ယုဒ ယုဒဆေမှ ပေးစာ နိဒါန်း ယုဒဆေမှ ပေးစာ ဟို ၎င်းစာရေးဆရာရဲ့ နာမယ်ဟို ပေးထားအယ်။ ယုဒဟ သူ့ကိုယ်သူ ယာကုပ်ရဲ့ ညီ၊ ယေရှုရဲ့ အကို ဟု သတ်မှတ်အယ်။ အေးကျောန့်လည်း ယေရှုရဲ့ ညီတော်များထဲမှ တယောက် ဖြစ်တာဟု ယုံကြည်ကြအယ် (၁)။ ဟေစာဟ သီးခြား အသင်းတော် တခုအတွက် ရည်ရွယ်ခြင်း ဆိ၊ မဆိ မသိပါ။ ဓမ္မဟောင်းကျမ်းဟို ကိုးကားထားသောကျောန့် ယုဒရဲ့ မူရင်းစာဖတ်သူများဟ ယုဒလူများဖြင့် ဖွဲ့စည်းထားဖွယ် ဆိအယ်။ အဲလိုလဲ သူဟ သူရဲ့ စာထဲတွင် “ခမည်းတော် ဘုရားသခင်နှိုက် ချစ်ယွေ့ ယေရှု ခရစ်တော်အတွက် ခေါ်ယူခြင်း ခံရသော သူအပေါင်းလို့” ဟု (၁) တွင် လိပ်မူထားအယ်။ အေးစာဟို ခရစ်တော် မွေးဖွားပင်းနောက် ၆၀ ခုနှစ်ဝန်းကျင်ခန့်တွင် ရေးသားခဲ့ခြင်း ဖြစ်ဖွယ်ဆိအယ်။ ခရစ်ယာန်အားလုံးဆေ စာရေးရခြင်းရဲ့ ရည်ရွယ်ချက်မှာ မားယွင်းသော ဆရာများရဲ့ လမ်းလွဲခြင်း မခံရအောန် သတိပေးရန် ဖြစ်အယ် (ယု ၄ )။ သူဟ သူရဲ့ ငြင်းခုံချက်များကို ခွန်အားပေးရန်အတွက် ဓမ္မဟောင်းဖြစ်ရပ်များနဲ့ မှတ်တမ်းများကို ကိုးကားထားအယ်။ ဟေစာဟ မားယွင်းသော ဆရာများကို သတိပေးခြင်း (ယု ၄; ၂ ပေ ၂.၁) အပြင် ခေါန်းခင်တမန်များနဲ့ သောဒုံမြို့နဲ့ ဂေါမောရမြို့လို့ဟို ရည်ညွှန်းခြင်း အပါအဝင် အယူအဆများစွာကို ဟေစာတွင် မျှဝေထားအယ်။ အကျောန်းအရာ အကျဉ်းချုပ် ၁။ ယုဒဟ သူရဲ့ စာဖတ်သူတွေဟို အရင်ဦးဆုံး လိပ်မူထားအယ် (၁–၂) ၂။ အဲပင်းနောက်၊ သူဟ မားယွင်းသော ဆရာများဟို သတိပေးချင်သော အကျောန်းပြချက်ကျောန့် ရေးသားခြင်း ဖြစ်အယ် (၃–၄) ၃။ အဲပင်းရင်၊ သူဟ ဓမ္မဟောင်းကျမ်းထဲဟ လူတွေနဲ့ အဖြစ်အပျက်တွေဟို ဥပမာပေးတယ် (၅–၁၆) ၄။ အဲပင်းနောက်၊ သူဟ သတိပေးချက်အတွက် သူလို့ရဲ့ တုံ့ပြန်မှုဟ စလို ဖြစ်သင့်တယ်ဆိုတာ သူလို့ဟို ပြောပြအယ် (၁၇–၂၃) ၅။ နောက်ဆုံးမှာ၊ သူဟ ဘုရားသခင်ဟို ချီးမွန်းပင်း သူရဲ့ စာဟို အပီးသတ်အယ် (၂၄–၂၅)
5 နင်လို့ဟ ဟေအရာအားလုံးဟို သိကြပီဖြစ်သော်လည်း နင်လို့ဟို ငါ သတိပေးနှိုးဆော်လိုတာဟ သခင်ဘုရား[b]သည် သူရဲ့ လူများဟို အဲဂုတ္တုပြေမှ တခါတည်း ကယ်လွှတ်ပေမဲ့လည်း မယုံကြည်သော သူလို့ဟို တခါ ဖျက်ဆီးအယ်။ 6 အေးအပြင် မိမိလို့ရဲ့ မူလအခွင့်အာဏာဟို မထိန်းသိမ်းဘဲ မိမိလို့နေရာ အရပ်ဟို စွန့်ခွာသွားကြလဲ့ ခေါန်းခင်တမန်များအား တရားစီရင်ရာ နေ့ကြီးအတွက် ထာဝရ တုတ်ချေခြင်းအားဖြင့် မိုက်ခြင်းအောက်နှိုက် ထိန်းသိမ်းထားအယ်။ 7 အေးလိုမျိုး သောဒုံမြို့၊ ဂေါမောရမြို့ရဲ့ ပတ်ဝန်းကျင်မြို့များဟလည်း အေးသူလို့နည်းတူ မတရားသော မေထုန်ပြုခြင်းနှိုက် ကျင်လည်ယွေ့ သဘာဝနဲ့ ဆန့်ကျင်သော သွေးသားတက်မက်ခြင်း အလိုဟိုလိုက်ကြသဖြင့် ထာဝရမီးနဲ့ဆိုင်သော အပစ်ဒဏ်ဟို ခံရလျက် သင်ခန်းစာယူစရာ ဖြစ်လာကြအယ်။
