လုကာ လုကာ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း နိဒါန်း လုကာ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်းဟ ယေရှု ခရစ်တော်ရဲ့ အသက်တာဟို ဖော်ပြသော ဓမ္မသစ်ကျမ်း ပအုပ်လေးအုပ် အနက်မှ တခုဖြစ်အယ်။ အဲပအုပ် တအုပ်ချင်းစီဟို “ဧဝံဂေလိတရား” ဟု ခေါ်ပင်း၊ အဲအရာဟ “သတင်းကောင်း” ဟု အဓိပ္ပာယ်ရအယ်။ ယေရှု သေဆုံးပင်းနောက် မဿဲ၊ မာကု၊ လုကာနဲ့ ယောဟန်လို့ဟ ဟေအရာဟို ရေးသားခဲ့အယ်။ လုကာဟ ယေရှုရဲ့ ဖဝ့ါဇာတ်လမ်းဟို ရေးရုံသာမက တမန်တော်ဝတ္ထုတွင် တမန်တော်များ သေဆုံးခြင်းနဲ့ ဆှင်ပြန်ထမြောက်ခြင်းလို့နှိုက် ယေရှုရဲ့ တဘဲ့တော်များ လုပ်ဆောင်ခဲ့သောအရာများ အကျောန်းဟိုလည်း ရေးသားခဲ့အယ်။ လုကာရေးသားသော ခရစ်ဝင်ကျမ်းဟို ရေးသားသော အချိန်အတိအကျဟို စသူမျှ မသိပါ၊ အဲလိုလဲ ပညာဆှင်အများစုဟ အဲဒါဟို ခရစ်တော် မွေးဖွားပင်း ၇၀ ခုနှစ်ဝန်းကျင်မှာ ရေးသားတာ ဖြစ်နိန်ပါအယ်။ စာရေးသူဟ လုကာဖြစ်ပင်း၊ သူဟ ဆေးဘက်ဆိုင်ရာ ဆရာဝန်တယောက် ဖြစ်အယ်။ သူရဲ့ ရေးသားပုံနဲ့ ဘာသာစကား အသုံးပြုပုံဟ ပညာတတ် တယောက်ဖြစ်ကျောန်း ဖော်ပြအယ်။ လုကာဟ ယေရှုရဲ့ အသက်တာဖြင့် မန်ကန်သော ဖော်ပြချက်တခုဟို ရေးသားလိုပင်း အခြားသူများ ဖတ်ရှုခြင်းမှ အကျိုးကျေးဇူးရစေရန် (၁.၁–၃)။ သူဟ ယုဒ မဟုတ် (ကော ၄.၁၀–၁၄) ဖြစ်ပင်း ယုဒ မဟုတ်သောသူများ နားလည်နိန်သော နည်းလမ်းဖြင့် ရေးသားခဲ့အယ်။ သူဟ ယုဒလို့ရဲ့ စလေ့ထုံးစံများဟို ဆှင်းပြလဲ့နည်းနှိုက် သိသာထင်ဆှားအယ် (၁.၈)။ လုကာရဲ့ ဧဝံဂေလိတရားဟ မဿဲနဲ့ မာကုပအုပ်များနဲ့ ရမ်းဆာ့ဆင်တူအယ်၊ အကျောန်းမှာ သူလို့ဟ တူညီသောအရာများနဲ့ ဆင်တူတာဟို ဖော်ပြသောကျောန့် ဖြစ်အယ်။ ပအုပ်သုံးအုပ်အနက်၊ လုကာဟ နှစ်ခြင်း ယောဟန် မွေးဖွားလဲ့အကျောန်း အသေးစိတ် ဖော်ပြအယ်။ လုကာဟ ခွင့်လွှတ်ခြင်း (အခန်းကြီး ၃.၃; ၁၁.၄; ၁၇.၃–၄; ၂၃.၃၄; ၂၄.၄၇) နဲ့ ဆုတောင်းခြင်း (အခန်းကြီး ၃.၂၁; ၅.၁၆; ၆.၁၂; ၁၁.၁–၁၂; ၂၂.၃၂) လို့ဟို အလေးပေးထားအယ်။ အကျောန်းအရာ အကျဉ်းချုပ် ၁။ အခန်းကြီး ၁ တွင်၊ လုကာဟ သူရဲ့ ဧဝံဂေလိတရားဟို မိတ်ဆက်ပင်း ပစာကျောန့် ရေးသားခဲ့အယ်ဟို ဆှင်းပြထားအယ် (၁.၁–၄) ၂။ အဲပင်းရင်၊ သူဟ ယေရှု ဖွားမျော်ခြင်းနဲ့ အမှုတော်ဆောင်ခြင်းအတွက် စလိုပြင်ဆင်ထားကျောန်း ဖော်ပြအယ် (၁.