ဖိလေမုန် ဖိလေမုန်ဆေဟို ပေါလုရဲ့ပေးစာ နိဒါန်း ဖိလေမုန်ဆေဟို ပေါလုရဲ့ ပေးစာ ဟ တမန်တော်ပေါလု ရေးသားခဲ့သော စာစောင်ထဲတွင် အတိုဆုံး ပေးစာ ဖြစ်အယ် (၁.၁)။ ပေါလုဟ ၎င်းကို ရေးသားစဉ်တွင် ထောင်ထဲနှိုက် ဆိနေခဲ့ပင်း ရောမမြို့မှ ၎င်းကို ရေးသားခဲ့ခြင်း ဖြစ်နိန်အယ်။ အကယ်ယွေ့ သူဟ ရောမမြို့နှိုက် ဆိနေပါဟ ခရစ်တော် မွေးဖွားပင်း ၆၁ ခုနှစ်ခန့်တွင် ကောလောသဲစာစောင်ဟို ရေးသားမဲ့အချိန်နဲ့ အတူတူပင် ဖြစ်အယ်ဟု ရေးထားအယ်။ ပေါလုဟ ဖိလေမုန်နာမယ်ဆိ အမျိုးသားတယောက်ဆေ ဟေစာဟို ရေးခဲ့အယ်။ ဖိလေမုန်ဟ အသင်းတော်ရဲ့ အဖွဲ့ဝင်တဦး ဖြစ်ပင်း ကျွန်ပိုင်ဆှင်လည်း ဖြစ်အယ်။ သူဟ ဖိလေမုန်ဆေမှ ထွက်ပြေးသော သူရဲ့ ကျွန် သြနေသိမ်ဟို အပစ်မပေးဖို့ တောင်းဆှောက်ရန် စာရေးခဲ့အယ်။ ရောမဥပဒေအရ ဖိလေမုန်ဟ ဩနေသိမ်ဟို သတ်ပိုင်ခွင့် ဆိအယ်။ ပေါလုဟ ဖိလေမုန်အား ခရစ်ယာန်ညီအကို တဦးအဖြစ် လက်ခံရန် ဖိလေမုန်အား တိုက်တွန်းကာ ဩနေသိမ်ဟို ပေါလုအား ကူညီ ဆောင်ရွက်ခွင့်ပြုရန်ပင် အကြံပြုခဲ့အယ် (၁.၁၃–၁၄)။ အကျောန်းအရာ အကျဉ်းချုပ် ၁။ ပေါလုဟ ဖိလေမုန်ဟို နှုတ်ဆက်အယ် (၁–၃) ၂။ အဲပင်းနောက်၊ ပေါလုဟ ဖိလေမုန်အား ခရစ်ယာန်ညီအကိုအဖြစ် လက်ခံဖို့ ဩနေသိမ် ကိုယ်စား တောင်းပန်အယ် (၄–၂၁) ၃။ ပေါလုဟ လာရောက် လည်ပတ်ရန် ဆန္ဒဆိကျောန်း ပြောပြပင်း နှုတ်ခွန်းဆက်စကား ပေးပို့ခြင်းဖြင့် အပီးသတ်ခဲ့အယ် (၂၂–၂၅)
12 သူ့ဟို နင်ဆေ ငါပြန်ပို့လိုက်အယ်။ သူဟ ငါ့ရဲ့အသည်းနေလုံး ဖြစ်အယ်။ 13 ငါဟ သတင်းကောင်းအတွက် တုတ်ချေခံရခါ နင့်ကိုယ်စား ငါ့ဟို ကူညီဆောင်ရွက်ပေးနိန်ရန် သူ့ဟို ငါဆေနှိုက် ခေါ်ထားလိုအယ်။ 14 အဲလိုလဲ နင်လုပ်လဲ့ ကောင်းမှုဟ မလွဲဆှောင်သာယွေ့ လုပ်ရခြင်းမျိုး မဟုတ်ဘဲ မိမိဆန္ဒအလျောက် ဖြစ်စေရန် နင့်ရဲ့ သဘောတူညီချက် မပါရင် စလိုအရာဟိုမှ ငါမလုပ်လိုပါ။
