1 အဲပင်းရင် ပိလတ်မင်းဟ ယေရှုဟို ခေါ်သွားစေပင်း ကြိမ်ဒဏ်ခတ်စေအယ်။ 2 စစ်သားများဟ ဆူးခက်ဖြင့် ရက်သောဦးရစ်ဟို သူ့ရဲ့ ဦးခေါင်းနှိုက် တင်ယွေ့ ခရမ်းရောင် ဝတ်လုံဟို ကိုယ်တော်အား ဝတ်ပေးပင်းရင် 3 ကိုယ်တော်ဆေဟို ချဉ်းယွေ့ “ယုဒဆှင်ဘုရင် သက်တော်ဆှည်မန့်စေ” ဟု ဆိုယွေ့ ပါးရိုက်ကြအယ်။
4 ပိလတ်မင်းဟ အပြင်သို့ တဖန်ထွက်ပင်း လူအုပ်ကြီးအား “အေးသူဟို ပစာအပစ်ဟိုမျှ ငါမတွေ့ကျောန်းဟို နင်လို့သိစေရန် သူ့ဟို နင်လို့ဆိရာဟို ငါ ခေါ်ဆောင်လာမယ်” ဟု ဆိုအယ်။ 5 အဲအခါ ယေရှုဟ ဆူးခက်ဦးရစ်နဲ့ ခရမ်းရောင် ဝတ်လုံဟို ဝတ်လျက် ပြင်သို့ ထွက်လာအယ်။ ပိလတ်မင်းဟ “ကျေ့လော့၊ ဟေသူပင် ဖြစ်အယ်” ဟု ဆိုအယ်။
6 ယဇ်ပုရောဟိတ်ကြီးနဲ့ အစောင့်တပ်သားများဟ ကိုယ်တော်ဟို မျော်သောအခါ “သူ့ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်မန့်၊ သူ့ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်မန့်” ဟု ဟစ်အော်ကြအယ်။
7 လူအုပ်ကြီးဟ “အဲသူဟ မိမိကိုယ်ကို ဘုရားသခင်ရဲ့ သားဟုပြောသောကျောန့် ငါလို့ တရားဥပဒေအရ သေဒဏ်ခံထိုက်အယ်” ဟု ပြန်ပင်း ဖြေလေအယ်။
8 ပိလတ်မင်းဟ အဲသူလို့ရဲ့စကားဟို ကြားသောအခါ ပိုပင်း ကြောက်လန့်လာအယ်။ 9 အဲလိုမို့ သူဟ အိုင်တော်ထဲဟို ပြန်ဝင်ပင်းနောက် ယေရှုအား “နင်ဟ ဖယ်နားဟ လာတုန်း” ဟု မေးအယ်။
11 ယေရှုဟ “မင်းကြီးအား ဘုရားသခင် အခွင့်နဲ့သာ ဟေလို့သော အခွင့်အာဏာဟို ရဆိခြင်း ဖြစ်အယ်။ အဲကျောန့် ငါ့ဟို မင်းကြီးရဲ့ လက်သို့အပ်နှံသောသူဟ ပိုယွေ့ အပစ်ကြီးအယ်” ဟု ဖြေလေအယ်။
12 ဟေသို့ ဖြေကြားခြင်းဟို ကြားသောအခါ ပိလတ်မင်းဟ ကိုယ်တော်ဟို လွတ်ငြိမ်းခွင့်ပေးရန် နည်းလမ်းဆှာကြံလေအယ်။ အဲလိုလဲ လူအုပ်ကြီးဟ “အဲသူအား လွတ်ငြိမ်းခွင့်ပေးသောသူဟ ကဲသာဘုရင်ရဲ့ မိတ်ဆွေ မဟုတ်ပီ၊ စသူမဆို မိမိကိုယ်ကို ဆှင်ဘုရင် ဟု ဆိုသူဟ ကဲသာဘုရင်ရဲ့ ရန်သူ ဖြစ်အယ်” ဟု ဟစ်အော်ကြအယ်။
13 ပိလတ်မင်းဟ အဲစကားဟို ကြားသောအခါ ယေရှုဟို ပြင်သို့ထုတ်ပင်းမှ ကျောက်ပြား ဟု ခေါ်သောနေရာနှိုက် တရားပလ္လင်ပေါ်မှာ ထိန်လေအယ်။ အဲအရာဟို ဟေဗြဲ နာမယ်ဖြင့် ဂဗ္ဗသဟု ခေါ်အယ်။ 14 အဲအချိန်ဟ ပသခါပွဲမတိုင်ခင်နေ့ မွန်းတည့်ခါနီး ဖြစ်အယ်။ ပိလတ်မင်းဟ “နင်လို့ရဲ့ ဆှင်ဘုရင်ဟို ကျေ့ကြလော့” ဟု ယုဒအမျိုးသားလို့အား ဆိုအယ်။
15 အဲသူလို့ဟ “သူ့ဟို သတ်မန့်၊ သူ့ဟို သတ်မန့်၊ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်မန့်” ဟု ပြန်ပင်း အော်ကြအယ်။
16 အဲအခါ ပိလတ်မင်းဟ ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ရန် အေးသူလို့လက်သို့ အပ်လိုက်အယ်။
22 ပိလတ်မင်းဟ “ငါရေးပီးလဲ့အတိုင်း အတည်ဖြစ်ရမယ်” ဟု ပြန်ဖြေအယ်။
