1 [a]တနေ့သောအခါ အခွန်ခံများနဲ့ အပယ်ခံရသူများဟ တရားနာဖို့ရန် ယေရှုဆေဟို လာကြအယ်၊ 2 ဖာရိရှဲများနဲ့ ကျမ်းတတ်ဆရာများဟ “ဟေသူဟ အပယ်ခံရသူများဟို ကြိုဆိုပင်း သူလို့နဲ့အတူတူပင် စားသောက်နေအယ်” ဟု စတင် ငြီးတွားကြအယ်။ 3 အေးလို့မို့ ယေရှုဟ သူလို့ဟို ပုံဥပမာ ပြောတာဟ၊
4 “နင်လို့ထဲမှာ တစုံတယောက်ဟ သိုးအကောင်တရာ ဆိယွေ့ တကောင်ပျောက်ဝါးရင် စလိုလုပ်မို့။ သူဟ ကိုးဆယ့်ကိုးကောင်လုံးဟို စားကျက်တွင် ထားခဲ့ပင်း ပျောက်ဝါးလဲ့သိုးဟို မတွေ့မချင်း လိုက်ဆာမယ် မဟုတ်လော။ 5 နင်လိုက်ဆာယွေ့ တွေ့သောအခါ ပျော်ရွှင်စွာနဲ့ ပခုံးပေါ် ထမ်းယွေ့ 6 နေအိုင်ဟို သယ်ပြန်လာမယ်။ အဲပင်းရင် အိုင်နီးချင်းနဲ့ မိတ်ဆွေများဟို ခေါ်ပင်း ‘ငါနဲ့အတူ ဝမ်းမြောက်ကြလော့၊ ပျောက်သော သိုးဟို ငါတွေ့ပီ’ ဟု ပြောအယ်။ 7 အေးနည်းတိုင်းတိုင်း နောင်တရစရာမလိုလဲ့ ဖြောင့်မတ်သောသူ ကိုးဆယ့်ကိုးယောက်ထက် နောင်တရလဲ့ အပစ်သားတဦးအတွက် ခေါန်းခင်ဘုံနှိုက် ပိုယွေ့ ကြီးသော ဝမ်းမြောက်ခြင်းဆိလိမ့်မယ်ဟု နင်လို့အား ငါဆိုအယ်။
25 “အေးအချိန်တွင် သားအကြီးယောက်ဟ လယ်တောထဲ ရောက်ဆိနေအယ်။ သူပြန်လာယွေ့ နေအိုင်နားနီးလာသောအခါ တီးမှုတ်သံနဲ့ ကခုန်သံဟို ကြားရလေအယ်။ 26 အေးအခါ အစေခံတယောက်ဟို ခေါ်ယွေ့ ‘ပစာရီး လုပ်နေကြနှင်း’ ဟု မေးအယ်။ 27 အစေခံဟ ‘နင့်ညီ ပြန်လာလို့ရီး’ ‘သူဟ ဘေးနဲ့ ကင်းလွတ်ပြန်လာသောကျောန့် ဝအောန်မွေးလဲ့ နွားသငယ်တကောင်ဟို သတ်ပါပီ’ ဟု ဖြေအယ်။ 28 သားကြီးဟ ရမ်းဆာ့ အူထော့ယွေ့ အိုင်ထဲ မဝင်ဘဲနေအယ်။ သူ့ဖဟ သူ့ဆေဟို သွားပင်း အိုင်ထဲဝင်ဖို့ ချော့ပြောလေအယ်။ 29 သားကြီးဟ ‘ကျေ့မန့်၊ ငါဟ နှစ်ပေါင်းများစွာ အဖအတွက် အစေခံလို အလုပ်လုပ် ပေးခဲ့အယ်၊ အဖရဲ့ အမိန့်ဟို တခါမှ မငြင်းဆန်ဖူးဝူး။ အဖ ငါ့အတွက် ပစာပေးခဲ့လဲ။ ငါ့သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားဖို့ ဆိတ်သငယ်တကောင်ဟိုမှ မပေးဝူး။ 30 တို့ဖရဲ့ ဥစ္စာပစ္စည်းတွေဟို ပြေ့တန်ဆာမလို့နဲ့ သုံးဖြုန်းခဲ့လဲ့ အဖရဲ့ ဟေသား နေအိုင်ပြန်လာသောအခါ သူ့အတွက် ဝအောန်မွေးဟားလဲ့ နွားသငယ်ဟို သတ်လိုက်အယ်’ ဟု ပြောလေအယ်။ 31 အဖဖြစ်သူဟ ‘ငါ့သား၊ နင်ဟ ငါနဲ့အမြဲ တူတူနေအယ်။ ငါ့ဥစ္စာပစ္စည်းဆိသမျှဟ နင့်ဟာဖြစ်အယ်။ 32 အဲလိုလဲ နင့်ညီဟ သေဆုံးခဲ့ပေမဲ့လည်း အသက်ဆှင်လာအယ်။ ပျောက်သွားခဲ့ပေမဲ့လည်း ပြန်တွေ့ရပီ။ အေးလို့မို့ ငါလို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲခဲ့ကြအယ်’ ” ဆိုပင်း ပြန်ဖြေအယ်။
<- လုကာ 14လုကာ 16 ->- a လု ၅.၂၉,၃၀
Languages