2 “အဲလိုမို့ နင်ဟ လိုအပ်နေတဲ့သူဟို ပေးသောအခါ သူတော်ကောင်းဟန်ဆောင်သူလို့ လိုမျိုး လူများရဲ့ ချီးမွန်းဟို ခံလိုယွေ့ တရားဇရပ်များနဲ့ လမ်းဆုံလမ်းခွများတွင် မိမိလို့ဆေ့မှာ တံပိုးခရာ မှုတ်စေလဲ့နည်းတူ မပြုကြနဲ့။ ငါ နင့်ဟို အမန်ဆိုတာဟ၊ အဲသူလို့ဟ မိမိလို့အကျိုးဟို ရကြပီ။ 3 အဲလိုလဲ နင်လို့ဟ လိုအပ်နေသော သူတယောက်ဟို ပေးသောအခါ၊ နင်လို့ရဲ့ လက်ယာလက် ပြုလုပ်လဲ့အရာဟို နင်လို့ရဲ့ လက်ဝဲလက်အား မသိစေနဲ့။ 4 အဲလိုမို့ နင်လို့ ပေးကမ်းတာဟို လျှို့ဝှက်ထားနိန်အယ်။ အေးနောက် မထင်မဆှားသောအရာဟို မျော်သော နင်ရဲ့အဖဟ နင့်ဟို ဆုလာဘ်ပေး လိမ့်မယ်။
5 [b]“နင်လို့ဟ ဆုတောင်းသောအခါ၊ သူတော်ကောင်းဟန်ဆောင်သူလို့ လိုမျိုး မပြုကြနဲ့။ အဲသူလို့ဟ လူများမျော်သာအောန် တရားဇရပ်များနဲ့ လမ်းဆုံလမ်းခွများမှာ ရပ်လျက် ဆုတောင်းခြင်းဟို နှစ်သက်ကြအယ်။ ငါ နင့်လို့ဟို အမန်အကန်ပြောတာဟ၊ အဲသူလို့ဟ မိမိလို့ အကျိုးဟို ခံရကြအယ်။ 6 အဲလိုလဲ နင်လို့ဟ ဆုတောင်းသောအခါ၊ နေအိုင်အတွင်းခန်းဟို ဝင်ယွေ့ ထင်ခါးဟို ပိတ်ပင်းရင် မျက်စေ့နဲ့ မမျော်နိန်သော နင်လို့ရဲ့ အဖဆေဟို ဆုတောင်းကြလော့။ အားပင်း မထင်မဆှားပြုသောအမှုဟို မျော်သော နင်လို့ရဲ့အဖဟ နင်လို့ဟို ဆုလာဘ်ပေးလိမ့်မယ်။
7 “နင်လို့ဟ ဆုတောင်းသောအခါ၊ ဘုရားသခင်ဟို မသိသောသူလိုမျိုး အလကားကားစကားဖြင့် ခုတင်ခု မမြွတ်ကြနဲ့။ အဲသူလို့ဟ ရမ်းဆာ့စကားများဟို ရွတ်ဆိုသောကျောန့် သူလို့ဟို နားထောင်ပေးလိမ့်မယ်ဟု ထင်မှတ်ကြအယ်။ 8 အဲသူလို့လိုမျိုး မပြုကြနဲ့၊ နင်လို့ရဲ့အဖဟ နင်လို့ မတောင်းဆှောက်ခင်ကပင် နင်လို့ လိုသောအရာလို့ဟို သိနဲ့ပင်း ဖြစ်အယ်။ 9 အေးကျောန့် နင်လို့ ဟေလို့ ဆုတောင်းကြလော့၊
14 [e]“နင်လို့ဟ သူတပါးလို့ အမားဟို ခွင့်လွှတ်ရင်၊ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့အဖဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်မယ်။ 15 အဲလိုလဲ နင်လို့ဟ သူတပါးဟို ခွင့်မလွှတ်ရင်၊ နင်လို့အဖဟလည်း နင်လို့ရဲ့ အပစ်များဟို ခွင့်လွှတ်လိမ့်မယ် မဟုတ်။
