ဗျာဒိတ် ယောဟန်ဟို ဖွင့်ပြသော ဗျာဒိတ် နိဒါန်း ယောဟန်ဟို ဖွင့်ပြသော ဗျာဒိတ်ဟ ဓမ္မသစ်ကျမ်းရဲ့ နောက်ဆုံး ပအုပ် ဖြစ်အယ်။ ခရစ်တော် မွေးဖွားပင်း ၉၅ ခုနှစ်ခန့်တွင် တမန်တော် ယောဟန်ဟ (၁.၁) ရေးသားခဲ့အယ်။ သူဟ ယောဟန်ပြုစုလဲ့ သတင်းကောင်းပအုပ်နဲ့ စာစောင် သုံးစောင်ဖြစ်သော ၁ ယော၊ ၂ ယောနဲ့ ၃ ယောလို့ဟိုလည်း ရေးသားခဲ့အယ်။ ယောဟန်ဟို “ယေရှု ချစ်သောသူ” (ယော ၁၃.၂၃) ဟုလည်း သိကြအယ်။ ယေရှု ခရစ်တော်ရဲ့ သတင်းကောင်းဟို ဟောပြောယွေ့ အဲနေရာမှ ပြေနှင်ဒဏ် ခံခဲ့ရသောကျောန့် ပတ်မုကျွန်းတွင် ဆိစဉ် ဗျာဒိတ်ကျမ်းဟို ရေးခဲ့အယ် (၁.၉)။ ဗျာဒိတ်တော်ဟို ရေးသားရာတွင် ယောဟန်ရဲ့ ရည်ရွယ်ချက်မှာ စာဖတ်သူလို့အား ယေရှု ပြန်ကြွလာချိန် နီးပီဖြစ်သောကျောန့် ယေရှု ခရစ်အပေါ်နှိုက် မျော်လင့်ခြင်းနဲ့ သစ္စာဆိရန်အတွက် တိုက်တွန်း (၁.၃; ၂၂.၇) ထားအယ်။ ယေဘုယျအားဖြင့် ခရစ်ယာန်အားလုံးနဲ့ အခန်းကြီး ၂—၃ တွင် အသင်းတော် ခုနေပါးဆေဟို သီးသန့် ရေးသားခဲ့အယ်။ ယောဟန်ဟ သူရဲ့ ကိုယ်ပိုင်ရေးသားမှုဟို ပရောဖက်ပြုချက် (၁.၃) အဖြစ် တံဆိပ်တပ်ပင်း သူမျော်သောအရာများဟို ဖော်ပြရန် ပအုပ်တအုပ်လုံးတွင် ရမ်းဆာ့ ပုံဆောင်ချက်များဟို အသုံးပြုထားအယ်။ ဟေပအုပ်ဟ ဓမ္မဟောင်းကျမ်းရဲ့ အပိုင်းအချို့၊ အထူးသဖြင့် ဇာခရိ ၆.၁–၈ နဲ့ ဆင်တူအယ်။ တံပိုးခုနေလုံးနဲ့ ဖလားခုနေလုံးလို့ဟ အဲဂုတ္တုပြေဟို စစ်ကြောရန် ဘုရားသခင် စေလွှတ်သော ဘေးဒဏ်များနဲ့ ရမ်းဆာ့ ဆင်တူအယ် (ထွက်မြောက်ရာ ၇—၉)။ ဗျာဒိတ်ကျမ်း တွင် နောက်ဆုံးသောကာလ အကျောန်း၊ ယေရှု အောန်ပွဲခံမယ် ဖြစ်ကျောန်း၊ ကိုယ်တော်ဟို ယုံကြည်သူအပေါင်းလို့ဟ ကိုယ်တော်နဲ့အတူ ထာဝစဉ် အသက်ဆှင်ကြမယ် ဖြစ်ကျောန်း ဖော်ပြထားအယ်။ ဟေပအုပ်ဟ နင်လို့ဟို သတိပေးထားပင်း မကြာခင် ယေရှု ပြန်ကြွလာမဲ့အကျောန်း ဟို မျော်လင့်ချက်ပေးပါစေ။ အကျောန်းအရာ အကျဉ်းချုပ် ၁။ ယောဟန်ဟ သူစသူဖြစ်တာနဲ့ ဟေပရောဖက်ပြုချက်ဆိုင်ရာ ရူပါရုံဟို သူစလို လက်ခံရဆိကျောန်း ပြောဆိုခြင်းဖြင့် စတင်အယ် (၁.၁—၁.၂၀) ၂။ ယေရှုဆေမှ အသင်းတော် ခုနေပါးဆေ တိုက်ရိုက် သတင်းစကား ပေးအယ် (၁.၁—၃.၂၂) ၃။ အဲပင်းရင်၊ သူဟ တံဆိပ်ခုနေခုနဲ့ တံပိုးခုနေခုဟို ဖော်ပြအယ် (၈.၆—၁၁.၁၉) ၄။ အဲပင်းနောက်၊ ယောဟန်ဟ ခေါင်းခုနေလုံးဆိသော နဂါးဟို တိုက်ခိုက်ခဲ့သော အောင်နီငယ်အား ဖော်ပြအယ် (၁၂.