1 ယေရှုဟ လူလို့ဟို ဟေအကျောန်းအရာ အားလုံးဟို ပြောပင်းသောအခါ ကပေရနောင်မြို့ဟို သွားအယ်။ 2 အေးမြို့နှိုက် ရောမတပ်မှူး တယောက်မှာ ရမ်းဆာ့ချစ်လဲ့ ကျွန်တယောက် ဆိပင်း၊ အေးသူဟ ဖျားနာပင်း သေခါနီး ဖြစ်အယ်။ 3 တပ်မှူးဟ ယေရှုရဲ့ အကျောန်းဟို ကြားသောအခါ၊ ယုဒအကြီးအကဲ တချို့လို့ဟို စေလွှတ်ပင်း၊ ကိုယ်တော်ဟ လာပင်း မိမိကျွန်ဟို ကျန်းမာစေဖို့ ဆှောက်စေအယ်။ 4 သူလို့ဟ ယေရှုဆေဟို လာပင်း “အေးသူဟ နင့်ရဲ့ အကူအညီဟို အမန်တကယ်ပင် ခံထိုက်အယ်။ 5 သူဟ ငါလို့လူမျိုးဟို ချစ်သောကျောန့် တရားဇရပ်ဟို ငါလို့အဖို့ သူတတ်တိုင်း တည်ဆောက်ပေးသူ ဖြစ်အယ်” ဟု စိတ်အားထက်သန်စွာ တောင်းပန်ကြအယ်။
6 ယေရှုဟ သူလို့နဲ့အတူ သွားအယ်။ တပ်မှူးနေအိုင်နဲ့ မနီးမဝေး ရောက်သောအခါ တပ်မှူးရဲ့ မိတ်ဆွေများဟို ကိုယ်တော်ဆေဟို လွှတ်ပင်း “ဆရာ၊ ဒုက္ခမဆာပါနဲ့၊ ကိုယ်တော်ဟာ ငါရဲ့ နေအိုင်မိုးဟို လာဖို့ ငါဟ ထိုက်တန်တဲ့သူ တယောက် မဟုတ်ပါ။ 7 အဲကျောန့် ငါ့တတ်တိုင်းလည်း ကိုယ်တော့်ဆေ လာဖို့ ထိုက်တန်အယ်လို့တောင် ငါ မထင်ခဲ့မိဝူး။ အဲလိုလဲ အမိန့်ဟိုသာ ပေးရင် ငါ့ရဲ့ အစေခံဟ ကျန်းမာပါလိမ့်မယ်။ 8 ငါတတ်တိုင်းလည်း အထက်တပ်မှူးရဲ့ အာဏာ အောက်တွင် အမှုထမ်းသူ ဖြစ်ပင်း၊ ငါ့ရဲ့ လက်အောက်တွင်လည်း စစ်သားများ ဆိပါအယ်။ စစ်သားတယောက်ဟို ‘သွားလော့’ ဟု အမိန့်ပေးရင် သူဟ သွားပါအယ်။ တယောက်ဟို ‘လာပါ’ ဟု အမိန့်ပေးရင် သူဟ လာပါအယ်။ ငါ့ရဲ့ ကျွန်ဟို ‘အေးသာဟို လုပ်ပါ’ ဟု အမိန့်ပေးရင် သူဟ လုပ်ပါအယ်” ဟု ဆှောက်အယ်။
9 ယေရှုဟ သူ့ရဲ့ အေးစကားဟို ကြားသောအခါ အံ့ဩယွေ့၊ သူ့နောက်ဟ လိုက်လာကြသော လူများလို့ဟို လှည့်ကျေ့ပင်း “ငါ ပြောမယ်၊ အေးလို ယုံကြည်ခြင်းဟို ဣသရေလအမျိုးထဲမှာတောင် ငါ မတွေ့ဖူးသေး” ဟု မိန့်အယ်။
10 သတင်းပို့သမားများဟ တပ်မှူးရဲ့ နေအိုင်ဟို ပြန်ရောက်သွားသောအခါ အေးကျွန်ဟ ကျန်းမာလျက် ဆိတာဟို တွေ့ကြအယ်။
16 သူလို့အားလုံးဟ ကြောက်ရွံ့ပင်း ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြအယ်။ သူလို့ဟ “ငါလို့ထဲမှာ ပရောဖက်ကြီး တပါး ပေါ်ပေါက်လာပီ၊ ဘုရားသခင်ဟ မိမိလူမျိုးဟို ကယ်တင်ရန် ကြွလာပီ” ဟု ပြောကြအယ်။
17 ယေရှုရဲ့ သတင်းဟ ယုဒပြေအားလုံးနဲ့ ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားလေအယ်။
