5 အဲသားရဲဟလည်း ကြီးစွာသော စကားဟို လည်းကောင်း၊ ဘုရားသခင်အား စော်ကားသော စကားဟို လည်းကောင်း၊ ပြောတတ်သော စလောင်နဲ့ ပြေ့စုံယွေ့ လလေးဆယ်နေလပတ်လုံး စီရင်သောအခွင့်ဟို ရဆိထားအယ်။ 6 သူဟ ဘုရားသခင်နဲ့ ကိုယ်တော်ရဲ့ နာမဟို လည်းကောင်း၊ ကိုယ်တော် တဲတော်ဟို လည်းကောင်း၊ ခေါန်းခင်နှိုက် စံစားသောသူလို့ဟို လည်းကောင်း၊ ပစ်မားပြောဆိုရန် မိမိရဲ့ စလောင်ဟို ဖွင့်လေအယ်။ 7 သူဟ သန့်ဆှင်းသူလို့ဟို စစ်တိုက်ယွေ့ အောန်နိန်သောအခွင့်ဟို ရဆိပင်း လူမျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားနဲ့ တိုင်းနိုင်ငံအသီးသီးလို့မှ လူလို့အား အုပ်စိုးရသော အခွင့်ဟိုလည်း ရဆိအယ်။ 8 အသေသတ်ခြင်း ခံရလဲ့ သိုးသငယ်ရဲ့ အသက်စာစောင်နှိုက် ကမ္ဘာဦးမှ စယွေ့ နာမယ် မရေးထားသော မြေကြီးပေါ်တွင် နေထိန်သူအားလုံးလို့ဟ အဲသားရဲဟို ကိုးကွယ်ကြလိမ့်မယ်။
9 နားဆိသောသူဟ ကြားပါစေ။ 10 သူတပါးဟို ဖမ်းဆီးခေါ်ဆောင်သွားသောသူဟ တတ်တိုင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရလိမ့်မယ်။ ထားဖြင့် သတ်တတ်သောသူဟလည်း တတ်တိုင်း ထားဖြင့် သေရမယ်။ ဟေအရာနှိုက် သန့်ဆှင်းသူလို့လည်း သည်းခံခြင်းနဲ့ သစ္စာစောင့်ခြင်းလို့ ဆိကြအယ်။
11 အဲပင်းရင် အခြားသော သားရဲတကောင်ဟ သိုးသငယ်ရဲ့ ဦးချိုနဲ့တူသော ချိုနေချောင်း ဆိယွေ့ နဂါးလိုမျိုး စကားပြောလျက် မြေကြီးထဲဟ ထွက်လာတာဟို ငါမျော်အယ်။ 12 အဲသားရဲဟ သူ့ဦးရင်ဖြစ်သော ပထမ သားရဲရဲ့ အာဏာစက်ဆိသမျှဟို သုံးစွဲအယ်။ သေစေသော ဒဏ်ချက် ပျောက်ကင်းခဲ့ပင်း ပထမ သားရဲဟို မြေကြီးမှ စယွေ့ မြေကြီးသားလို့ဟ ကိုးကွယ်စေခြင်းငှာ ပြုအယ်။ 13 အဲမှ ကြီးစွာသော နိမိတ်လက္ခဏာလို့ဟိုလည်း ပြအယ်။ လူလို့မျက်မှောက်နှိုက် ခေါန်းခင်မှ မြေကြီးပေါ်ဟို မီးများ ကျလာစေအယ်။ 14 သူဟ ပထမ သားရဲဆေ့နှိုက် ပြုခွင့်ရဆိထားသော နိမိတ်လက္ခဏာများအားဖြင့် မြေကြီးပေါ်တွင် နေထိန်သော သူအားလုံးလို့ဟို လှည့်စားယွေ့ ထားဒဏ်ရာ ဆိသော်လည်း အသက်ဆှင်ခဲ့သော သားရဲရဲ့ ရုပ်တုဟို ပြုလုပ်ရန် မြေကြီးပေါ်နှိုက် နေထိန်သောသူလို့အား စေခိုင်းအယ်။ 15 သားရဲရဲ့ ရုပ်တုဟ စကားပြောနိန်ရန်နဲ့ သားရဲရဲ့ ရုပ်တုဟို မကိုးကွယ်သောသူ ဆိသမျှလို့ဟို သတ်ဖြတ်စေရန် ဒုတိယ သားရဲရဲ့ ရုပ်တုအား အသက်သွင်းပေးနိန်သော အခွင့်ဟို ရဆိလေအယ်။ 16 ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်လပ်သောသူ၊ အကြီးအငယ်ဆိသမျှလို့ဟ လက်ယာလက်နှိုက် ဖြစ်စေ၊ နဖူးနှိုက် ဖြစ်စေ၊ တံဆိပ်လက်မှတ်ဟို ခံစေခြင်းငှာ လည်းကောင်း၊ 17 အဲတံဆိပ်လက်မှတ် တည်းဟူသော သားရဲရဲ့ နာမ ဖြစ်စေ၊ နာမရဲ့ အရေအတွက် ဖြစ်စေ၊ တခုခုဟို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှာ လည်းကောင်း စီရင်အယ်။
18 ဟေအရာနှိုက် ပညာဆိရန် လိုအပ်အယ်။ ဉာဏ်ပညာ ဆိသောသူဟ သားရဲရဲ့ ကိန်းဂဏန်းဟို တွက်ချက်မန့်။ အကျောန်းမှာ အေးဟ လူတဦးရဲ့ ကိန်းဂဏန်း ဖြစ်ပင်း အဲအရာမှာ ၆၆၆ ဖြစ်အယ်။
<- ဗျာဒိတ် 12ဗျာဒိတ် 14 ->- a ဗျာ ၁၇.၃,၇–၁၂
Languages