6 ယေရှုဟ ဟေပုံဥပမာဟို အေးသူလို့အား မိန့်အယ်၊ အဲလိုလဲ ဖာရိရှဲလို့ဟ ကိုယ်တော် စကားရဲ့ ဆိုလိုရင်းဟို နားမလည်ကြ။
11 “ငါဟ ကောင်းသော သိုးထိန်း ဖြစ်အယ်၊ ကောင်းသော သိုးထိန်းဟ သိုးလို့အတွက် မိမိအသက်ဟို စွန့်တတ်အယ်။ 12 သိုးလို့ဟို ပိုင်သောသိုးထိန်း မဟုတ်၊ သူငှားဖြစ်သောသူဟ ဝံပုလွေလာတာဟို မျော်ရင်၊ သိုးလို့ဟို ပစ်ထားယွေ့ ထွက်ပြေးတတ်အယ်၊ အဲလိုမို့ ဝံပုလွေဟလည်း သိုးလို့ဟို တိုက်ခိုက်ပင်း ကွဲစေတတ်အယ်။ 13 သူငှားဟ သူငှားဖြစ်လဲ့အလျောက် သိုးလို့အတွက် ဂရုမစိုက်ဘဲ ထွက်ပြေးတတ်အယ်။ 14-15 [a]ငါဟ ကောင်းသော သိုးထိန်း ဖြစ်အယ်။ ခမည်းတော်ဟ ငါ့ဟို သိပင်း ငါဟလည်း ခမည်းတော်ဟို သိသလို ငါ့သိုးလို့ဟိုလည်း ငါသိယွေ့ ငါ့သိုးလို့ဟလည်း ငါဟိုသိကြအယ်။ ငါဟ သိုးလို့အဖို့ အသေခံရန် ဆန္ဒဆိအယ်။ 16 ဟေသိုးခြံထဲဟ မဟုတ်သော အခြားသိုးလို့ဟိုလည်း ငါပိုင်သေးအယ်။ အေးသိုးလို့ဟိုလည်း ငါဆောင်ခဲ့ရမယ်၊ ငါ့ရဲ့ အသံဟို နားထောင်ပင်း သိုးအုပ်တအုပ်တည်းနဲ့ သိုးထိန်းတယောက်တည်း သူလို့ဟ ဖြစ်လာကြလိမ့်မယ်။[b]
17 “ငါဟ အသက်ဟို ပြန်လည်ရယူရန် ငါရဲ့ အသက်ဟို စွန့်ချင်သော ဆန္ဒဆိသောကျောန့် ခမည်းတော်ဟ ငါ့ဟို ချစ်အယ်။ 18 ငါ့အသက်ဟို စသူမှ မလုမယူဘဲ ငါ့ဆန္ဒအလျောက် အသက်ဟို စွန့်ခြင်း ဖြစ်အယ်။ ငါနှိုက် အသက်စွန့်ပိုင်ခွင့်နဲ့ နောက်တဖန် ကိုယ့်အသက်ဟို ပြန်ယူပိုင်သောအခွင့်ဟ ငါနှိုက်ဆိအယ်။ ငါဟ ဟေအမိန့်ဟို ငါ့ခမည်းတော်ဆေမှ ရဆိအယ်” ဟု မိန့်အယ်။
19 ဟေစကားကြားလဲ့ ယုဒလူလို့ဟ စိတ်သဘောထား ကွဲလွဲသွားကြအယ်။ 20 သူလို့ထဲမှ အများစုဟ “သူဟ နတ်ဆိုးစွဲပင်း အရူး ဖြစ်အယ်။ ပစာကျောန့် သူရဲ့ စကားဟို နားထောင်ကြတုန်း” ဟု ဆိုကြအယ်။
21 အဲလိုလဲ အခြားသောသူလို့ဟလည်း “နတ်ဆိုးစွဲသောသူဟ ဟေလိုစကားဟို မပြောနိန်ဝူး၊ နတ်ဆိုးစွဲသောသူဟ မျက်စေ့ကန်းသောသူလို့ဟို မျော်စေဖို့ တတ်နိန်သလော” ဟု ဆိုကြအယ်။
25 ယေရှုဟ “နင်လို့အား ငါပြောပင်း ဖြစ်အယ်၊ အဲလိုလဲ နင်လို့ မယုံကြ။ ငါ့ခမည်းတော်ရဲ့ အခွင့်နဲ့ ငါပြုသောအမှုလို့ဟ ငါရဲ့ သက်သေ ဖြစ်အယ်၊ 26 အဲလိုလဲ နင်လို့ဟ ငါရဲ့ သိုးများ မဟုတ်သောကျောန့် ငါ့ဟို မယုံကြ။ 27 ငါ့သိုးလို့ဟ ငါ့အသံဟို နားထောင်ကြအယ်။ ငါဟ သူလို့ဟို သိယွေ့ သူလို့ဟလည်း ငါ့နောက်ဟို လိုက်ကြအယ်။ 28 ငါဟ သူလို့အား ထာဝရအသက်ဟို ပေးယွေ့ သူလို့ဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မယ်။ စသူမျှ အဲသိုးလို့ဟို ငါ့လက်မှ လုယူယွေ့ မရနိန်။ 29 သူလို့ဟို ငါအား ပေးသော ငါ့ခမည်းတော်ဟ ခပ်သိမ်းသောသူလို့ထက် ကြီးမြတ်တာဖြစ်ယွေ့၊[c] စသူမျှ သိုးလို့ဟို ငါ့ခမည်းတော်ရဲ့ လက်မှ မလုမယူနိန်။ 30 ခမည်းတော်နဲ့ ငါဟ တလုံးတဝတည်း ဖြစ်အယ်” ဟု မိန့်အယ်။
