ရောမ ရောမ အသင်းတော်ဟို ပေါလုရဲ့ပေးစာ နိဒါန်း ရောမ အသင်းတော်ဟို ပေါလုရဲ့ ပေးစာ ဟ ခရစ်တော် မွေးဖွားပင်းနောက် ၅၄–၅၈ ခုနှစ်အတွင်း အချိန်တွင် တမန်တော် ပေါလုဟ ရေးသားခဲ့ခြင်း ဖြစ်နိန်အယ်။ ပေါလုဟ ရောမမြို့ဟို မလည်ပတ်သေးသဖြင့် ရောမမြို့ဆိ ခရစ်ယာန်များဖြစ်လဲ့ ယုဒလူမျိုးများနဲ့ ယုဒလူမျိုး မဟုတ်သော သူများပါ ညွှန်ကြားရန် ဟေစာဟို ပေးပို့ခဲ့အယ်။ အေးအချိန်တွင် သူတည်းခိုရာ ကောရိန့်မြို့ဟနေ ဟေစာဟို ရေးခဲ့အယ်။ လူမျိုးအပေါင်းလို့ဟ ယေရှု ခရစ်တော်ဟို ယုံကြည်ယွေ့ နာခံမဲ့အကျောန်း ပေါလု ရေးသားခဲ့အယ် (၁၆.၂၆)။ ရောမ ပေးစာဟ ယေရှု ခရစ်အားဖြင့် ငါလို့ရဆိနိန်လဲ့ ကယ်တင်ခြင်း အကျောန်းဟို ပေါလုဟ ဆှင်းဆှင်းလင်းလင်းနဲ့ စေ့စေ့စပ်စပ် ဆှင်းပြသောကျောန့် နေရာတိုင်းနဲ့ အချိန်တိုင်းတွင် ခရစ်ယာန်များအတွက် အရေးကြီးသော ပအုပ် ဖြစ်အယ်။ ပေါလုဟ ယေရှု ခရစ်တော်ရဲ့ သတင်းကောင်းဟို ဓမ္မဟောင်းကျမ်းနဲ့လည်း ချိတ်ဆက်ထားအယ်။ ကျမ်းတတ်ဆရာ အများအပြားဟ ပအုပ်ရဲ့ အဓိကအကျဆုံး အခန်းငယ်မှာ ၁.၁၆ ဖြစ်အယ်ဟု ထောက်ခံကြအယ်၊ “ငါဟ သတင်းကောင်းတရားအတွက် ဆှက်ကြောက်ခြင်း မဆိ၊ အေးအရာဟ ဦးရင်ဆုံး ယုဒလူနောက်မှာ လူမျိုးခြား ယုံကြည်သူ အားလုံးဟို ကယ်တင်သော ဘုရားသခင်ရဲ့ တန်ခိုး ဖြစ်အယ်။” ရောမရဲ့ ပထမအပိုင်း (၁—၁၂) ဟ နက်နဲသော ဓမ္မပညာ ဖြစ်ပင်း ဒုတိယအပိုင်း (၁၃—၁၅) တွင် ခရစ်ယာန် အသက်တာအတွက် လက်တွေ့ကျသော လမ်းညွှန်ချက် များစွာ ပါဆိအယ်။ အကျောန်းအရာ အကျဉ်းချုပ် ၁။ ပေါလုဟ ပုံမှန်ရေးနေကျပုံစံဖြင့် သူ့ကိုယ်သူ မိတ်ဆက်ပင်း သူစသူ့ဆေ စာရေးလဲ့အကျောန်းနဲ့ စတင်အယ် (၁.၁–၁၅) ၂။ အဲပင်းနောက်၊ လူသားရဲ့ အခြေအနေနဲ့ ယေရှု ခရစ်တော်အားဖြင့်သာ ရဆိနိန်သော ကယ်တင်ခြင်း အကျောန်းဟို သူရေးသားအယ် (၁.၁၆—၁၁.၃၆) ၃။ ပင်းနောက်၊ ပေါလုဟ ခရစ်ယာန် အသက်တာအတွက် လက်တွေ့ကျသော ညွှန်ကြားချက်များစွာဟို ရေးထားအယ် (၁၂.၁—၁၅.၁၃) ၄။ သူဟ ရောမမြို့ဆိ အသင်းတော်ဆိ လူများဟို နှုတ်ဆက်ခြင်းဖြင့် ရောမပေးစာဟို အပီးသတ်ခဲ့အယ် (၁၆.၁–၂၇)
13 [a]ငါရဲ့ မိတ်ဆွေလို့ နင်လို့ဆေဟို အလည်လာဖို့ အကြိမ်များစွာ စီစဉ်ခဲ့သော်လည်း အခုတိုင်အောန် တားဆီးခြင်းခံရကျောန်းဟို နင်လို့သိဖို့ ငါ အလိုဆိအယ်။ အခြားတပါးသော တပါးအမျိုးသားလို့တွင် အောင်မြင်သလိုမျိုး နင်လို့တွင် ပြောင်းလဲခြင်းဟို ငါ အလိုဆိအယ်ဖြစ်ကျောန်း နင်လို့ဟ သတိရရမယ်။ 14 ယဉ်ကျေးသူ ဖြစ်စေ၊ ရိုင်းပျသူ ဖြစ်စေ၊ ပညာတတ် ဖြစ်စေ၊ ပညာမဲ့ ဖြစ်စေ၊ လူအပေါင်းလို့ရဲ့ သတင်းကောင်းပြောရမဲ့ အကြွေးဟ ငါနှိုက်တင်လျက် ဆိအယ်။ 15 အေးကျောန့် ရောမမြို့နှိုက်နေသော နင်လို့ဟိုလည်းဘဲ သတင်းကောင်းဟို ဟောပြောရန် စေတနာစိတ် ဆိအယ်။
