3 [a]ခရစ်တော် ယေရှုရဲ့ အစေဟို ခံရာတွင် ငါ့ရဲ့ လုပ်ဖော်ဆောင်ဖက်များဖြစ်သော ပြစ်ကိလနဲ့ အာကုလလို့အား ငါရဲ့ နှုတ်ဆက်စကား ပေးပို့လိုက်ပါအယ်။ 4 သူလို့ဟ ငါ့အတွက် အသက်စွန့် ကြိုးစား ဆောင်ရွက်ခဲ့သူများ ဖြစ်ကြအယ်။ သူလို့အား ငါတဦးတည်း သာမက လူမျိုးခြား အသင်းတော်လို့ဟိုလည်း ကျေးဇူးတင်ကြအယ်။ 5 သူလို့ရဲ့ နေအိုင်နှိုက် တွေ့ဆုံလဲ့ အသင်းတော်ဟိုလည်း ငါနှုတ်ဆက်ပေးကြလော့။
8 အဆှင်နဲ့ မိတ်သဟာယ ဖွဲ့ခြင်းနှိုက် ငါရဲ့ ချစ်လှစွာသော အမ္ပလိဟို နှုတ်ဆက်ကြလော့။ 9 ခရစ်တော်ရဲ့ အစေခံရာတွင် ငါ့ရဲ့ လုပ်ဖော်ဆောင်ဖက်ဖြစ်သူ ဥရဗန်နဲ့ ငါ့ရဲ့ ချစ်လှစွာသော မိတ်ဆွေ သတာခုဟိုလည်း နှုတ်ဆက်ကြလော့။ 10 ခရစ်တော်အား သစ္စာဆိမှုဟို သက်သေပြလျက် ဆိသော အပေလေဟိုလည်း နှုတ်ဆက်ကြလော့။ အာရိတ္တောဗုလုရဲ့ မိသားစုဝင်များဟိုလည်း နှုတ်ဆက်ကြလော့။ 11 ယုဒအမျိုးသားချင်းဖြစ်သူ ဟေရောဒျူန်ဟိုလည်း နှုတ်ဆက်ကြလော့။ သခင်ဘုရားနှိုက် ဆိလဲ့ တဘဲ့တော်ဖြစ်သော နာကိသုလို့ဟိုလည်း နှုတ်ဆက်ကြလော့။
12 အဆှင်ရဲ့ အစေဟို ဆောင်ရွက်သူ တရုဖဲနဲ့ တရုဖောသလို့ဟိုလည်း နှုတ်ဆက်ကြလော့။ အဆှင်အတွက် ရမ်းဆာ့သော အလုပ်လုပ်သော ငါရဲ့ ချစ်လှစွာသော ပေရသိဟိုလည်း နှုတ်ဆက်ကြလော့။ 13 [c]အဆှင် ရွေးချယ်ထားသောသူ ရုဖုနဲ့ ငါ့ဟို သားတယောက်လိုမျိုး အမြဲတမ်း ကျွေးမွေးသော သူရဲ့ အမေ့ဟို နှုတ်ဆက်ပေးကြလော့။ 14 အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှစယွေ့ သူလို့နဲ့ အခြား ခရစ်ယာန် ညီအကိုများ အားလုံးလို့ဟို နှုတ်ဆက်ပေးကြလော့။ 15 ဖိလောလုပ်နဲ့ ယုလိ၊ နေရု၊ နေရုရဲ့ ညီမ ဩလုမ္ပမှစယွေ့ သူလို့နဲ့အတူနေသော ဘုရားသခင်ရဲ့ လူများ အားလုံးလို့ဟို နှုတ်ဆက်ပေးကြလော့။
16 တယောက်နဲ့တယောက် သန့်ဆှင်းသော နမ်းခြင်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်ရဲ့ အသင်းတော်များဟ နင်လို့ဟို နှုတ်ဆက်လိုက်အယ်။
21 [e]ငါ့ရဲ့ လုပ်ဖော်ဆောင်ဖက်ဖြစ်သော တိမောသေနဲ့ ယုဒအမျိုးသားဖြစ်ကြသော လုကိ၊ ယာသုန်နဲ့ သောသိပတရုလို့ဟိုလည်း နင်လို့ဟို နှုတ်ဆက်ကြအယ်။
22 ဟေစာဟို ရေးသော ငါ တေရတိဟ ဘုရားသခင်ရဲ့ နာမနှိုက် နင်လို့ဟို နှုတ်ဆက်လိုက်ပါအယ်။
23 [f]ငါ့အား ဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်းလို့ ဝတ်ပြုရာ အိုင်ဆှင် ဂါယုဟလည်း နင်လို့ဟို နှုတ်ဆက်လိုက်အယ်။ မြို့တော် ဘဏ္ဍာထိန်း ဧရတ္တု၊ ငါလို့ရဲ့ ညီအကို ကွာတုဟို လည်းကောင်း နင်လို့အား နှုတ်ဆက်လိုက်အယ်။ 24 [g]
27 ပညာနဲ့ ပြေ့စုံလဲ့ တဆူတည်းသော ဘုရားသခင်ဟ ယေရှု ခရစ်အားဖြင့် ထာဝရ ဘုန်းကြီးစေသတည်း။ အာမင်။[h]
<- ရောမ 15- a တ ၁၈.၂
- b ယုနိ၊ အဲဟာမဟုတ်ရင် ယုနိယ၊ တချို့ လက်ရေးမူကျမ်းများတွင် ယုလိ၊ ဟူယွေ့ ပါဆိအယ်။
- c မာ ၁၅.၂၁
- d တချို့ လက်ရေးမူကျမ်းများတွင် အေးစာကျောန်းဟို မြုပ်ထားအယ်။
- e တ ၁၆.၁
- f တ ၁၉.၂၉; ၁ ကော ၁.၁၄; ၂ တိ ၄.၂၀
- g အချို့ လက်ရေးမူကျမ်းများတွင် အခန်းငယ် ၂၄၊ ငါတို့သခင် ယေရှုခရစ်ရဲ့ ကျေးဇူးတော်ကို နင်တို့အားလုံး ခံစားကြရပါစေသော။ အာမင်။ ကို တခြား အခန်းငယ် ၂၇ နောက်မှာ ဖြည့်စွက်ထားအယ်။
- h တချို့ လက်ရေးမူကျမ်းများတွင် အေးမှာအခန်းငယ် ၂၅–၂၇ များဆိပင်း နောက် ၁၄.၂၃ မှာဆိအယ်၊ တခြားမှာဟ ၁၄.၂၃ ပင်းနောက် သူလို့တခုပဲ ဆိကြအယ်၊ တခုဟ ၁၅.၃၃ နောက်မှာ ဆိကြအယ်။
Languages