19 [f]“သံချေးနဲ့ ပိုးရွ ဖျက်ဆီးယွေ့ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာဟို နင်လို့အတွက် မဆည်းပူးကြနဲ့။ 20 အဲလိုလဲ သံချေးနဲ့ ပိုးရွ မဖျက်ဆီးယွေ့ သူခိုး မထွင်းမဖောက်၊ မခိုးမယူရာ ခေါန်းခင်ဘုံနှိုက် နင်လို့အတွက် ဘဏ္ဍာဟို ဆည်းပူးကြလော့။ 21 အကျောန်းမှာ နင်လို့ရဲ့ ဘဏ္ဍာဆိရာဟို နင်လို့ဟ စိတ်နေလုံး ရောက်တတ်သောကျောန့် ဖြစ်အယ်။
22 “မျက်စေ့ဟ ခန္ဓာကိုယ်ရဲ့ ဆီမီးလိုမျိုး ဖြစ်အယ်။ မျက်စေ့ကြည်လင်ရင် နင်လို့ရဲ့ ခန္ဓာကိုယ်တခုလုံး လင်းလိမ့်မယ်။ 23 အဲလိုလဲ နင်လို့ရဲ့ မျက်စေ့မွဲရင် ခန္ဓာကိုယ်တခုလုံး မိုက်လိမ့်မယ်။ အဲလိုမို့ နင်လို့တွင် ဆိသော အလင်းဟ မိုက်ဖြစ်ရင် အဲမိုက်ဟ ရမ်းဆာ့ မိုက်လိမ့်မယ်။
24 “စသူမျှ သခင်နေဦး အစေဟို မခံနိန်။ သခင်တဦးဟို မုန်းယွေ့ တဦးဟို ချစ်လိမ့်မယ်။ သခင်တဦးဟို သစ္စာစောင့်ယွေ့ တဦးဟို မလေးမခန့်ပြုလိမ့်မယ်။ နင်လို့ဟ တချိန်တည်းနှိုက် ဘုရားသခင်ရဲ့ အစေနဲ့ လောကီစည်းစိမ်ရဲ့ အစေဟို မခံနိန်ကြ။
25 “အဲကျောန့် ငါ နင်လို့ဟို ပြောတာဟ၊ နင်လို့ ဖဝါ့အတွက် ပစာစားရမယ် အဲဟာမဟုတ်ရင် သောက်ရမယ်အကျောန်းဟို မစိုးရိမ်ကြနဲ့။ ဖယ်လိုဝတ်ရမယ်ဟို ခန္ဓာကိုယ်အတွက် မစိုးရိမ်ကြနဲ့။ အသက်ဟ အစားအသောက်ထက် လည်းကောင်း၊ ခန္ဓာကိုယ်ဟ အဝတ်ထက် လည်းကောင်း ပိုယွေ့ အရေးကြီးတာ မဟုတ်လော။ 26 မိုးခေါန်းခင်နှိုက် ကျင်လည်သော ငက်များဟို ကျေ့ရှုဆင်ခြင်ကြလော့။ သူလို့ဟ မျိုးစေ့ဟို မကြဲ အဲဟာမဟုတ်ရင် စပါးများဟို မရိတ်မသိမ်း အဲဟာမဟုတ်ရင် ကျီများတွင် လှောင်မှုဟို မပြု၊ အားပင်း ခေါန်းခင်ဘုံဆှင် နင်လို့အဖဟ သူလို့ဟို ကျွေးမွေးအယ်။ နင်လို့ဟ ငက်များထက် ရမ်းဆာ့ ပိုယွေ့ အဖိုးတန်ကြအယ် မဟုတ်လော။ 27 နင်လို့တွင် စသူဟ စိုးရိမ်ခြင်းအားဖြင့် မိမိရဲ့အသက်ဟို နှစ်ကတီလောက် ပိုပင်း ရှည်စေနိန်သလော။[g]
