ဖိလိပ္ပိ ဖိလိပ္ပိ အသင်းတော်ဟို ပေါလုရဲ့ပေးစာ နိဒါန်း ပေါလုဟ ခရစ်တော် မွေးဖွားပင်း ၆၁ ခုနှစ်အကြာတွင် ဖိလိပ္ပိမြို့ဆိ ယုံကြည်သူများဆေဟို စာရေးခဲ့အယ်။ သူထောင်ကျနေချိန် (၁.၁၃)၊ ရောမမြို့မှာ ရေးသားခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိန်အယ်။ ဖိလိပ္ပိမြို့မှာဆိလဲ့ အသင်းတော်ဆေဟို ရေးသားထားသော စာဖြစ်အယ်။ တမန်တော်ဝတ္တုမှ ဖိလိပ္ပိအကျောန်း ကတစ်မျှ လေ့လာနိန်အယ်။ ဖိလိပ္ပိဟ မာကေဒေါနိပြေနယ်ရဲ့ မြို့တော် ဖြစ်အယ်။ မာကေဒေါနိပြေမှာ တည်ထောင်ခဲ့လဲ့ ပထမဆုံး အသင်းတော်လည်း ဖြစ်ပါအယ်။ ပေါလုနဲ့ သိလလို့ဟ အသင်းတော်အား အတူတကွ စတင်ခဲ့ကြပင်း အဲနေရာတွင် ဆိစဉ် တညတာပင် အကျဉ်းချ ခံခဲ့ရအယ် (တ ၁၆ )။ ပေါလုဟ ဟေစာဟို ရေးရာတွင် ရည်ရွယ်ချက်များစွာနဲ့ ရေးသားဖြစ်အယ်။ ထောင်ကျနေကျောန်း ကြားသိရသောအခါ သူလို့ပေးပို့သော လက်ဆောင်အတွက် အသင်းတော်ဟို ကျေးဇူးတင်ကျောန်း ရေးသားပင်း အသုံးပြုခဲ့အယ် (၄.၁၀–၁၉)။ သူဟ ထောင်တွင်းဆိ သူရဲ့ နောက်ဆုံးအခြေအနေအကျောန်းဟို ပြောပြယွေ့ တိမောသေနဲ့ ဧပဖြောဒိတ်လို့ဟို ကြိုဆိုပင်း သူလို့ရဲ့ ခေါင်းဆောင်မှု လေးစားကြရန် အသင်းတော်သို့ အကြံပြုခဲ့အယ် (၂.၁၉–၃၀)။ အကျောန်းအရာ အကျဉ်းချုပ် ၁။ ပေါလုဟ ဖိလိပ္ပိမြို့ဆိ အသင်းတော်အား နှုတ်ဆက်ခြင်းဖြင့် စာဟို စတင်အယ် (၁.၁–၂) ၂။ ပင်းနောက် သူ့အခြေအနေနဲ့ ပတ်သက်သော အချက်အလက်အချို့နဲ့ သူ့တွင် ဆိနေလဲ့ စိုးရိမ်မှု အချို့ဟို မျှဝေအယ် (၁.၃—၂.၃၀) ၃။ အဲပင်းရင်၊ ခရစ်ယာန်အသက်တာအတွက် လက်တွေ့ကျသော ညွှန်ကြားချက်များစွာဟို သူပေးအယ် (၃.၁—၄.၉) ၄။ ပေါလုဟ ၎င်းလို့ရဲ့ လက်ဆောင်အတွက် ဖိလိပ္ပိအသင်းတော်အား ကျေးဇူးတင်စကား ပြောကြားကာ နှုတ်ခွန်းဆက်စကား ပေးပို့ခြင်းဖြင့် အပီးသတ်ခဲ့အယ် (၄.၁၀–၂၃)
