ယာကုပ် ယာကုပ်ဆေမှ ပေးစာ နိဒါန်း ယာကုပ်ဆေမှ ပေးစာ ဟို ယာကုပ် တတ်တိုင်း ရေးသားထားလဲ့ စာဖြစ်အယ်။ ဟေဟာဟ အစောပိုင်း အသင်းတော်တွင် ခေါင်းဆောင်တယောက် ဖြစ်ပင်း ယေရှရုလင်ကောင်စီရဲ့ အစိတ်အပိုင်း တခုဖြစ်သော ယေရှုရဲ့ ညီယာကုပ် (တ ၁၅.၁၃) ဖြစ်အယ်။ တမန်တော်ပေါလုဟ သူ့ဟို ဂလာတိ ၂.၉ တွင် အသင်းတော်ရဲ့ မှတ်တိုင်ဟုလည်း ခေါ်ဆိုခဲ့အယ်။ ယာကုပ်ပအုပ်ဟို ခရစ်တော် မွေးဖွားပင်းနောက် ၅၀ ခုနှစ်ခန့်တွင် ရေးသားခဲ့တာဟု ပညာဆှင်များဟ ယုံကြည်ကြအယ်။ ယာကုပ်ဟ ယေရှရုလင်မြို့ဆိ အသင်းတော် ခေါင်းဆောင်တယောက် ဖြစ်သောကျောန့် သူဟ အဲနေရာတွင် နေထိန်နေစဉ် ပအုပ်ဟို ရေးခဲ့အယ်။ ယာကုပ်ဟ သူရဲ့ ပအုပ်တွင် လူမျိုးလို့ရဲ့ “ပြန့်ကျဲနေသော ဆယ့်နေနွယ်” (၁.၁) ဟို လိပ်မူထားအယ်။ ယာကုပ်ဆိ သင်ခန်းစာများဟ ခရစ်ယာန်အားလုံးနဲ့ သက်ဆိုင်သော်လည်း၊ “ဆယ့်နေနွယ်လို့” ဟူသော စကားလုံးဟို အသုံးပြုခြင်းသည် ဟေပအုပ်ဟ ယုဒခရစ်ယာန်များဆေဟို တိုက်ရိုက်ရေးသားခြင်း ဖြစ်နိန်တာဟု ဖော်ပြအယ်။ အရပ်ရပ်နှိုက် ဆိသော စာဖတ်သူများဆေ ရောက်ဆိစေရန်၊ ၎င်းဟ ယာကုပ်သည် ယုံကြည်ခြင်းနဲ့ လုပ်ရပ်များကြား ဆက်ဆံရေးဟို အဓိကထား လုပ်ဆောင်လဲ့ အကျောန်းအရာများစွာဟို ကိုင်တွယ် ဖြေဆှင်းခဲ့အယ်။ စစ်မန်သော ယုံကြည်ခြင်းဆိသူဟ အကျင့်တရားအားဖြင့် (၂.၁၇) ပေါ်လွင်စေရမယ်။ ချမ်းသာလဲ့သူတွေဟို သဘောထားကြီးလဲ့ စိတ်မပြဖို့လည်း သတိပေးအယ် (၂.၁–၄) အဲပင်းနောက် ငါလို့ပြောတာတွေဟို သတိထားဖို့ ပြောအယ် (၃.၁–၁၂)။ အကျဉ်းချုပ် ၁။ ယာကုပ်ဟ သူ့စာဖတ်သူတွေဟို နှုတ်ဆက်အယ် (၁.၁) ၂။ အဲပင်းနောက်၊ ခရစ်ယာန်များအား ဆင်းရဲဒုက္ခ ခံရသော အဲချိန်တွင် ခံနိန်ရည်ဆိရန် သူတိုက်တွန်းထားအယ် (၁.၂–၂၇) ၃။ အဲပင်းရင်၊ သူဟ လုပ်ရပ်အားဖြင့် ယုံကြည်ခြင်းအား ပြသရန် လိုအပ်ကျောန်း ပြောအယ် (၂.၁–၂၆) ၄။ အဲဒီနောက်မှာ၊ သူဟ အစွမ်းထက်သော စကားများဟို စလိုဖြစ်နိန်ကျောန်း ပြောအယ် (၃.၁–၁၂) ၅။ အဲပင်းရင်၊ ယာကုပ်ဟ ဘုရားသခင်ရဲ့ ဉာဏ်ပညာဟ ဉာဏ်ပညာထက် စလို ကွာခြားတာဟို ဆှင်းပြအယ် (၃.၁၃—၄.၁၀) ၆။ အဲပင်းနောက်၊ သူဟ သူရဲ့ စာဖတ်သူများဟို ဝါကြွားခြင်း မပြုရန် သတိပေးအယ် (၄.၁၁—၅.၆) ၇။ ယာကုပ်ဟ ယေဘုယျ အကြံပြုချက် အချို့ဟို ပေးခြင်းဖြင့် အခန်း ၅ တွင် သူရဲ့ ပအုပ်ဟို အပီးသတ်အယ် (၅.၇–၂၀)
