗြဟံဟ ငါလို့အားလုံးရဲ့ ဝိညာဉ်ရေးရာ အဖလည်း ဖြစ်အယ်။ 17 ကျမ်းစာလာတာဟ “ငါသည် နင်လို့ ရမ်းဆာ့များလဲ့ လူမျိုးလို့ရဲ့ အဖ ဖြစ်စေပီ။” အဲလိုမို့ အာဗြံဟံဟ သေလွန်သောသူလို့ဟို အသက်ဆှင်စေသော ဘုရား၊ မတည်ဆိလဲ့အရာများဟို တည်ဆိလာစေရန် အမိန့်ပေးနိန်လဲ့ ဘုရားသခင်ရဲ့ ဆေ့နှိုက် ငါလို့အားလုံးရဲ့ အဖ ဖြစ်အယ်။ 18 အာဗြဟံဟ မျော်လင့်စရာ မဆိလဲ့ အခြေအနေတွင် မျော်လင့်ယွေ့ ယုံကြည်ခြင်း ဆိသောကျောန့် “ရမ်းဆာ့များသော လူမျိုးလို့ရဲ့ အဖ ဖြစ်လာအယ်။” ကျမ်းစာလာတာဟ “နင့်ရဲ့ အမျိုးနွယ်လို့ဟ ကြယ်လိုမျိုး များလိမ့်မယ်” ဟု ဆိုအယ်။ 19 သူဟ အသက် ၁၀၀ ခန့် ဆိယွေ့ သူ့ခန္ဓာကိုယ်ဟ အားနည်းလျက် အသေလိုမျိုးဆိကျောန်းဟိုလည်းကောင်း၊ စာရာဟ လူပဲ့မရနိန်ကျောန်းဟို သိဆိသော်လည်းကောင်း၊ သူရဲ့ ယုံကြည်ခြင်းနှိုက် အားနည်းခြင်း ဆိဝူး။ 20 သူရဲ့ ယုံကြည်ခြင်းဟ သူ့ဟို မချန်ခဲ့ဝူး၊ သူဟ ဘုရားသခင်ရဲ့ ကတိတော်ဟို သံသယ ဆိခဲ့ဝူး၊ သူရဲ့ ယုံကြည်ခြင်းဟ တန်ခိုးနဲ့ပြေ့စေယွေ့၊ ဘုရားသခင်ဟို ချီးမွန်းလေအယ်။ 21 သူဟ ဘုရားသခင် ကတိထားရာဟို လုပ်ဆောင်နိန်လိမ့်မယ်လို့ သူလုံးဝ ယုံကြည်ခဲ့အယ်။ 22 အေးကျောန့် အာဗြဟံရဲ့ ယုံကြည်ခြင်းအားဖြင့် “ဘုရားသခင်ဟ သူ့အား ဖြောင့်မတ်လဲ့သူအဖြစ် လက်ခံအယ်။” 23 “သူဟ ဖြောင့်မတ်သူအဖြစ် လက်ခံခဲ့အယ်” ဟူသော စကားလုံးများဟို သူတယောက်တည်း အတွက်သာ ရေးသားခြင်း မဟုတ်ပါ။ 24 ငါလို့ဟိုလည်း ရည်ညွန်းယွေ့ ရေးသားအယ်။ တနည်းအားဖြင့် ငါလို့ အဆှင်ယေရှုအား ဆှင်ပြန်ထမြောက်စေသော ဘုရားသခင်ဟို ငါလို့ ယုံကြည်သဖြင့် ငါလို့အား ဖြောင့်မတ်သူများအဖြစ် ကိုယ်တော် လက်ခံမယ် ဖြစ်သောကျောန့် ဖြစ်အယ်။ 25 ငါလို့ အပစ်များကျောန့် သူအသေခံရန် အပ်နှံခြင်းဟို ခံရပင်း ဘုရားသခင်ရဲ့ အမြင်နှိုက် ဖြောင့်မတ်သောသူများအဖြစ် သတ်မှတ်ခံရဖို့အတွက် သူဟ သေခြင်းမှ ဆှင်ပြန်ထမြောက်စေအယ်။
<- ရောမ 3ရောမ 5 ->
Languages