၅—၄.၁၃) ၃။ ခရစ်ဝင်ကျမ်းရဲ့ ကျန်ဆိသော အကြီးမားဆုံး အပိုင်းအတွက်၊ လုကာဟ ယေရှု လုပ်ဆောင်ခဲ့သော အမှုအကျောန်း၊ အထူးသဖြင့် သူပြုခဲ့သော အံ့ဖွယ်အမှုများနဲ့ သွန်သင်မှုများအကျောန်းဟို ဖော်ပြထားအယ် (၄.၁၄—၂၁.၃၈) ၄။ နောက်ဆုံးတွင်၊ နောက်ဆုံး အခန်းကြီး နေခန်းတွင် ယေရှု အသေခံပုံ၊ သင်္ဂြိုဟ်ပင်း သေခြင်းမှ ထမြောက်ပုံလို့ဟို ဖော်ပြထားအယ် (၂၂.၁—၂၄.၅၃)
8 တနေ့မှာ ဇာခရိဟ မိမိရဲ့ အဖွဲ့အလှည့်ကျသဖြင့် ဗိမာန်တော်နှိုက် ယဇ်ပုရောဟိတ် တာဝန်ဟို ဆောင်ရွက်နေအယ်။ 9 ယဇ်ပုရောဟိတ်လို့ရဲ့ စလေ့အရ၊ သူဟ ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းဟို မီးရှို့ဖို့ သူ့ဟ အများကြီးအားဖြင့် ရွေးချယ်ခဲ့အယ်။ အေးကျောန့် သူဟ သခင်ဘုရားရဲ့ ဗိမာန်တော်ထဲဟို သွားခဲ့အယ်၊ 10 နံ့သာပေါင်း မီးရှို့လဲ့အချိန်အတွင်း အပြင်မှာဆိလဲ့ လူအုပ်လို့ဟ ဆုတောင်းလျက် နေကြအယ်။ 11 အေးအခါ သခင်ဘုရားရဲ့ ခေါန်းခင်တမန်ဟ ဇာခရိအဆေ့မှာ ပေါ်လာယွေ့၊ နံ့သာပေါင်းဟို မီးရှို့ပူဇော်သော ယဇ်ပလ္လင်ရဲ့ လက်ယာဖက်တွင် ရပ်နေအယ်။ 12 ဇာခရိဟ ခေါင်းခင်တမန်ဟို မျော်သောအခါ၊ သူဟ ထိတ်လန့်ပင်း ကြောက်လန့် သွားအယ်။ 13 အဲလိုလဲ ခေါန်းခင်တမန်ဟ “ဇာခရိ၊ မကြောက်နဲ့၊ ဘုရားသခင်ဟ နင် ဆုတောင်းလဲ့အရာဟို နားညောင်းပီ၊ နင်ရဲ့ ပေါင်အိုမ ဧလိရှဗက်ဟ အောင်နီငယ်ဟို ဖွားမျော်လိမ့်မယ်။ နင်ဟ သူ့ဟို ယောဟန်ဟု နာမယ်မှည့်ရမယ်။ 14 သူဟ နင့်အတွက် ဝမ်းမြောက်ပင်း ပျော်ရွှင်စေလိမ့်မယ်၊ အခြားသောလူများဟလည်း သူရဲ့ မွေးလာခြင်းအတွက် ဝမ်းမြောက်ကြလိမ့်မယ်။ 15 သူဟ သခင်ဘုရားရဲ့ အဆေ့တွင် ကြီးမြတ်သောသူ ဖြစ်လိမ့်မယ်။ သူဟ စပျစ်ယေနဲ့ သေယေသေရက်ဟို သောက်လိမ့်မယ် မဟုတ်။ မွေးကတည်းဟ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝလိမ့်မယ်။ 16 ရမ်းဆာ့များသော ဣသရေလအမျိုးသားလို့ဟို မိမိလို့ရဲ့ ဘုရားသခင် သခင်ဘုရား ဆေသို့ ပြန်လည် ပို့ဆောင်ပေးလိမ့်မယ်။ 17 ကိုယ်တော်ရဲ့ ဆေ့ပြေး ဖြစ်ယွေ့၊ ဧလိယလိုမျိုး ခွန်အားတန်ခိုးကြီး လိမ့်မယ်။ သူဟ အဖလို့ဟို လူပဲ့သငယ်လို့နဲ့ ပြန်လည် သင့်မြတ်စေလိမ့်မယ်။ မနာခံသောသူလို့အား သူတော်ကောင်းလို့ရဲ့ အသိပညာဟို ပြန်လည် ရဆိစေလိမ့်မယ်၊ ဘုရားသခင်အတွက် အဆင်သင့်ဖြစ်စေရန် ကိုယ်တော်ရဲ့ လူစုတော်ကို ပြင်ဆင်ပေးလိမ့်မယ်” ဟု ဇာခရိအား ပြောအယ်။