24 အေးကျောန့် ဘုရားသခင်ဟ သူလို့ရဲ့ စိတ်နေလုံး ဆန္ဒများဖြစ်လဲ့ စုတ်ပဲ့သောအရာများဟို ပြုလုပ်ရန် လူလို့အား ပေးခဲ့ပင်း သူလို့ဟ အချင်းချင်းအား ခန္ဓာကိုယ်ဟို ဆှက်စရာကောင်းလဲ့ အရာများဟို ပြုလုပ်ခဲ့အယ်။ 25 သူလို့ဟ ဘုရားသခင်နဲ့ ပတ်သက်လဲ့ အမန်တရားကို လိမ်လည်လှည့်စားခြင်းနဲ့ လဲလှယ်ပင်း သူလို့ဟ ထာဝရကာလတိုင်အောန် ချီးမွန်း ကိုးကွယ်ရမဲ့ ဖန်ဆင်းဆှင်ဟို ပယ်လောယွေ့ ဖန်ဆင်းထားသော အရာများဟို ကိုးကွယ်ကြအယ်။
26 သူလို့ဟ အေးလို့ လုပ်ကြသောကျောန့် ဘုရားသခင်ဟ သူလို့ဟို ဆှက်ဖို့ကောင်းလဲ့ ကိလေသာ လက်ဟို အပ်လိုက်အယ်။ သူလို့ထဲမှ မိန်းမများပင် သဘာဝများဟို ဆန့်ကျင်ပင်း သဘာဝမဟုတ်လဲ့ အပြုမူများဘက်ဟို လိုက်ကြအယ်။ 27 အေးနည်းအတိုင်း ယောက်ျားလို့ဟလည်း မိန်းမနဲ့ သဘာဝအတိုင်း ဆက်ဆံမှုဟို မပြုဘဲ ယောက်ျားအချင်းချင်း ကိလေသာစိတ် ဆိကြအယ်၊ ယောက်ျားလို့ဟ အချင်းချင်း ဆှက်ဖွယ်သောအမူလို့ဟို လုပ်ကြသဖြင့် မိမိလို့မားယွင်းလဲ့ အကျင့်အတွက် အပစ်ဒဏ်ဟို သူလို့တတ်တိုင်း ခံရကြအယ်။
28 အေးမှတပါး သူလို့ဟ ဘုရားသခင်ဟို မသိမှတ်လိုသောကျောန့် ဘုရားသခင်ဟ သူလို့ဟို ယုတ်ညံ့သော စိတ်ဆေဟို အပ်လိုက်သဖြင့် သူလို့ဟ မပြုအပ်သောအရာများဟို ပြုကြကုန်အယ်။ 29 သူလို့ဟ အမျိုးမျိုးသော ဆိုးယုတ်မိုက်မဲခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုခြင်း၊ သူ့အသက်ကိုသတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ လှည့်စားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း စလဲ့ အပစ်များဟို ကျူးလွန်ကြအယ်။ သူလို့ဟ အတင်းတုတ်ကြအယ်၊ 30 တခြားသောသူဟို မကောင်းသော စကားများဟို ပြောကြအယ်၊ ဘုရားသခင်ဟို မုန်းသောသူ၊ စော်ကားသောသူ၊[e] မာန်မာန ထောင်လွှားသောသူ၊ ဝါကြွားသောသူများ ဖြစ်ကြအယ်၊ မကောင်းလဲ့အရာများဟို စဉ်းစားတတ်ကြအယ်၊ မိမိလို့ရဲ့ မိဘစကားဟို နားမထောင်ကြ။ 31 အသိတရား မဆိကြ၊ သူလို့ဟ ကတိမတည်ကြ၊ သူလို့ဟ သနားကြင်နာစိတ် မဆိကြ။ 32 အေးလို့သော အကျင့်ဆိသူလို့ဟ သေပစ် ခံထိုက်တာဟို ဘုရားသခင် စီရင်ကျောန်းဟို သူလို့ သိလျက်ပင် မိမိတတ်တိုင်း ဟေအမှုများဟို ဆက်လက်ယွေ့ ကျင့်ယုံမကဘဲ၊ အေးလို့ ပြုကြသူများဟိုလည်း အားပေးအားမြောက် လုပ်ကြအယ်။
ရောမ 2 ->
Languages