2 ငါဟ ဧဝေါဒိနဲ့ သုန္တုတ်လို့အား သခင်ဘုရားနှိုက် တစိတ်တသဘောတည်း ဆိကြရန် တိုက်တွန်းနှိုးဆော်အယ်။ 3 ငါရဲ့ ရဲဘော်စစ်ဖြစ်သူ နင့်ဟိုလည်း အဲအမျိုးသမီးလို့ဟို ကူညီမစရန် ငါ တောင်းပန်အယ်။ သူလို့ဟ ဧဝံဂေလိတရား ဟောပြောရာတွင် ငါနဲ့အတူ အထူး ကြိုးစားအားထုတ် လုပ်ဆောင်သူများ ဖြစ်ကြအယ်။ အဲသို့ လုပ်ဆောင်ခဲ့သူများတွင် ကလေမင်နဲ့တကွ ဘုရားသခင်ရဲ့ အသက်စာစောင် စာရင်းတွင် ပါဆိသူ အခြား ငါရဲ့ လုပ်ဖော်ဆောင်ဖက်များလည်း ပါဝင်အယ်။
4 သခင်ဘုရားနှိုက် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ တဖန် ငါဆိုတာဟ ဝမ်းမြောက်ကြလော့။
5 နင်လို့ရဲ့ နူးညံ့သိမ်မွေ့သော စိတ်သဘောဟို လူအပေါင်းလို့အား မျော်စေကြလော့။ သခင်ဘုရား ကြွလာရန် အချိန်နီးပီ။ 6 ပစာအမှုဟိုမျှ မစိုးရိမ်ဘဲ ခပ်သိမ်းသောအမှုလို့တွင် ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ဆုတောင်းလျက် နင်လို့ လိုသောအရာများဟို ဘုရားသခင်အား ကြားဆှောက်ကြလော့။ 7 အဲအခါ လူလို့ နားမလည်နိန်သော ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်းဟ ခရစ်တော် ယေရှုအားဖြင့် နင်လို့ရဲ့ စိတ်နေလုံးနဲ့ နင်လို့ရဲ့ တွေးတောကြံစည်မှုများဟို စောင့်မလိမ့်မယ်။
8 နောက်ဆုံးအနေဖြင့် ညီအကို မောင်နှမလို့၊ မန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာနဲ့ အသရေဆိသောအရာ တည်းဟူသော ကောင်းမြတ်သောအရာနဲ့ ချီးမွန်းဖွယ်သောအရာလို့ဖြင့် စိတ်နေလုံးဟို ပြေ့စေကြလော့။ 9 ငါ့ဆေမှ နင်လို့ သင်ကြားခံယူလျက် သိမျော်ခဲ့သောအရာလို့ဟို ပြုကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်သက်ခြင်းရဲ့ သခင် ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။
14 အဲလိုလဲ ငါ ဆင်းရဲဒုက္ခဟို တွေ့ကြုံရချိန်နှိုက် နင်လို့ ငါ့ဟို ကူညီကြသောအားဖြင့် ကောင်းမွန်စွာ ပြုကြပီ။ 15 [a]အချင်း ဖိလိပ္ပိမြို့သားလို့၊ ငါဟ မာကေဒေါနိပြေမှ ထွက်ခွာယွေ့ ဧဝံဂေလိတရားဟို စတင် ဝေငှချိန်နှိုက် နင်လို့ အသင်းတော် တပါးတည်းသာ ငါ့အား ကူညီခဲ့ကျောန်း၊ အမှုတော်ဆောင်လုပ်ငန်းတွင် နင်လို့ဟသာ ငါနဲ့အတူ ပေးလှူခြင်းနဲ့ လက်ခံခြင်း အမှုလို့နှိုက် ပါဝင်ကြကျောန်းဟို နင်လို့တတ်တိုင်း ကောင်းစွာ သိကြအယ်။ 16 [b]သက်သာလောနိတ်မြို့နှိုက် ဆိစဉ်ခါဟ ငါလိုသော အကူညီဟို နင်လို့ဟ တကြိမ်မက နေကြိမ်တိုင်အောန် ပေးပို့ခဲ့ကြအယ်။ 17 ဟေသို့ဆိုသော် ငါဟ အလှူဟို ခံယူလိုယွေ့ မဟုတ်၊ နင်လို့ရဲ့ ငွေစာရင်းတွင် အမြတ်တိုးလာစေရန် ငါ အလိုဆိအယ်။ 18 ငါဟ အရာအားလုံးဟို ရဆိယွေ့ ကြွယ်ဝလျက် ဆိအယ်။ နင်လို့ ပေးပို့လဲ့အရာများဟို ဧပဖြောဒိတ်ဆေမှ ငါ လက်ခံရဆိယွေ့ ပြေ့စုံလျက် ဆိပီ။ အဲအရာလို့ဟ မွှေးကြိုင်လဲ့ရနံ့၊ ဘုရားသခင် နှစ်သက်သော လက်ခံဖွယ်ရာယဇ် ဖြစ်ကြအယ်။ 19 ငါရဲ့ ဘုရားသခင်ဟလည်း ဘုန်းအသရေတော်နှိုက် ဆိသော မိမိရဲ့ ကြွယ်ဝမှုနဲ့အညီ နင်လို့ရဲ့ လိုအပ်ချက် ဆိသမျှဟို ခရစ်တော် ယေရှုအားဖြင့် ပြေ့စုံစေလိမ့်မယ်။ 20 ငါလို့အဖ ဖြစ်သော ဘုရားသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းအသရေတော် ဆိပါစေသော၊ အာမင်။
23 သခင် ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟ နင်လို့ရဲ့ စိတ်ဝိညာဉ်နဲ့အတူ ဆိပါစေသော။
<- ဖိလိပ္ပိ 3
Languages