15 သူဟ နင်နဲ့ခဏ ကွဲကွာခဲ့ခြင်းမှာ သူဟ နင့်ဆေ အမြဲနေထိန်နိန်ရန်အတွက် ဖြစ်လိမ့်မယ်။ 16 အဲလို့ပြောရာနှိုက် ကျွန်တဦးလိုမျိုး မဟုတ်တော့ဘဲ ကျွန်ထက် ပိုပင်း မြတ်လဲ့ချစ်သော ညီအကိုအဖြစ် ရဆိခြင်းဟို ဆိုလိုအယ်။ အထူးသဖြင့် ငါ့အတွက် အေးလိုပင် ဖြစ်လေပီ။ နင့်အတွက်ဟ သွေးသားနှိုက် လည်းကောင်း၊ သခင်ဘုရားနှိုက် လည်းကောင်း စလောက်ပိုယွေ့ အေးလိုမျိုးဖြစ်လိမ့်မလုန်း။
17 အဲလို့မို့ နင်ဟ ငါ့ဟို လုပ်ဖော်ကိုင်ဖက်အဖြစ် မှတ်ယူရင် ငါ့ဟိုလက်ခံသလိုမျိုး သူ့ဟို လက်ခံလော့။ 18 တကယ်လို့ သူဟ နင့်အပေါ်နှိုက် ပစ်မားခြင်း၊ အငန်းတင်ခြင်း တစုံတခုဆိရင် အေးအရာဟို ငါ့တာဝန် ထားလော့။ 19 ငါ ပေါလုဟ ပြန်ဆပ်ပေးမယ်ဟု ငါလက်ဖြင့် ရေးလိုက်ပါအယ်။ နင်တတ်တိုင်းလည်း ငါ့အား ငန်းတင်နေကျောန်းဟို ငါမပြောလိုပါ။ 20 အဲလိုမို့ ငါ့ညီ၊ ငါဟ သခင်ဘုရားနှိုက် နင့်ဆေမှ အကျိုးကျေးဇူးဟို ရဆိလိုအယ်။ ခရစ်တော်အားဖြင့် ငါ့ရဲ့စိတ်နေလုံးဟို ငြိမ်သက်ချမ်းသာစေပါလော့။
21 နင်ရဲ့ နားထောင်ခြင်းဟို ယုံကြည်စိတ်ချယွေ့ ငါပြောသောအရာထက်ပင် နင်ပိုယွေ့ လုပ်မယ်ဟို သိလျက် နင့်ဆေဟို ငါစာရေးလိုက်အယ်။ 22 တချိန်တည်းမှာ ငါ့အတွက် တည်းခိုလဲ့နေရာဟိုလည်း ပြင်ဆင်ထားလော့။ အကျောန်းမှာ နင်လို့ရဲ့ ဆုတောင်းခြင်းအားဖြင့် နင်လို့ဆေဟို ရောက်ဆိရသော အခွင့်ဟို ပေးလိမ့်မယ်ဟု ငါမျော်လင့်နေအယ်။
25 သခင် ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟ နင်လို့ရဲ့ စိတ်ဝိညာဉ်နဲ့အတူ ဆိစေမန့်။
- a ကော ၄.၁၇
- b လူအိုဖြစ်ပင်း အခုဟ ခရစ်တော် ယေရှုနဲ့ ဆိုင်သော အကျဉ်းသားလည်းဖြစ်လဲ့၊ အဲဟာမဟုတ်ရင် ခရစ်တော် ယေရှုရဲ့ သံတမန်ဖြစ်ပင်း အခုမှာလည်း သူ့ကျောန့် အကျဉ်းသားဖြစ်အယ်။
- c ကော ၄.၉
- d ဩနေသိမ်ရဲ့ ဟေလသနာမယ် အဓိပ္ပာယ်မှာ အသုံးဝင်သူ၊ ဖြစ်အယ်။
- e ကော ၁.၇; ၄.၁၂
- f တ ၁၂.၁၂,၂၅; ၁၃.၁၃; ၁၅.၃၇–၃၉; ကော ၄.၁၀; တ ၁၉.၂၉; ၂၇.၂; ကော ၄.၁၀; ကော ၄.၁၄; ၂ တိ ၄.၁၀; ကော ၄.၁၄; ၂ တိ ၄.၁၁
Languages