18 ယောဟန်ရဲ့ တဘဲ့များဟ ယောဟန်အား အေးအကျောန်းအရာ အားလုံးဟို ပြောကြားကြအယ်၊ အဲအခါ သူဟ တဘဲ့နေယောက်ဟို ခေါ်ယွေ့ 19 သခင့်ဆေဟို စေလွှတ်ပင်း “ကိုယ်တော်ဟ ယောဟန်ပြောတဲ့ ကြွလာသောသူလော၊ အဲဟာမဟုတ်ရင် တခြားတယောက်ဟို စောင့်မျော်ရမယ်လော” ဟု မေးဆှောက်စေအယ်။
20 ယေရှုဆေဟို သူလို့ လာသောအခါ သူလို့ဟ “ကိုယ်တော်ဟ ကြွလာလဲ့သူလော၊ အဲဟာမဟုတ်ရင် တခြားလူဟို မျော်လင့်ရမယ်လော ဟု မေးဖို့ နှစ်ခြင်း ယောဟန်ဟ ငါလို့ဟို ကိုယ်တော်ဆေဟို စေလွှတ်ပါပီ” ဟု ပြောကြအယ်။
21 အေးအချိန် နာရီနှိုက် ယေရှုဟ ဖျားနာသူများ၊ ရောဂါများ၊ နတ်ဆိုးဘေးမှ ကင်းလွတ်ခြင်း၊ လူများလို့အား ပျောက်ကင်းစေပင်း မျက်စေ့ မမျော်လဲ့သူများဟို မျက်စေ့ မျော်စေခြင်းဟို အခွင့်ပေးလေအယ်။ 22 ကိုယ်တော်ဟ ယောဟန်ရဲ့ သတင်းသယ်ဆောင်လဲ့သူဟို “နင်လို့မျော်ပင်း ကြားရသမျှ အားလုံးဟို ယောဟန်ဆေဟို ပြန်ပင်း ပြောကြလော့၊ မျက်စေ့ မမျော်သောသူများ မျက်စေ့ မျော်ကြအယ်၊ ခြေထောက်မသန်သောသူများ လမ်းဆှောက်ကြအယ်၊ အနူရောဂါစွဲသောသူများဟ သန့်ဆှင်းခြင်းဟို ရအယ်၊ နားပင်းသောသူများ နားကြားကြအယ်၊ သေသောသူဟ အသက်ပြန်ဆှင်ကြအယ်၊ ဆင်းရဲသားလို့ဟလည်း သတင်းကောင်းဟို ကြားရကြအယ်။ 23 ငါ့အကျောန်းကျောန့် သံသယ မဆိသောသူဟ မင်္ဂလာဆိအယ်” ဟု ပြန်ပြောအယ်။
24 ယောဟန်ရဲ့ သတင်းသယ်သမားလို့ ပြန်သွားကြပင်းနောက်၊ ယေရှုဟ ယောဟန်အကျောန်းနဲ့ ပတ်သက်ပင်း လူအပေါင်းလို့အား ပြောတာဟ “နင်လို့ဟ ပစာအရာဟို ကျေ့ရန် ယောဟန်ဆိရာ တောကန္တာရဟို သွားကြလုန်း။ လေတိုက်ယွေ့ လှုပ်သောကျူပင်ဟို ကျေ့ဖို့လော။ 25 အေးလို့မဟုတ် အဝတ်အကောင်းစား ဝတ်ဆင်ထားသူလို့ဟို ကျေ့ဖို့ သွားသလော၊ အဝတ်အကောင်းစား ဝတ်ဆင်ယွေ့ ကောင်းကောင်း စားသောက်သောသူလို့ဟ မင်းအိုင်နှိုက် နေတတ်ကြအယ်။ 26 ပရောဖက်လို့ဟို ကျေ့ဖို့ သွားသလော၊ မန်ပါအယ်၊ ပရောဖက်ထက် ကြီးမြတ်သူဟို ကျေ့ရှုရန် ဖြစ်အယ်။ 27 ကျမ်းစာတွင် ‘ဘုရားသခင်ဟ၊ နင့်ရဲ့ လမ်းဟို အဆင်သင့် ဖြစ်စေရန် ငါရဲ့ သတင်းသယ်ဆောင်သူဟို နင့်ရဲ့ အဆေ့မှာ စေလွှတ်မယ်’ ဟု ပြောရာနှိုက် ယောဟန်ဟို ဆိုလိုအယ်။” 28 ယေရှုဟ ငါအမန်ဆိုတာမှာ “မိန်းမမှ မွေးသောသူလို့တွင် ယောဟန်ထက် ကြီးမြတ်သောသူ တယောက်မျှ မဆိ။ အဲလိုလဲ ဘုရားသခင်ရဲ့ နိုင်ငံတော်တွင် အငယ်ဆုံးသောသူဟ ယောဟန်ထက် ပိုပင်း ကြီးမြတ်အယ်” ဟု မိန့်အယ်။