9 နင်လို့ရဲ့ ချစ်ခြင်းမေတ္တာဟ စစ်မန်သော အသိပညာနဲ့ ထိုးထွင်းသော ဉာဏ်အမျိုးမျိုးလို့နှိုက် ပိုယွေ့ပိုယွေ့ ပြေ့စုံလာကြရန် နင်လို့အတွက် ငါ ဆုတောင်းအယ်။ 10 အဲမှသာ နင်လို့ဟ အကောင်းဆုံးသောအရာဟို ရွေးချယ်နိန်ကြမှာ ဖြစ်ပင်း ခရစ်တော်ရဲ့ နေ့ရက်နှိုက် အပစ်တင်စရာ မဆိဘဲ အညစ်အကြေးနဲ့ ကင်းစင်လိမ့်မယ်။ 11 ယေရှု ခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်း အသီးအပွင့်နဲ့ ပြေ့စုံယွေ့ ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ဆှားခြင်းနဲ့ ဂုဏ်တော်ချီးမွန်းခြင်း အဖြစ်သို့ ရောက်မဲ့အကျောန်း ငါ ဆုတောင်းအယ်။
15 အချို့သောသူလို့ဟ မနာလိုသော စိတ်၊ ရန်တွေ့လိုသော စိတ်နဲ့ ခရစ်တော်အကျောန်းဟို ဟောပြောကြအယ်။ အဲလိုလဲ အချို့သောသူလို့ဟတော့ စေတနာ စိတ်နဲ့ ဟောပြောကြအယ်။ 16 ဟေသူလို့ဟ ဧဝံဂေလိတရားဟို ကာကွယ်ဟောပြောရန် ငါ့အား ဘုရားသခင် ခန့်ထားကျောန်းဟို သိသဖြင့် ချစ်ခြင်းမေတ္တာနဲ့ ဟောပြောကြအယ်။ 17 အခြားသောသူလို့ဟ ခရစ်တော်ရဲ့ အကျောန်းဟို စိတ်ရင်းမန်ဖြင့် မဟုတ်ဘဲ ကျော်ကြားလိုသော စိတ်ဖြင့် ဟောပြောကြအယ်။ သူလို့ရဲ့ အကြံမှာ တုတ်ချေခံနေရသူ ငါ့အား ပိုယွေ့ စိတ်ဒုက္ခရောက်စေရန် ဖြစ်အယ်။
18 အဲဒါဟ အရေးကြီးမောင်းလဲ့။ အရေးကြီးတာဟ မားယွင်းသော ရည်ရွယ်ချက်ဖြင့် ဟောပြောတာ ဖြစ်စေ၊ မန်ကန်သော ရည်ရွယ်ချက်ဖြင့် ဟောပြောတာ ဖြစ်စေ၊ ခရစ်တော်အကျောန်းဟို ဟောပြောခြင်းသာ ဖြစ်သဖြင့် ငါ ဝမ်းမြောက်အယ်။ ဆက်ပင်း ဝမ်းမြောက်လျက် နေအယ်။ 19 ပစာကို့ နင်လို့ရဲ့ ဆုတောင်းခြင်းများနဲ့ ယေရှု ခရစ်တော်ရဲ့ ဝိညာဉ်တော်ဆေမှ လာသော ကူညီမစခြင်းအားဖြင့် ငါဟ ဟေအနှောင်အဖွဲ့မှ လွတ်မြောက်မယ်ဟု ငါသိအယ်။ 20 ငါဟ ပစာခါနှိုက်မျှ မိမိရဲ့ တာဝန်ဟို မပျက်မကွက်ဘဲ အခါခပ်သိမ်းနှိုက် လည်းကောင်း၊ အထူးသဖြင့် အခုအခါနှိုက် လည်းကောင်း၊ ရဲရင့်ခြင်း အပြေ့အဝဆိလျက် အသက်ဆှင်တာ ဖြစ်စေ၊ သေတာ ဖြစ်စေ၊ ငါရဲ့ ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်ဟ ချီးမွန်းခြင်း ခံရမဲ့အကျောန်း ငါနက်နဲစွာ မျော်လင့်တောင့်တအယ်။ 21 အကျောန်းမှာ ငါ့အနေဖြင့် အသက်ဆှင်ခြင်းဟ ခရစ်တော် ဖြစ်ပင်း သေခြင်းဟလည်း အကျိုးဆိအယ်။ 22 အဲလိုလဲ ဟေကိုယ်ခန္ဓာနှိုက် ဆက်ယွေ့ အသက်ဆှင်လျက် ငါဟ အကျိုးဆိသောအမှုဟို လုပ်ဆောင်နိန်အယ်။ အဲအခါ စလိုအရာ ရွေးချယ်ရမယ်ဟို ငါမသိ။ 23 ငါဟ ဟေနေခုကြားနှိုက် အကျပ်ရိုက်နေအယ်။ ငါဟ ဟေဖဝါ့ဟို စွန့်ခွာယွေ့ ခရစ်တော်နဲ့အတူဆိရန် ဆန္ဒဆိအယ်။ အဲသို့ဖြစ်လျှင် ရမ်းဆာ့ သာလွန်ကောင်းမွန်အယ်။ 24 အဲလိုလဲ ဟေကိုယ်ခန္ဓာနှိုက် ငါဆက်ယွေ့ ဆိနေခြင်းဟ နင်လို့အတွက် ပိုမိုလိုအပ်အယ်။ 25 ဟေသို့ ယုံကြည်စိတ်ချသဖြင့် ငါဟ နင်လို့နဲ့အတူ နေမယ်။ နင်လို့အား တိုးတက်ကြီးပွားစေရန်နဲ့ ယုံကြည်ခြင်းနှိုက် ဝမ်းမြောက်စေရန် ငါဟ နင်လို့နဲ့အတူ နေမယ်။ 26 အဲလိုမို့ ငါဟ နင်လို့နဲ့ တဖန် နေခွင့်ရသောအခါနှိုက် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဖြစ်သူ နင်လို့ဟ ငါ့အတွက်ကျောန့် ပိုယွေ့ပင် ဂုဏ်ယူဝါကြွား နိန်ကြလိမ့်မယ်။
27 စလိုပင်ဖြစ်စေ နင်လို့ဟ ခရစ်တော်ရဲ့ ဧဝံဂေလိတရားနဲ့ ထိုက်တန်စွာ ပြုမူနေထိန်ရန် ဖြစ်အယ်။ အဲလိုမို့ ငါလာယွေ့ နင်လို့ဟို တွေ့တာ ဖြစ်စေ၊ မတွေ့တာ ဖြစ်စေ၊ နင်လို့နဲ့ အဝေးမှာ နေယွေ့ နင်လို့အကျောန်း ကြားသိအခါနှိုက် ဖြစ်စေ၊ နင်လို့ဟ ဝိညာဉ်တော်နှိုက် တည်ကြည်ယွေ့ ဧဝံဂေလိတရားဟို ယုံကြည်ခြင်းအတွက် တညီတညွတ်တည်း ကြိုးစားကြတာဟို ငါ သိလိမ့်မယ်။ 28 နင်လို့ရဲ့ ရန်သူများဟို မကြောက်ကြနဲ့။ အခါခပ်သိမ်း ရဲရင့်ကြလော့။ ဟေအရာပင်လျှင် ရန်သူလို့အတွက် ရှုံးနိမ့်ခြင်း ဖြစ်ကျောန်းနဲ့ နင်လို့ အောန်မြင်ခြင်းဖြစ်ကျောန်းဟို သူလို့အား သက်သေပြလိမ့်မယ်။ ပစာကို့ နင်လို့အား အောန်ပွဲခံစေသောသူဟ ဘုရားသခင် ဖြစ်အယ်။ 29 နင်လို့ဟ ခရစ်တော်ဟို ယုံကြည်ခြင်းအားဖြင့် သာမက ကိုယ်တော့်အတွက် ဆင်းရဲဒုက္ခခံခြင်း အားဖြင့်လည်း ကိုယ်တော်ရဲ့ အမှုတော်ဟို ဆောင်ရွက်ရန် အခွင့်ထူးဟို ရဆိကြအယ်။ 30 [d]အခု နင်လို့ဟ ငါနဲ့အတူ တိုက်ပွဲဟို ဝင်နိန်ကြလေပီ။ မခင်ဟ ငါသည် တိုက်ပွဲဝင်ခဲ့တာဟို နင်လို့ မျော်ခဲ့ကြအယ်။ နင်လို့ ကြားသိလဲ့အတိုင်း အခုလည်း ငါဟ တိုက်ပွဲဟို ဝင်လျက်နေသေးအယ်။
ဖိလိပ္ပိ 2 ->
Languages