16 ငါ ချစ်သော ညီအကို မောင်နှမလို့၊ အလွဲမယူကြနဲ့။ 17 ကောင်းမြတ်စုံလင်သော ဆုကျေးဇူးမန်သမျှဟ ခေါန်းခင်မှ လည်းကောင်း၊ ခေါန်းခင် အလင်းတန်ဆာများဟို ဖန်ဆင်းသော ဘုရားသခင်ရဲ့ ဆေမှ လည်းကောင်း သက်ဆင်းယွေ့ လာအယ်။ ကိုယ်တော်ဟ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိ၊ ပြောင်းလဲခြင်း အရိပ်နဲ့ ကင်းလွတ်အယ်။ 18 ကိုယ်တော်ဟ မိမိဖန်ဆင်းသောအရာလို့တွင် ငါလို့ဟို အဦးသီးသဖွယ် ဖြစ်စေရန် အလိုတော်ဆိလဲ့အတိုင်း သမ္မာတရားနဲ့ဆိုင်သော နှုတ်ကပတ်တော်အားဖြင့် ငါလို့ဟို ဖြစ်ပွားစေအယ်။
22 နှုတ်ကပတ်တရားဟို လိုက်နာကျင့်သုံးသောသူများ ဖြစ်ကြလော့။ မိမိတတ်တိုင်း လှည့်စားယွေ့ ကြားနာသူသက်သက် မဖြစ်ကြနဲ့။ 23 စသူမဆို နှုတ်ကပတ်တော်ဟို ကြားနာသော်လည်း လိုက်နာကျင့်သုံးခြင်း မဆိရင် အဲသူဟ မိမိရဲ့ ပကတိမျက်နှာဟို မန်ထဲမှာ ကျေ့သောသူနဲ့ တူအယ်။ 24 အကျောန်းမှာ သူဟ မိမိတတ်တိုင်း ကျေ့ပင်း ထွက်ခွာသွားတာနဲ့ မိမိဟ စလို ပုံသဏ္ဌာန်ဆိတာဟို ခုတုံး မေ့လျော့သွားတတ်အယ်။ 25 အားပေမဲ့ လူလို့အား အပစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသော စုံလင်လဲ့တရားဟို သေချာစွာ လေ့လာကျေ့ရှုသောသူဟ တရားနာရုံသာ နာယွေ့ မေ့လျော့သောသူ မဟုတ်ဘဲ ဆက်လက် အာရုံပြုကာ လက်တွေ့ကျင့်သုံးသောသူဖြစ်သဖြင့် စလိုအမှုမျိုးဟို ပြုတာမဆို ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာဟို ခံစားရလိမ့်မယ်။
26 တစုံတယောက်ဟ မိမိကိုယ်ဟို ဘုရားတရား ကြည်ညိုသူဟု ယူဆသော်လည်း မိမိရဲ့ လျှာဟို မထိန်းနိန်ရင် မိမိတတ်တိုင်း လှည့်စားသူဖြစ်အယ်။ သူရဲ့ ဘုရားတရား ကြည်ညိုမှုဟလည်း အလကားကား ဖြစ်အယ်။ 27 ခမည်းတော် ဘုရားသခင်ဆေ့နှိုက် စင်ကြယ်ယွေ့ ညစ်ညူးခြင်း ကင်းသော ဘာသာတရား ကိုင်းရှိုင်းမှုဆိုတာဟ ဆင်းရဲဒုက္ခခံရသော မိဘမဆိလဲ့ လပဲ့သငယ်များနဲ့ မုဆိုးမလို့ဟို ကျေ့ရှုခြင်း၊ လောကီအညစ်ကြေးလို့နဲ့ ကင်းစင်စေရန် မိမိတတ်တိုင်း စောင့်ထိန်းခြင်း ဖြစ်အယ်။
ယာကုပ် 2 ->- a မ ၁၃.၅၅; မာ ၆.၃; တ ၁၅.၁၃; ဂလာ ၁.၁၉
Languages