18 ဇာခရိဟ “ဟေသို့ ဖြစ်မယ်ဟို စလို သိနိန်မလုန်း၊ ငါဟ အိုစာနေရီး ဖြစ်အယ်၊ ငါ့ပေါင်အိုမဟလည်း အသက်ကြီးနေပီ” ဟု ခေါန်းခင်တမန်အား ပြောအယ်။
19 ခေါန်းခင်တမန်ဟ “ငါဟ ဘုရားသခင်ရဲ့ အဆေ့မှာ ခစားရသော ဂါဗြေလ ဖြစ်အယ်၊ နင့်အား ဟေသတင်းကောင်းဟို ဟောပြရန် ငါ့ကို စေလွှတ်အယ်။ 20 နင်ဟ ငါဟောပြောသော စကားဟို မယုံကြည်သောကျောန့် ဟေအမှုအရာ ဖြစ်လာတဲ့နေ့ချိန်ထိ စကားမဟောနိန်ဘဲ အလျက် နေလိမ့်မယ်၊ အချိန်တန်ရင် ငါ့ရဲ့စကား မန်ကန်လာလိမ့်မယ်” ဟု ဆိုအယ်။
21 လူလို့ဟ ဇာခရိဟို ငံ့လျက် နေယွေ့ သူဟ ဗိမာန်တော်ထဲတွင် ကြန့်ကြာနေတာဟို အံ့ဩကြအယ်။ 22 ဇာခရိ ပြန်ထွက်လာသောအခါ သူလို့အား စကားမပြောနိန်တော့သဖြင့် သူဟ ဗိမာန်တော်ထဲနှိုက် ဗျာဒိတ်ရူပါရုံဟို မျော်ခဲ့ရပီဟု သူလို့ သိဆိကြအယ်။ ဇာခရိဟ သူလို့အား စကားအယွေ့ လက်ဟန်ခြေဟန် ပြလျက်နေအယ်။
23 ဗိမာန်တော်နှိုက် ယဇ်ပရောဟိတ် တာဝန်ဟို ဆောင်ရွက်ရသော အချိန်ကာလကုန်ပင်း၊ ဇာခရိဟ နေအိုင်ဟို ပြန်လေအယ်။ 24 အချိန် ကတစ်ကြာသောအခါ သူရဲ့ပေါင်အိုမ ဧလိရှဗက်ဟ လူပဲ့စွဲယွေ့ ငါးလပတ်လုံးလုံး အိုင်တွင်း အောင်းလျက် နေအယ်။ 25 ဧလိရှဗက်ဟ “အခု ငါ့အား သခင်ဘုရား ကူညီပီ၊ ငါ့အား လူလို့ရဲ့ ကဲ့ရဲ့ခြင်းဟို ကိုယ်တော်ဟ ပပျောက်စေပီ” ဟု ပြောအယ်။
29 မာရိဟ ခေါန်းခင်တမန်ရဲ့ စကားကျောန့် စိတ်မငြိမ်မသက်ဖြစ်ကာ ဟေနှုတ်ဆက်စကားဟ စလိုလုန်းဟု တွေးတောဆင်ခြင်လျက် နေအယ်။ 30 ခေါန်းခင်တမန်ဟ “မာရိ၊ မကြောက်နဲ့၊ နင်ဟ ဘုရားသခင် ဆေ့မှာ မျက်နှာရပီ။ 31 [c]နင်ဟ လူပဲ့စွဲယွေ့ အောင်နီငယ်ဟို မွေးလိမ့်မယ်၊ အဲအောင်နီငယ်ဟို ယေရှုလို့ နာမယ် မှည့်ရမယ်။ 32 အောင်နီငယ်ဟ ကြီးမြတ်လိမ့်မယ်၊ အမြင့်မြတ်ဆုံးသော ဘုရားသခင်ရဲ့ သားတော်ဟု အခေါ်ခံရလိမ့်မယ်။ သခင် ဘုရားသခင်ဟ သူ့အဖ ဒါဝိဒ်မင်းရဲ့ ရာဇပလ္လင်ဟို သူ့အား ပေးလိမ့်မယ်။ 33 သူဟ ယာကုပ်အမျိုးဟို အစဉ်အမြဲ အုပ်ချုပ်လိမ့်မယ်၊ အေးသူရဲ့ နိုင်ငံဟလည်း ပစာခါမှ ကုန်ဆုံးလိမ့်မယ် မဟုတ်” ဟု မာရိအား ဟောအယ်။
34 မာရိဟ “ငါသည် အပျိုကညာ ဖြစ်သဖြင့် စလို လူပဲ့စွဲယွေ့ အောင်နီငယ်ဟို မွေးနိန်မှာလုန်း” ဟု ခေါန်းခင်တမန်ဟို မေးအယ်။
