7 အဲသူဟ “ဆရာ၊ ယေ လှုပ်ဆှားလာသောအခါ ငါ့ဟို ယေကန်ထဲသို့ ချပေးမဲ့သူ တယောက်မျှ မဆိမန့်။ ငါဆင်းမယ်ပြုနေစဉ် အခြားသူတယောက်ဟ ဦးရင် ယေကန်ထဲဟို ဆင်းသွားတတ်ပါအယ်” ဟု ပြန်ပြောအယ်။
8 ယေရှုဟ “ထလော့၊ နင့်အိပ်ယာဟို ယူယွေ့ လှမ်းသွားလော့” ဟု အေးသူအား မိန့်အယ်။ 9 အဲသူဟ ခုတုံး ကျန်းမာလာသဖြင့် မိမိရဲ့ အိပ်ယာဟို ယူယွေ့ လှမ်းသွားလေအယ်။
11 အဲလိုလဲ သူဟ “ငါ့အား ကျန်းမာစေသူဟ ‘နင့်အိပ်ယာဟို ယူယွေ့ လှမ်းသွားလော့’ လို့ ခိုင်းပါအယ်” ဟု ပြန်ပြောအယ်။
12 အဲလိုမို့ သူလို့ဟ “နင့်အား အိပ်ယာဟို ယူယွေ့ လှမ်းသွားလော့ဟု ဆိုသူဟ စသူလဲ” ဟု သူ့အား မေးကြအယ်။
13 အဲလိုလဲ ကျန်းမာလာသောသူသည် ယေရှုဟ စသူဖြစ်တယ်ဆိုတာဟို မသိ၊ အကျောန်းမှာ အဲအရပ်နှိုက် လူအများဆိယွေ့ ယေရှုဟ မထင်မဆှား ထွက်သွားအယ်။
14 အဲပင်းရင် ယေရှုဟ အေးသူဟို ဗိမာန်တော်ထဲတွင် တွေ့ဆိသဖြင့် “နားထောင်လော့၊ နင်ဟ အခု ကျန်းမာလာလေပီ၊ နောက်ထပ် အပစ်မလုပ်နဲ့ အဲဟာမဟုတ်ရင် နင်ဟ ဟေထက် ဆိုးရွားသောအဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်” ဟု မိန့်လေအယ်။
15 အဲပင်းရင် သူဟ ထွက်သွားယွေ့ မိမိအား ကျန်းမာစေသောသူမှာ ယေရှုဖြစ်ကျောန်း ယုဒအာဏာပိုင်လို့အား ပြောလေအယ်။ 16 အေးလိုမို့ ဟေအမှုအရာဟို ဥပုသ်နေ့နှိုက် ပြုသောကျောန့် ယုဒအာဏာပိုင်လို့ဟ ယေရှုအား ညှဉ်းဆဲကြအယ်။ 17 ယေရှုဟလည်း “ငါ့ခမည်းတော်ဟ အခုတိုင်အောန် အလုပ်လုပ်တာ ဖြစ်ယွေ့ ငါလည်း အလုပ်လုပ်အယ်” ဟု သူလို့အား ပြန်ပြောလေအယ်။
18 အဲအကျောန်းကျောန့် ယုဒအာဏာပိုင်လို့ဟ ကိုယ်တော်ဟို သတ်ရန် ပိုယွေ့ ကြိုးစားဆှာကြအယ်၊ ဥပုသ်နေ့ဟို ဖောက်ဖျက်ရုံမက ဘုရားသခင်ဟို မိမိရဲ့ အဖဟုခေါ်လျက် မိမိတတ်တိုင်း ဘုရားနဲ့ တန်းတူထားသောကျောန့် ဖြစ်အယ်။