23 စစ်သားလို့ဟ ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြပင်းသောအခါ ကိုယ်တော်ရဲ့ အဝတ်တော်ဟို လေးပိုင်းပိုင်းယွေ့ တယောက်တပိုင်းစီ ယူကြအယ်။ သူလို့ဟ အထဲခံ အင်္ကျီဟိုလည်း ယူကြအယ်၊ အေးအင်္ကျီဟ ချုပ်ရိုးမဆိဘဲ အပေါ်မှ အောက်ခြေအထိ တထည်လုံးဟို တဆက်တည်း ရက်ထားလဲ့ အဝတ် ဖြစ်အယ်။ 24 သူလို့ဟ “အေးအင်္ကျီဟို မဆုတ်ကြနဲ့၊ မဲချယွေ့ ယူကြကုန်အံ့” ဟု အချင်းချင်း ပြောဆိုကြအယ်။ ဟေသို့ပြုမူကြခြင်းမှာ ကျမ်းစာတွင်၊
25 ယေရှုရဲ့ လက်ဝါးကပ်တိုင်နားမှာ သူ့အမေ့နဲ့ သူ့အမေ့ရဲ့ညီမ ဖြစ်သော ကယာဖရဲ့ ပေါင်အိုမဖြစ်သူ မာရိနဲ့ မာဂဒလရွာသူ မာရိလို့ဟ ရပ်နေကြအယ်။ 26 ယေရှုဟ သူ့အမေ့နဲ့ ကိုယ်တော် ချစ်သောတဘဲ့တော်လို့ ရပ်နေတာဟို မျော်လေအယ်၊ အဲလိုမို့ ကိုယ်တော်ဟ အမေ့၊ “ဟေမှာ နင်ရဲ့သား” ဟု ဆိုအယ်။
27 အဲပင်းရင် တဘဲ့တော်အား ဟေမှာ နင်ရဲ့အမေ့ ဟု ဆိုလေအယ်။ အဲအချိန်မှစယွေ့ တဘဲ့တော်ဟ အမေ့အား မိမိလို့နေအိုင်နှိုက် ခေါ်ထားအယ်။
28 အဲအချိန်နှိုက် အမှုဆိသမျှ ပီးစီးကျောန်းဟို ယေရှု သိသဖြင့် ကျမ်းစာပြေ့စုံစေရန် ကိုယ်တော်ဟ “ငါ ယေငတ်အယ်” ဟု မိန့်လေအယ်။
29 အဲအရပ်နှိုက် စပျစ်ယေချဉ်နဲ့ ပြေ့သော အိုးတလုံးဆိတာဖြစ်ယွေ့ အဲသူလို့ဟ ရေမြှုပ်တခုဟို စပျစ်ယေချဉ်တွင် နစ်စေပင်း ဟုဿုပ်ပင် အကိုင်းဖျားနှိုက် တပ်ယွေ့ ကိုယ်တော်ရဲ့ စလောင်နားဟို ကမ်းပေးအယ်။ 30 ယေရှုဟ စပျစ်ယေချဉ်ဟို သောက်ပင်းမှ “အမှုပီးပီ” ဟု မိန့်လျက်
38 အဲသို့မိန့်ပင်းနောက် ယုဒအာဏာပိုင်လို့ဟို ကြောက်ရွံ့သဖြင့် မထင်မဆှား ယေရှုရဲ့ တဘဲ့ဖြစ်သော အရိမဿဲမြို့သား ယောသပ်ဟ ယေရှုရဲ့ အလောင်းတော်ဟို ယူခွင့်ပြုရန် ပိလတ်မင်းအား တောင်းဆှောက်အယ်။ ပိလတ်မင်းဟလည်း ခွင့်ပြုသဖြင့် ယောသပ်ဟ လာယွေ့ အလောင်းဟို ယူသွားလေအယ်။ 39 [c]မခင်ဟ ယေရှုဆေဟို ညအခါနှိုက် လာတွေ့ဖူးသူ နိကောဒင်ဟလည်း မုရန်နဲ့ အကျော်ရောထားသော ဆီမွှေးနံ့သာပေါင်း ပိဿာနေဆယ်ကျော်ဟို ယူယွေ့ ယောသပ်နဲ့အတူ လိုက်သွားအယ်။ 40 အဲသူလို့ဟ ယေရှုရဲ့ အလောင်းဟို ယူယွေ့ ယုဒအမျိုးသားလို့ရဲ့ သင်္ဂြိုဟ်ခြင်းနဲ့ဆိုင်သော ပြင်ဆင်ခြင်း စလေ့ဆိလဲ့အတိုင်း နံ့သာပေါင်းနဲ့တကွ ပိတ်စများဖြင့် ပတ်စဲကြအယ်။ 41 ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်လဲ့ အရပ်နှိုက် ဥယျာဉ်တခု ဆိယွေ့၊ အဲဥယျာဉ်နှိုက် စသူဟိုမှ မသင်္ဂြိုဟ်ဖူးသေးလဲ့ လုတ်တိုင်းဂူသစ်တခု ဆိအယ်။ 42 အဲနေ့ဟ ယုဒအမျိုးသားလို့ရဲ့ အဖိတ်နေ့ဖြစ်သောကျောန့် အနီးတွင်ဆိသော အဲလုတ်တိုင်းတွင်းနှိုက် အလောင်းဟို သင်္ဂြိုဟ်ကြအယ်။
<- ယောဟန် 18ယောဟန် 20 ->
Languages