2 တဖန် မီးနဲ့ရော ထားလဲ့ ဖန်ပင်လယ်လိုမျိုး ဆိသောအရာဟို လည်းကောင်း၊ သားရဲ၊ သူရဲ့ ရုပ်တုနဲ့ သူ့နာမယ်ရဲ့ ကိန်းဂဏန်းလို့အပေါ် အနိန်ရသောသူလို့ဟ ဘုရားသခင်ရဲ့ စောင်းများဟို ကိုင်ဆောင်လျက် အဲဖန်ယေကန်ပေါ်တွင် ရပ်နေကြတာဟို လည်းကောင်း ငါ မျော်ရအယ်။ 3 သူလို့ဟ ဘုရားသခင်ရဲ့ အစေခံ မောရှေရဲ့ သီချင်းနဲ့ သိုးသငယ်တော်ရဲ့ သီချင်းများဟို သီဆိုကာ
5 အဲပင်းရင် ငါကျေ့လိုက်ရာ ခေါန်းခင်နှိုက် ဆိသော သက်သေခံချက် တဲတော်တည်ရာ ဗိမာန်တော်ဟ ဖွင့်ထားပီ။ 6 ဘေးဒဏ် ခုနေပါးဟို ဆောင်ထားလဲ့ ခေါန်းခင်တမန် ခုနေပါးလို့ဟ အဲဗိမာန်တော်ထဲမှ ထွက်လာကြအယ်။ သူလို့ဟ စင်ကြယ်တောက်ပသော ပိတ်ချောဟို ဝတ်ဆင်လျက် ရင်ဘတ်နှိုက် ဆွေရင်စည်းဟို စဲထားအယ်။ 7 အဲအခါ သတ္တဝါလေးပါးထဲမှ တပါးဟ ကမ္ဘာအဆက်ဆက် အသက်ဆှင်သော ဘုရားသခင်ရဲ့ ပြင်းစွာသော ဒေါသဖြင့် ပြေ့နေလဲ့ ဆွေဖလား ခုနေလုံးဟို အဲခေါန်းခင်တမန် ခုနေပါးလို့အား ပေးလေအယ်။ 8 ဗိမာန်တော်ဟ ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ တန်ခိုးတော်လို့မှ ထွက်ပေါ်သော အခိုးအငွေ့များနဲ့ ပြေ့သဖြင့် ခေါန်းခင်တမန် ခုနေပါးလို့ရဲ့ ဘေးဒဏ် ခုနေပါး မပီးမချင်း စသူမှ ဗိမာန်တော်ထဲဟို မဝင်နိန်ချေ။
<- ဗျာဒိတ် 14ဗျာဒိတ် 16 ->- a လူမျိုးတကာလို့၊ အချို့ လက်ရေးမူကျမ်းများတွင် အသက်အရွယ်၊ ဟု ပါဆိအယ်။
Languages