24 “နင်လို့အား ငါ အမန်ဆိုတာဟ ငါရဲ့စကားဟို ကြားယွေ့ ငါ့ဟို စေလွှတ်သောသူဟို ယုံကြည်သောသူဟ ထာဝရအသက်ဟို ရအယ်။ သူလို့ဟ တရားစီရင်ခြင်းဟို မခံရဘဲ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူ ဖြစ်အယ်။ 25 နင်လို့အား ငါ အမန်ဆိုတာဟ သေလွန်သောသူလို့ဟ ဘုရားသခင်ရဲ့ သားတော်အသံဟို ကြားယွေ့ ကြားသောသူလို့ဟ အသက်ဆှင်ရမဲ့အချိန် ရောက်လာမယ်ဖြစ်ရာ အခုပင် ရောက်လာလေပီ။ 26 အကျောန်းမှာ ခမည်းတော်ဟ မိမိနှိုက် အသက်ဆှင်လဲ့တိုင်းတိုင်း သားတော်ဟိုလည်း မိမိနှိုက် အသက်ဆှင်စေခြင်းငှာ အခွင့်ပေးအယ်။ 27 သားတော်ဟ လူသားဖြစ်သောကျောန့် ခမည်းတော်ဟ တရားစီရင်ခြင်း အခွင့်ဟိုလည်း သားတော်အား ပေးပီ။ 28 ဟေအမှုအရာဟို နင်လို့ မအံ့သြကြနဲ့၊ လုတ်တိုင်းမှ လူသေလို့ဟ သားတော်ရဲ့ အသံတော်ဟို ကြားယွေ့၊ 29 ထွက်လာကြမဲ့အချိန် ကျရောက်လိမ့်မယ်။ အကျင့်ကောင်းဟို ပြုခဲ့သူလို့ဟ ထမြောက်ယွေ့ အသက်ဆှင်လိမ့်မယ်၊ ဆိုးညစ်သောအမှုဟို ပြုကျင့်သောသူလို့ဟလည်း ထမြောက်ယွေ့ အပစ်စီရင်ခြင်းဟို ခံရလိမ့်မယ်။
31 “ငါဟ မိမိရဲ့အကျောန်းဟို သက်သေခံရင် ငါရဲ့ သက်သေခံချက်ဟ မန်ကန်မှု မဆိ။ 32 အဲလိုလဲ ငါ့အကျောန်းဟို သက်သေခံသောသူ တပါးဆိအယ်၊ သူဟ ငါ့အကျောန်း သက်သေခံချက်ဟ မန်အယ်ဆိုတာ ငါသိအယ်။ 33 [d]နင်လို့ဟ ယောဟန်ဆေဟို နင်လို့ရဲ့ သတင်းသယ်ဆောင်သူများ စေလွှတ်ခဲ့ကြအယ်၊ သူဟ သမ္မာတရားဘက်နှိုက် သက်သေခံအယ်။ 34 အဲကျောန့် လူရဲ့ သက်သေခံချက်ဟို ငါ ခံယူတာ မဟုတ်၊ အဲလိုလဲ နင်လို့ ကယ်တင်ခြင်း ခံရစေရန် ဟေစကားဟို ငါပြောအယ်။ 35 ယောဟန်ဟ တောက်လောင်ယွေ့ ထွန်းလင်းသော မီးဖူးလိုမျိုး ဖြစ်အယ်၊ နင်လို့ဟ သူရဲ့ အလင်းနှိုက် ခဏသာပျော်မွေ့ လိုကြအယ်။ 36 အဲလိုလဲ ယောဟန်ရဲ့ သက်သေခံချက်ထက် ကြီးမြတ်လဲ့ သက်သေခံချက် ငါ့မှာ ဆိအယ်၊ ခမည်းတော် ငါ့အား ပေးအပ်သဖြင့် ခုတုံး ငါ ပီးမြောက်အောန် လုပ်ဆောင်ဖို့ ဆိလဲ့အရာများဟ ငါ့ဟို ခမည်းတော်စေလွှတ်ကျောန်း သက်သေခံကြအယ်။ 37 [e]ငါ့ဟို စေလွှတ်သော ခမည်းတော်တတ်တိုင်းဟလည်း ငါ့အကျောန်းဟို သက်သေခံအယ်။ နင်လို့ဟ ခမည်းတော်ရဲ့အသံဟို ပစာအခါမျှ မကြားဝူးကြ အဲဟာမဟုတ်ရင် ပုံသဏ္ဌာန်တော်ဟိုလည်း မမျော်ဝူးကြ၊ 38 ခမည်းတော် စေလွှတ်သောသူဟို မယုံကြည်ကြလဲ့အတွက် နှုတ်ကပတ်တော်ဟ နင်လို့ရဲ့ စိတ်နေလုံးတွင် မကိန်းအောင်း။ 39 ကျမ်းစာဟို ဆာဖွေယွေ့ ထာဝရအသက်ဟို တွေ့ဆိလိမ့်မယ်ဟု နင်လို့ ထင်မှတ်ကြသောကျောန့် ကျမ်းစာဟို လေ့လာကြအယ်။ အေးကျမ်းစာပင် ငါ့အကျောန်းဟို သက်သေခံအယ်၊ 40 အဲလိုလဲ နင်လို့ဟ အသက်ဟို ရဆိရန် ငါ့ဆေဟို လာခြင်းငှာ အလိုမဆိ။