၁—၁၄.၂၀) ၅။ အဲပင်းရင်၊ သူဟ အမျက်တော်ဖလား ခုနေလုံးအကျောန်း ရေးလေအယ် (၁၅.၁—၁၆.၁၈) ၆။ အဲပင်းနောက်၊ ယောဟန်ဟ ခေါန်းခင်မှာ ရန်သူများအား ဘုရားသခင် စလို အနိန်ယူပုံဟို ဖော်ပြအယ် (၁၇.၁—၂၀.၁၅) ၇။ နောက်ဆုံးတွင်၊ သူဟ အဆုံးနှိုက် ပေါ်လာမဲ့ ခေါန်းခင်သစ်နဲ့ မြေကြီးသစ်ဟို ဖော်ပြထားအယ် (၂၁.၁—၂၂.၂၁)
8 [d]“ငါဟ အာလဖ ဖြစ်အယ်။ ဩမေဃလည်း ဖြစ်အယ်” ဟု အနန္တတန်ခိုးနဲ့ ပြေ့စုံယွေ့ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ဆိသော ထာဝရ အဆှင် ဘုရားသခင် မိန့်အယ်။
12 အဲအခါ ငါဟ ငါ့အား မြွတ်ဆိုသော အသံပိုင်ဆှင်ဟို တွေ့မျော်ရန် ဝေ့ကျေ့လိုက်အယ်။ အဲလို ဝေ့ကျေ့လိုက်ရာ ဆွေမီးခုံ ခုနေခုနဲ့၊ 13 အဲဆွေမီးခုံများ အလယ်နှိုက် ခြေဖျားတိုင်အောန် ရောက်သော ဝတ်ရုံဟို ဝတ်ဆင်လျက် ရင်ဘတ်နှိုက် ဆွေရင်စည်းဟို စဲထားလဲ့ လူသားနဲ့တူသော သူတဦးဟို ငါ မျော်ရအယ်။ 14 အဲသူရဲ့ ဦးခေါင်းနဲ့ ဆံပင်လို့ဟ ဖြူသော သိုးမွေးလို လည်းကောင်း၊ နှင်းပွင့်လို လည်းကောင်း ဖြူယွေ့ သူရဲ့ မျက်စေ့လို့ဟ မီးလျှံလို ဖြစ်ကြအယ်။ 15 သူရဲ့ ခြေလို့ဟ မီးဖိုတွင် ဖိုထိုးထားလဲ့ တောက်ပသော ကြေးဝါနဲ့ တူအယ်။ သူရဲ့ အသံမှာ ယေတံခွန်ကြီးရဲ့ အသံနဲ့ တူအယ်။ 16 သူဟ လက်ယာလက်ဖြင့် ကြယ်ခုနေလုံးဟို ကိုင်ယွေ့ ထားအယ်။ သူရဲ့ ခံတွင်းမှ အသွားနေဖက်ပါလဲ့ ထက်သော သန်လျက် ထွက်လာအယ်။ သူရဲ့ မျက်နှာဟလည်း မွန်းတည့်နေလိုမျိုး တောက်ပအယ်။ 17 [e]ငါဟ အဲသူဟို မျော်ရသောအခါ သူရဲ့ ခြေရင်းနှိုက် လဲကျယွေ့ လူသေလို ဖြစ်အယ်။ အဲအခါ သူဟ ငါ့အပေါ်နှိုက် သူရဲ့ လက်ယာလက်ဟို တင်လျက် “မကြောက်နဲ့၊ ငါဟ ဦးရင်ဆုံးနဲ့ နောက်ဆုံး ဖြစ်အယ်။ 18 အသက်ဆှင်သောသူလည်း ဖြစ်အယ်။ ငါဟ ဦးရင် သေတာ ဖြစ်ယွေ့ ကမ္ဘာအဆက်ဆက် အသက်နဲ့ ပြေ့စုံအယ်။ သေခြင်းနဲ့ မရဏာနိုင်ငံဟိုလည်း ငါ အစိုးရအယ်။
19 “အဲလိုမို့ နင် မျော်ခဲ့ရသောအရာများ၊ အခု ဖြစ်နေသောအရာများနဲ့ နောင်တွင် ဖြစ်ပျက်မဲ့အရာများဟို ရေးထားလော့။ 20 ငါရဲ့ လက်ယာဘက်တွင် နင်မျော်ရသော ကြယ်ခုနေလုံးနဲ့ ဆွေဆီမီးခုံ ခုနေခုလို့ရဲ့ လျှို့ဝှက်နက်နဲသော အဓိပ္ပာယ်မှာ ကြယ်ခုနေလုံးဟ အသင်းတော် ခုနေပါးရဲ့ စေတမန်များ ဖြစ်ကြပင်း ဆီမီးခုံ ခုနေခုဟ အသင်းတော် ခုနေပါး ဖြစ်ကြအယ်။
ဗျာဒိတ် 2 ->
Languages