28 “နင်လို့ဟ ပစာကျောန့် အဝတ်အတွက် စိုးရိမ်ကြလုန်း။ တောနှင်းပန်းများ စလိုဆှင်သန်လာတာဟို ကျေ့ရှုဆင်ခြင်ကြလော့။ အဲပန်းပင်လို့ဟ အလုပ်လည်း မလုပ် အဲဟာမဟုတ်ရင် ချေဖြစ်စေဖို့ မငင်မဝင့်။ 29 အဲလိုလဲ နင်လို့ဟို ငါပြောတာဟ ရမ်းဆာ့ ချမ်းသာကြွယ်ဝပင်း ဘုန်းကြီးလဲ့ ရှောလမုန်မင်းကြီးပင်လျှင် အဲပန်းပင်တပင်မျှရဲ့ အလှဟို မမှီ။ 30 ယုံကြည်ခြင်း အားနည်းသောသူလို့၊ ခုနေ့ အသက်ဆှင်လျက် မနက်ခါ မီးဖိုထဲဟို ရောက်သော တောမြက်ပင်ဟို ဘုရားသခင်ဟ ဟေမျှလောက် ဆင်ယင်ပေးရင် နင်လို့ဟို ပိုကောင်းစွာ ဆင်ယင်ပေးမယ် မဟုတ်လော။
31 “အဲလိုမို့ ‘ငါလို့ ပစာလိုမျိုး စားရမယ် အဲဟာမဟုတ်ရင် သောက်ရမယ် အဲဟာမဟုတ်ရင် ပစာလိုမျိုး ဝတ်ရမယ်’ ဟု မစိုးရိမ်ကြနဲ့။ 32 ဘုရားသခင်ဟို မသိသောသူလို့ဟ အဲလိုမျိုး စိုးရိမ်တတ်ကြအယ်။ ခေါန်းခင်ဘုံဆှင် နင်လို့ရဲ့အဖဟ အဲအရာအားလုံးဟို နင်လို့လိုကျောန်း သိအယ်။ 33 အဲလိုလဲ ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်းဟို ဦးရင် ဆှာကြလော့၊ အားပင်း ဟေအရာအားလုံးလို့ဟို နင်လို့အား ထပ်ယွေ့ ပေးလိမ့်မယ်။ 34 အဲလိုမို့ မနက်ခါအဖို့ မစိုးရိမ်ကြနဲ့၊ မနက်ခါနေ့ဟ မိမိအဖို့ စိုးရိမ်လိမ့်မယ်။ ခုနေ့နှိုက်ဆိသော မကောင်းမသင့်သောအရာဟ အခုနေ့ဖို့ လောက်ပေအယ်။”
<- မဿဲ 5မဿဲ 7 ->- a မ ၂၃.၅
- b လု ၁၈.၁၀–၁၄
- c လိုအပ်သော အစာဟို ငါလို့အား၊ အဲဟာမဟုတ်ရင်ခုနေ့၊ အဲဟာမဟုတ်ရင် မနက်ခါ။
- d တချို့ လက်ရေးမူကျမ်းများတွင် အစိုးပိုင်လဲ့အခွင့်နဲ့ ဘုန်းတန်ခိုး အာနုဘော်ဟ ကမ္ဘာအဆက်ဆက် ကိုယ်တော်နှိုက် ဆိအယ်။ အာမင်။ ဟို ပေါင်းထည့်ထားအယ်။
- e မာ ၁၁.၂၅,၂၆
- f ယာ ၅.၂,၃
- g အသက်ဟို နှစ်ကတီလောက် ပိုပင်း ရှည်စေနိန်သလော၊ အဲဟာမဟုတ်ရင် အနည်းငယ် ပိုယွေ့ ကြီးထွားအယ်။
Languages