41 “ငါဟ လူလို့ဆေမှရသော ဘုန်းအသရေဟို မခံမယူ၊ 42 အဲလိုလဲ နင်လို့အကျောန်းဟို ငါ သိအယ်။ နင်လို့စိတ်နေလုံးတွင် ဘုရားသခင်ဟို ချစ်ခြင်း မဆိကြ။ 43 ငါဟ ခမည်းတော်ရဲ့ အခွင့်အာဏာနဲ့ ရောက်ဆိလာသော်လည်း နင်လို့ဟ ငါ့ဟို လက်မခံကြ၊ အခြားသူတဦးတယောက်ဟ ကိုယ်ပိုင်အခွင့်အာဏာနဲ့ ရောက်ဆိလာပါမူ နင်လို့ လက်ခံကြလိမ့်မယ်။ 44 နင်လို့ဟ အခြားသူတယောက်ရဲ့ ဘုန်းအသရေဟို လက်ခံလိုကြအယ်၊ အဲလိုလဲ တဆူတည်းဆိသော ဘုရားသခင်ရဲ့ ချီးမွမ်းဂုဏ်ပြုခြင်းဟို ခံရရန် မကြိုးစားကြ၊ အဲလိုမို့ နင်လို့ဟ ငါ့ဟို စလို ယုံကြည်နိန်ကြမှာတုန်း။ 45 ငါဟ နင်လို့အား ခမည်းတော်ရဲ့ ဆေ့တော်နှိုက် အပစ်တင်စွပ်စွဲလိမ့်မယ်ဟု မထင်ကြနဲ့။ နင်လို့အား အပစ်တင်မဲ့သူဟ နင်လို့ ကိုးစားသော မောရှေပင် ဖြစ်အယ်။ 46 မောရှေဟ ငါအကျောန်းဟို ရေးထားတာဖြစ်ယွေ့ နင်လို့ဟ မောရှေဟို ယုံကြည်ခဲ့ရင် ငါ့ဟိုလည်း ယုံကြည်ကြလိမ့်မယ်။ 47 အဲလိုလဲ နင်လို့ဟ မောရှေ ရေးသားဖော်ပြချက်များဟို မယုံကြည်ကြသဖြင့် စလို ငါ့စကားဟို ယုံနိန်ကြမှာတုန်း” ဟု မိန့်လေအယ်။
<- ယောဟန် 4ယောဟန် 6 ->- a ယေရုရှလင်မြို့နှိုက် သိုးထင်ခါးအနီးမှာ ယေကန် ဆိအယ်၊ အဲဟာမဟုတ်ရင် သိုးထင်ခါးအနီးမှာ ယေကန် ဆိအယ်။
- b ဗေသေသဒ၊ အချို့ လက်ရေးမူကျမ်းတွင် ဗေသေဒ၊ ဟု ပါဆိအယ်။
- c အချို့သော လက်ရေးမူကျမ်းများတွင် အခန်းငယ် ၃ခ–၄ ဟို၊ သူလို့ ယေလှုပ်ဆှားဖို့ စောင့်ဆိုင်းနေကြအယ်။ ၄ ပစာကို့ ခုတုံးချိန်မှစပင်း သခင်ဘုရားရဲ့ ခေါန်းခင်တမန်တပါးဟ ယေကန်ထဲဟို ဆင်းကာ ယေဟို လှုပ်ဆှားစေတတ်အယ်။ စသူမဆို ယေလှုပ်ဆှားပင်းနောက် ဦးရင်ဆုံးဝင်သောသူဟ စလိုရောဂါဆိတာဖြစ်စေ သက်သာခြင်းရအယ်၊ ဟူယွေ့ ပေါင်းထည့်ထားအယ်။
- d ယော ၁.၁၉–၂၇; ၃.၂၇–၃၀
- e မ ၃.၁၇; မာ ၁.၁၁; လု ၃.၂၂
Languages