9 ညီအကို မောင်နှမလို့၊ စစ်ကြောစီရင်ခြင်းနဲ့ ကင်းလွတ်မဲ့အကျောန်း အချင်းချင်း ငြင်းခုံပစ်တင်ခြင်းဟို မပြုကြနဲ့။ တရားစီရင်ပိုင်သောသူဟ ထင်ခါးနားမှာ ရပ်နေအယ်။ 10 ညီအကို မောင်နှမလို့၊ ထာဝရဘုရားရဲ့ နာမဟို အမှီပြုယွေ့ ဟောပြောသော ပရောဖက်လို့ဟ ဆင်းရဲဒုက္ခတွေ့ခြင်း၊ သည်းခံခြင်းရဲ့ ပုံသက်သေဟို ပြကြပီဟု မှတ်ကြလော့။ 11 သည်းခံနိန်သောသူလို့ဟ မင်္ဂလာဆိသူ ဟူယွေ့ ငါလို့ ခေါ်ကြအယ်။ ယောဘဟ သည်းခံကျောန်းဟို နင်လို့ ကြားရကြပီ။ ထာဝရဘုရားဟ မိမိအမှုဟို လက်စသတ်ရာမှာ ရမ်းဆာ့ ကရုဏာထားကျောန်းဟိုလည်း သိမျော်ရကြပီ။
12 [c]ညီအကို မောင်နှမလို့၊ အထူးသဖြင့် ကျိန်ဆိုမှုဟို မပြုကြနဲ့။ ခေါန်းခင်၊ မြေကြီးဟို တိုင်တည်ယွေ့ မကျိန်ဆိုနဲ့။ ပစာအရာဟိုမျှ တိုင်တည်ယွေ့ မကျိန်ဆိုနဲ့။ နင်လို့ဟ ဟုတ်တာဟို “ဟုတ်အယ်” မဟုတ်တာဟို “မဟုတ်ဝူး” ဟုသာ ပြောဆိုကြလော့။ အားမဟုတ်ရင် တရားစီရင်ခြင်းဟို ခံရလိမ့်မယ်။
13 နင်လို့တွင် ဆင်းရဲဒုက္ခခံရသူဆိရင် သူဟ ဆုတောင်းစေ။ ဝမ်းမြောက်ရွှင်လန်းသောသူဆိရင် ချီးမွန်းသီချင်းဟို သီဆိုစေ။ 14 [d]ဖျားနာသောသူဟ အသင်းတော်အကြီးအကဲများအား ဖိတ်ခေါ်စေ။ သူလို့ဟ သခင်ဘုရားရဲ့ နာမဟို အမှီပြုယွေ့ ဆုတောင်းကြစေ။ 15 ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းဟ လူနာအား ကျန်းမာစေလိမ့်မယ်။ သခင်ဘုရားဟ သူ့အား ကျန်းမာလာစေယွေ့ သူပြုမိသော အပစ်များဟိုလည်း ဖြေလွှတ်လိမ့်မယ်။ 16 အဲလိုမို့ နင်လို့ဟ ကျန်းမာစေခြင်းဟို ခံရမဲ့အကျောန်း တဦးနဲ့ တဦး မိမိရဲ့ အပစ်များဟို ဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူရဲ့ စိတ်အားထက်သန်လဲ့ ဆုတောင်းချက်ဟ ရမ်းဆာ့ တန်ခိုးပါယွေ့ ထိရောက်မှု ဆိအယ်။ 17 ဧလိယဟ ငါလို့လို သာမန် လူသားတဦး ဖြစ်အယ်။ သူဟ မိုးမရွာစေရန် စိတ်အားထက်သန်စွာ ဆုတောင်းသောအခါ သုံးနှစ်နဲ့ ခြောက်လတိုင်တိုင် မြေပေါ်နှိုက် မိုးမရွာဘဲ နေအယ်။ 18 အဲပင်းရင် သူဟ နောက်တဖန် ဆုတောင်းသောအခါ ခေါန်းခင်မှ မိုးရွာသွန်းယွေ့ မြေဟ အသီးအနှံများဟို ဖြစ်ထွန်းစေအယ်။
19 ညီအကို မောင်နှမလို့၊ နင်လို့တွင် တစုံတယောက်သောသူဟ သမ္မာတရားလမ်းမှ လွဲသွားယွေ့ တစုံတဦးဟ သူ့ဟို ပြန်လည်ခေါ်ဆောင်လာရင် 20 [e]အပစ်ဆိသောသူဟို မားယွင်းသောလမ်းမှ ပြန်စေသောသူဟ အပစ်ဆိသောသူရဲ့ စိတ်ဝိညာဉ်[f]ဟို သေခြင်းမှ ကယ်တင်ယွေ့ ရမ်းဆာ့သော အပစ်လို့ဟို ဖုံးအုပ်တတ်တာဟု အဲသူဟ သိမှတ်စေ။
<- ယာကုပ် 4
Languages