29 [b]လူအပေါင်းလို့ဟ သူ့ရဲ့ စကားဟို ကြားကြပင်း အေးသူလို့အနက် အထူးသဖြင့် အခွန်ခံသူများဟ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဟို ဝန်ခံကြပင်း ယောဟန်ပေးသော နှစ်ခြင်းဟို ခံယူကြအယ်။ 30 ဖာရိရှဲလို့နဲ့ ကျမ်းတတ်ဆရာလို့ဟ မိမိလို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဟို ငြင်းပယ်ယွေ့ ယောဟန်ဆေမှာ နှစ်ခြင်းဟို မခံပဲနေကြအယ်။
31 ယေရှုဟ ဆက်ပင်း “ဟေနေ့လူလို့ဟို စလို နှိုင်းရမလော၊ သူလို့ဟ စသူနဲ့တူလုန်း။ 32 သူလို့ဟ ဆေးထဲမှာ ထိန်နေသော လူပဲ့သငယ်များနဲ့ တူအယ်။ သူလို့ဟ ‘ငါလို့သည် မင်္ဂလာဆောင် သီချင်းဟို တီးမှုတ်သော်လည်း နင်လို့ဟ မကကြ၊ ငါလို့ဟ အသုဘ သီချင်းဟို ဆိုကြသော်လည်း နင်လို့ဟ မငိုကကြ’ ဟု တဖွဲ့နဲ့တဖွဲ့ အော်ပြောကြအယ်။ 33 နှစ်ခြင်း ယောဟန်ဟ အစာဟို မစား၊ စပျစ်ယေဟို မသောက်ဘဲနေသော် နင်လို့ဟ ‘သူနှိုက် နတ်ဆိုးစွဲနေအယ်’ ဟု ဆိုကြအယ်။ 34 လူသားဟ စားလျက် သောက်လျက် လာသောအခါ နင်လို့ဟ ‘အေးလူဟို ကျေ့လော့၊ သူဟ စားကြူးပင်း သောက်ကြူးသောသူ ဖြစ်အယ်၊ အခွန်ခံများနဲ့ တခြား အပယ်ခံရသူလို့ဟို မိတ်ဆွေဖွဲ့သူ ဖြစ်အယ်’ ဟု ဆိုကြအယ်။ 35 အဲလိုလဲ ဘုရားသခင်ရဲ့ ဉာဏ်ပညာဟို လက်ခံသောသူအားလုံး အမန်ဖြစ်ကျောန်းဟို ပြသကြအယ်” ဟု ပြောအယ်။
40 ယေရှုဟ “ရှိမုန်၊ ငါ နင့်ဟို ပြောစရာ တခုခုဆိအယ်” ဟု မိန့်ရာ သူဟ
41 ယေရှုဟ “ပိတ်ဆန် ငမ်းစားလဲ့သူတဦးတွင် အကြွေးတင်သူ နေဦး ဆိအယ်။ တဦးဟ ငွေဒင်္ဂါး ငါးရာ၊ တခြားတဦးဟ ငါးဆယ် အကြွေးတင်အယ်။ 42 အကြွေးဆပ်ရန် မဆိသောကျောန့်၊ အကြွေးငမ်းထားသူဟ အေးသူနေဦးလုံးဟို အကြွေးကျေခွင့် ပေးလိုက်အယ်။ အေးသူနေဦးထဲမှာ စသူဟ အကြွေးငမ်းထားသူဟို ပိုပင်း ချစ်လိမ့်မလဲ” ဟု မေးအယ်။
43 ရှိမုန်ဟ “ရမ်းဆာ့သော အကြွေးဟို လျှော်ပေးခြင်း ခံရသူဖြစ်မယ်လို့ ငါထင်မြင်အယ်” ဟု ပြန်ပြောအယ်။
48 အဲပင်းရင် ယေရှုဟ သူမအား “နင့်ရဲ့ အပစ်ဟို ခွင့်လွှတ်ပီ” ဟု ပြောအယ်။
49 စားပွဲနှိုက် ထိန်နေကြသော တခြားသူများဟ “အပစ်များဟို ခွင့်လွှတ်နိန်သော ဟေသူဟ စသူလဲ” ဟု အချင်းချင်း ပြောကြအယ်။
50 အဲလိုလဲ ယေရှုဟ မိန်းမအား “နင့်ရဲ့ ယုံကြည်ခြင်းဟ နင့်ဟို ကယ်တင်ပီ၊ ငြိမ်းချမ်းစွာ သွားပါ” ဟု ပြောအယ်။
<- လုကာ 6လုကာ 8 ->
Languages