31 အေးနောက် ယုဒလူလို့ဟ ကိုယ်တော်ဟို ပစ်ရန် တခါ ကျောက်ခလုံးလို့ဟို ကောက်ယူကြအယ်။ 32 ယေရှုဟလည်း “ငါဟ ခမည်းတော်ဆေမှ ကောင်းသောအမှုလို့ဟို နင်လို့အား ပြသခဲ့အယ်။ အေးအမှုထဲမှ ပစာအမှုကျောန့် ငါ့ဟို ခဲနဲ့ ပစ်မလုန်း” ဟု ပြောအယ်။
33 သူလို့ဟ “ကောင်းသောအမှုလို့ကျောန့် ခဲနဲ့ ပစ်တာ မဟုတ်၊ နင်ဟ လူဖြစ်လျက် ဘုရားယောင်ဆောင်ယွေ့ ဘုရားသခင်ဟို ပစ်မားလဲ့ စကားဟို ပြောသောကျောန့် ခဲနဲ့ ပစ်မယ်” ဟု ဆိုကြအယ်။
34 ယေရှုဟလည်း “နင်လို့ရဲ့ ပညတ်ကျမ်းတွင် ဘုရားသခင်ဟ ‘နင်လို့ဟ ဘုရားများ ဖြစ်ကြအယ်’ ဟု ရေးထားအယ်။ 35 ကျမ်းစာပြောလဲ့အရာများဟ အမြဲမန်ကန်ကျောန်းဟို ငါလို့ သိကြအယ်၊ ဘုရားသခင်ဟ မိမိရဲ့ တရားစကားဟို ရဆိသောလူများဟို ဘုရားများ ဟု ခေါ်အယ်။ 36 ခမည်းတော်ဟ ငါ့ဟို ရွေးချယ်ယွေ့ ဟေလောကဟို စေလွှတ်အယ်။ အဲလိုမို့ ငါဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်အယ်ဟု ဆိုခြင်းဟ ငါဟ ဘုရားသခင်ဟို ပစ်မားလဲ့စကားဟို ပြောအယ်လို့ စလိုကျောန့် နင်လို့ ဆိုနိန်တုန်း။ 37 ငါဟ ခမည်းတော်ရဲ့ အမှုလို့ဟို ငါမဆောင်ရွက်ရင် ငါ့အား မယုံကြည်ကြနဲ့။ 38 အဲလိုလဲ ငါဟ သူ့ရဲ့ အမှုတော်ဟို ဆောင်ရွက်ရင် ငါ့ဟို မယုံသော်လည်း အေးအမှုများဟို ယုံကြလော့၊ အေးလို ယုံကြည်ရင် ခမည်းတော်ဟ ငါနှိုက်ဆိလျက် ငါဟ ခမည်းတော်နှိုက် ဆိကျောန်းဟို နင်လို့ သိယွေ့ နားလည်ကြလိမ့်မယ်” ဟု မိန့်လေအယ်။
39 အေးသူလို့ဟ ယေရှုဟို ဖမ်းဆီးရန် နောက်တခါ ကြိုးစားကြပြန်အယ်၊ အဲလိုလဲ ကိုယ်တော်ဟ သူလို့ရဲ့ လက်မှ ဆှောင်တိမ်းယွေ့ သွားလေအယ်။
40 [d]ယေရှုဟ ယော်ဒန်မြစ်တဖက်ဆိ မခင် ယောဟန် နှစ်ခြင်းပေးသောအရပ်ဟို ပြန်လည်သွားယွေ့ အေးအရပ်နှိုက် နေလေအယ်။ 41 လူများလို့ဟ ကိုယ်တော်ဆေဟို ရောက်လာကြအယ်။ သူလို့ဟလည်း “ယောဟန်ဟ ပစာနိမိတ်လက္ခဏာဟိုမျှ မပြ၊ အဲလိုလဲ ဟေလူအကျောန်းဟို ယောဟန် ပြောသမျှ မန်အယ်” ဟု ဆိုကြအယ်။ 42 အေးအရပ်နှိုက် လူများလို့ဟ ယေရှုဟို ယုံကြည်ကြအယ်။
<- ယောဟန် 9ယောဟန် 11 ->
Languages