8 အေးအတိုင်းတိုင်း ဟေအိမ်မက် မြင်မက်တတ်သော သူလို့ဟလည်း ကိုယ်ကာယဟို စုတ်ပဲ့စေလျက် အုပ်စိုးခြင်းဟို ဝန်မခံဘဲ ဘုန်းအသရေဆိသောသူဟို စော်ကားပြောဆိုတတ်ကြအယ်။ 9 [c]ခေါန်းခင်တမန်မင်း မိက္ခေလပင် မာရ်နတ်နဲ့ ငြင်းခုံလျက် မောရှေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ယွေ့ အချေအတင်ပြောဆိုကြသောအခါ ကဲ့ရဲ့ပစ်တင်လဲ့ စီရင်ခြင်းဟို မလုပ်ရဲဘဲ “ထာဝရဘုရားဟ နင်ဟို ဆုံးမပါစေ” ဟူယွေ့သာ ပြောခဲ့အယ်။ 10 သူလို့ဟတော့ မိမိလို့ မသိသောအရာများဟို စော်ကားပြောဆိုကြလျက် ဆင်ခြင်ဉာဏ် မဆိသော တိရစ္ဆာန်များလိုမျိုး ပင်ကိုယ်သဘာဝအရ သိထားလဲ့အရာများနှိုက်ပင် ပျက်စီးခြင်းဟို ရောက်တတ်ကြအယ်။ 11 သူလို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ သူလို့ဟ ကာဣနရဲ့ လမ်းစဉ်ဟို လိုက်ယွေ့ အခကြေးငွေအတွက် ဗာလမ်ရဲ့ မားယွင်းခြင်းထဲဟို ကျရောက်သွားကာ ကောရရဲ့ ဆန့်ကျင်မှုမျိုးနှိုက် ပျက်စီးဆုံးရှုံးကြအယ်။ 12 သူလို့ဟ နင်လို့နဲ့အတူ စားသောက်သောအခါ ဆှက်ကြောက်ခြင်း မဆိဘဲ မိမိလို့အတွက်သာ ဂရုစိုက်လျက် နင်လို့ရဲ့ မေတ္တာပွဲနှိုက် အစွန်းအထင်းများ ဖြစ်ကြအယ်။ သူလို့ဟ လေနှိုက်လွင့်ပါသွားသော မိုးယေမပါလဲ့ မိုးချေးသားများ၊ အမြစ်ပါမကျန် ဆွဲနုတ်ခံရယွေ့ နေကြိမ်သေလဲ့ အသီး မသီးသော ဆောင်းဦးကာလ သစ်ပင်များ၊ 13 မိမိလို့ အဆှက်ဟို အမြှုပ်လိုမျိုး ပေါ်စေလဲ့ ပြင်းထန်သော ပင်လယ်လှိုင်းတံပိုးများ၊ ဝေ့နေသော ကြယ်များ ဖြစ်ကြအယ်။ သူလို့အတွက် အမှောင်မိုက်ဆုံး မိုက်ဟို ထာဝရ ထိန်းသိမ်းထားလျက် ဆိအယ်။
14 အာဒံမှ ခုနေဆက်မြောက်[d]သော မျိုးဆက်ဖြစ်လဲ့ ဧနောက်ဟလည်း သူလို့နဲ့ ပတ်သက်ယွေ့ ပရောဖက်ပြုဟောပြောလျက် “ကျေ့ရှုလော့၊ ထာဝရဘုရားဟ အတိုင်းမသိ ရမ်းဆာ့သော မိမိရဲ့ သန့်ဆှင်းသူလို့နဲ့အတူ ကြွလာလိမ့်မယ်။ 15 ဟေစာဟ လူအပေါင်းလို့ဟို တရားစီရင်ရန်နဲ့ ဘုရားတရားမဲ့စွာဖြင့် ပြုခဲ့သော သူလို့ရဲ့ ဘုရားတရားမဲ့ခြင်း အမှုအလုံးစုံအတွက် လည်းကောင်း၊ ဘုရားတရားမဲ့သော အပစ်သားလို့ဟ ဘုရားသခင်ဟို ဆန့်ကျင်ပြောဆိုလဲ့ ပြင်ထန်သော စကားအလုံးစုံအတွက် လည်းကောင်း သူလို့ အားလုံးရဲ့ အပစ်ဟို ဖော်ပြရန် ဖြစ်အယ်” ဟု ဆိုထားအယ်။
16 သူလို့ဟ ညည်းညူးတတ်သောသူ၊ သူတပါးရဲ့အပစ်ဟို ဆှာတတ်သောသူ ဖြစ်ကြပင်း မိမိလို့ရဲ့ တပ်မက်ခြင်းအတိုင်း ဆှောက်လှမ်းနေကြအယ်။ သူလို့ရဲ့ နှုတ်ဟလည်း ချဲ့ထွင်ဝါကြွား ပြောဆိုတတ်ယွေ့ ကိုယ်ကျိုးအတွက် လူလို့ဟို မြှောက်ပင့်တတ်ကြအယ်။
22 သံသယဆိသော သူလို့အပေါ် ကရုဏာထားကြလော့။ 23 အချို့သောသူလို့ဟို မီးထဲမှ ဆွဲထုတ် ကယ်တင်ကြလော့။ အချို့လို့ဟို သူလို့ရဲ့ သွေးသားဇာတိဖြင့် ညစ်ညူးစွန်းထင်းနေသော အင်္ကျီကိုပင် ရွံမုန်းလျက် ကြောက်ရွံ့သော စိတ်နဲ့တကွ သူလို့ဟို ကရုဏာထားကြလော့။
Languages