35 ခေါန်းခင်တမန်ဟ “သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်ရဲ့ အပေါ်ဟို သက်ရောက်ပင်း အမြင့်မြတ်ဆုံးသော ဘုရားသခင်ရဲ့ တန်ခိုးတော်ဟ နင့်ဟို လွှမ်းမိုးလိမ့်မယ်။ အဲအကျောန်းကျောန့် သန့်ဆှင်းသော သားဟလည်း ဘုရားသခင်ရဲ့ အောင်နီဟု ခေါ်ခြင်းဟို ခံရလိမ့်မယ်။ 36 နင်ရဲ့ ဆွေမျိုးဖြစ်သော ဧလိရှဗက်ဟလည်း အသက်ကြီးသောအခါမှ လူပဲ့စွဲလျက် ဆိအယ်၊ အမြုံမလို့ အခေါ်ခံရသူဟ လူပဲ့စွဲယွေ့ အခု ခြောက်လအဝင် ဆိပီ။ 37 ဘုရားသခင် မတတ်နိန်သောအမှုအရာ တခုမှမဆိ” ဟု ဟောအယ်။
38 မာရိဟ “ကျွန်မသည် သခင်ဘုရားရဲ့ အစေခံ ဖြစ်ပါအယ်။ ကိုယ်တော်ရဲ့ စကားအတိုင်း ငါနှိုက် ဖြစ်ပါစေသော” ဟု ခေါန်းခင်တမန်အား ပြန်ပြောအယ်၊ အဲအခါ ခေါန်းခင်တမန်ဟ သူမဆေမှ ထွက်သွားအယ်။
56 အဲပင်းရင် မာရိဟ ဧလိရှဗက်နဲ့ သုံးလခန့် နေပင်းနောက် နေအိုင်ဟို ပြန်လေအယ်။
59 တပတ်မြောက်သောနေ့နှိုက် သူလို့ဟ အောင်နီငယ်ရဲ့ အရေဖျားလှီးခြင်း ပေးရန် လာကြယွေ့ သူ့အား ဇာခရိဟူယွေ့ အဖရဲ့ နာမယ်ဟို ပေးချင်ကြအယ်။ 60 အဲလိုလဲ သူ့ရဲ့ အမေ့ဟ “အေးနာမယ်ကို မမှည့်ပါနဲ့၊ ယောဟန်လို့ မှည့်ခေါ်ကြပါ” ဟု ဆိုအယ်။
61 လူလို့ဟ “နင်ရဲ့ အမျိုးတွင် ယောဟန်လို့ နာမယ်တွင်သူ တယောက်မှမဆိ” ဟု သူမအား ပြောကြအယ်။ 62 အဲပင်းရင် သူ့ဖဟို လက်ဟန်ခြေဟန်နဲ့ ပြယွေ့ စလို မှည့်စေလိုလောဟု မေးကြအယ်။
63 ဇာခရိဟ ကျောက်သင်ပုံးတချပ်ကို တောင်းယူပင်းရင်၊ “အောင်နီငယ်ရဲ့ နာမယ်ဟ ယောဟန် ဖြစ်အယ်” ဟု ရေးအယ်၊ အေးအခါ အဲသူအပေါင်းလို့ဟ ရမ်းဆာ့ အံ့သြကြအယ်။ 64 ခုတုံးပင် ဇာခရိဟ ပြန်လည် စကားပြောနိန်သဖြင့်၊ ဘုရားသခင်ဟို စတင် ချီးမွန်းလေအယ်။ 65 အိုင်နီးချင်းအပေါင်းလို့ဟ ကြောက်ရွံ့ခြင်းနဲ့ ပြေ့ကြယွေ့၊ ဟေအဖြစ်အပျက်သတင်းဟ ယုဒပြေ တောင်ပေါ်ဒေသ တဆှောက်လုံးဟို ပျံ့နှံသွားအယ်။ 66 ကြားကြသူအပေါင်းလို့ဟ စိတ်နေလုံးနှိုက် မှတ်သားယွေ့ “ဟေအောင်နီငယ်ဟ စလိုလူ ဖြစ်လိမ့်မလုန်း” ဟု ပြောဆိုကြအယ်၊ သခင်ဘုရားရဲ့ တန်ခိုးတော်ဟ အဲအောင်နီငယ်အပေါ် သက်ရောက်လျက် နေအယ်။
80 အောင်နီငယ်ဟ ကြီးထွားယွေ့ စိတ်ဝိညာဉ် ကြံ့ခိုင်လာပင်း သူဟ ဣသရေလအမျိုးသားလို့ရဲ့ ဆေ့မှာ ထင်ဆှားမပြမီတိုင်အောန် တောကန္တာရနှိုက် နေလေအယ်။
လုကာ 2 ->
Languages